>Kachin Fund Raising Pwe in LA

>

ကချင်ဒုက္ခသည်များအတွက်ရန်ပုံငွေပွဲ Los Angeles တွင် ကျင်းပမည်
မိုးမခအထောက်တော်အယ်လ်အေ၊ စက်တင်ဘာ ၅၊ ၂၀၁၁
ကချင်ပြည်နယ် ပြည်တွင်းစစ်ဘေးဒဏ်သင့်ပြည်သူများ အရေးတကြီးလိုအပ်နေသည့် ဆေးဝါးနှင့်အစားအစာများ ကူညီပေးပို့ နိုင်ရန်အတွက်ရန်ပုံငွေပွဲကို စက်တင်ဘာလ (၁၀) ရက်နေ့တွင်    First BaptistChurch မှာ ကျင်းပသွားမယ်လို့  သိရပါတယ်။ Los Angeles မြို့ ရှိ ကချင်၊ ရခိုင်၊ ရှမ်း၊ချင်း တိုင်းရင်းသားအဖွဲ့ အစည်းများ၊ မြန်မာ ခရစ်ယာန် အသင်းတော်များ နဲ့  ပြည်သူ့ဂုဏ်ရည်အသင်း(L.A)       တို့ ပူးပေါင်းပါဝင်ကြမှာဖြစ်ပြီး တတတ်တအားဝိုင်းဝန်းကူညီလက်တွဲကြဖို့ တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။  
ဒီ ရန်ပုံငွေပွဲမှာ တိုင်းရင်းသားပေါင်းစုံတို့ရဲ့စားသောက်ဖွယ်ရာများ၊ ရိုးရာဂီတဖျော်ဖြေမှုများနဲ့ဧည့်ခံသွားမယ်လို့လဲ သိရပါတယ်။ ရန်ပုံငွေများကိုKAA (Kachin Association of American) မှတဆင့် နယ်စပ်ဒုက္ခသည်စခန်းများသို့  တိုက်ရိုက်လှူဒါန်းသွားမယ်လို့သိရပါတယ်။ ကချင်ပြည်နယ်၊ လိုင်ဇာအခြေစိုက် RANIR (ကချင်ဒုက္ခသည်အကူအညီပေးကွန်ယက်) ရဲ့စက်တင်ဘာလ (၁) ရက်နေ့ စာရင်းအရ နေရပ်စွန့် ခွာ လာသူပေါင်း ၂၁၂၀၁ ဦး ရှိနေပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts