>MNLDF wants to be legally standing political party as of 1990 election

>

၁၉၉၀ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ တရားဝင်ပါတီအဖြစ် ရပ်တည်လို
ဟံသာ၊ သြဂုတ် ၂၆၊ ၂၀၁၁
အစိုးရဘက်မှ ခွင့်ပြုခဲ့မည်ဆိုပါက တရားဝင်ပါတီအနေဖြင့် ရပ်တည်လိုကြောင်း မွန်အမျိုးသား ကရေစီအဖွဲ့ (MNDF)က ပြောကြားလိုက်သည်။ မွန်အမျိုးသားဒီမိုကရေစီပါအဖွဲ့ အပါအ၀င် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီဟောင်း ၈ ပါတီမှ အစိုးရက ၎င်းတို့အား တရားဝင်ပါတီအဖြင့် အသိအမှတ် ပြုစေလိုကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဆီသို့  ဒေါ်အောင်ဆန်းစုကြည် မှတဆင့် ပေးပို့သည့် စာတွင် ထည့်သွင်းရေးသားထားခြင်း ဖြစ်သည်။
မွန်အမျိုးသား ကရေစီအဖွဲ့ (MNDF)၏ ဒုဥက္ကဌ နိုင်ငွေသိမ်းက “NLD က အခုတရားဝင် ရပ်တည်ဖို့ တောင်းဆိုနေတာဆိုတော့ ကျွှန်တော်တို့လည်း တပါတည်း ပူးတွဲတောင်းဆိုတဲ့ သဘောပေါ့ တကယ်လို့အစိုးရက တရားဝင်အသိအမှတ်ပြုပေးခဲ့ရင် NLD နဲ့ ညှိနှိုင်းပြီး ရှေ့ဆက်လုပ်ငန်းတွေလုပ် ဆောင်သွားမှာပါ” ဟုပြောသည်။
ယခုလက်ရှိ အနေအထားတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ အနေဖြင့် အဖွဲ့ဝင် အင်အား အများအပြားရှိသည့်ပြင် အစည်းအဝေးများ ပုံမှန် ခေါ်ယူလျက်ရှိကာ လှုပ်ရှားမှုများလည်း လုပ်ဆောင် နေကြောင်း ၎င်းကပြောသည်။
ထို့အပြင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ အနေဖြင့် ဒီမိုကရေစီဖော်ဆောင်ရေးနှင့် လူမျိုးစုအရေးအတွက်ဆိုပါက လက်ရှိ မွန်ပြည်နယ်တွင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ပါတီဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ပူးပေါင်းရန် ဆန္ဒရှိသည်ဟုလည်း ပြောသည်။
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သောပါတီ တစ်ခုဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို လက်မခံသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြန်လည် မှတ်ပုံမတင်ခဲ့ပေ။
၂၀၁၀ ခုနှစ်မတ်လ ၈ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်သည့်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ(၆) အပိုဒ် (က) တွင် မှတ်ပုံတင်မည့် နိုင်ငံရေးပါတီ အနေဖြင့် ၂၀၀၈ ခုနှစ်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်မည့် ၀န်ခံချက် ရေးထိုးရန် ပါရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်များကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ အနေဖြင့် တရားဝင်ပါတီ အနေဖြင့်မှတ်ပုံတင်ရန်ရှိမရှိ မေးမြန်းရာတွင် နိုင်ငွေသိမ်းဘက်မှ ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပေ။
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို (၁၉၈၈)ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး (၁၉၉၀)ရွေးကောက်ပွဲတွင် အမတ်(၁၉)နေရာဝင်ရောက်ယဉ်ပြှိုင်ခဲ့ရာ အမတ်(၅)နေရာရရှိခဲ့သည်။ ဥက္က္ထဋ္ဌမှာ နိုင်ထွန်းသိန်းဖြစ်သည်။
(Photo – File, Naing Ngwe Thein, 21st November 2010, Second Pin Lon Commitment Forum, Yangon, See this news


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts