>Family marked 7th Year Passing of U Kyi Maung

>

 
အင်န်အယ်ဒီ၏ လူထုခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် ကျင်းပ
တာရာဝေယံ၊ သြဂုတ် ၂၀၊ ၂၀၁၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သူ ဦးကြည်မောင် (၁၉၂၀ – ၂၀၀၄) ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အခမ်းအနားကို ၂၀၁၁ သြဂုတ်လ ၁၉  ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ သုမင်္ဂလလမ်းမှာ ရှိတဲ့ ရတနာပုံရိပ်ငြိမ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ဆွမ်းစားဆောင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို ဦးကြည်မောင်ရဲ့ မိသားစုဝင်များနဲ့ တပည့်သားသမီးက စီစဉ်ကျင်းပခဲ့တာပါ။
အခမ်းအနားကို ဦးကြည်မောင်ရဲ့ ဇနီး ဒေါ်ခင်ကြည်ကြည်၊ အင်န်အယ်ဒီအဖွဲ့ချူပ် ခေါင်းဆောင်များဖြစ်ကြတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုဝင်များ၊ မျိုးဆက်သစ်လူငယ်များ တက်ရောက်ကြပါတယ်။
အခမ်းအနားမှာ ရတနာပုံရိပ်ငြိမ်ကျောင်းထိုင်ဆရာတော်က ရေစက်ချတရားဟောကြားရာမှာ
            “ကျုပ်တို့ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦးနဲ့ အခုကြွရောက်လာတဲ့ ပုဂ္ဂိုလ်မျိုးတွေကြောင့် သာသနာပျောက်ကွယ်ြခင်းမရှိခဲ့တာပါ” ဟု မိန့်ကြားလိုက်ပါတယ်။ 
        ရတနာပုံရိပ်ငြိမ်ကျောင်းဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလမှာ အကြမ်းဖက် ဖျက်ဆီးခြင်းခံရတဲ့ မဂ္ဂင်ကျောင်း အနီးမှာ တည်ရှိပါတယ်။
            ရေစက်ချတရားနာအပြီးမှာ ဦးကြည်မောင်ရဲ့ ကျန်ရစ်သူဇနီးသည် ဒေါ်ခင်ကြည်ကြည်က သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားတက်ရောက်သူများကို နံနက်စာနဲ့ တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts