>Kyaw Thu – Maung Sein Win (Padeegoon)

>

မျိုးဆက်ဟောင်း သူရဲကောင်း မောင်စိန်ဝင်း (ပုတီးကုန်း)
ကျော်သူ
သြဂုတ် ၁၈၊ ၂၀၁၁

၇.၈.၂၀၁၁ တနင်္ဂနွေနေ့ နေ့လည် ၁၂း၀၀ နာရီအချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လစဉ် ကျင်းပလျှက်ရှိသော စာပေဟောပြောပွဲတွင် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) သည် “ယနေ့ ပောာပြောရသည့်ပွဲမျိုးသည် နာရေးကူညီမှုအသင်းရှိ လူငယ်များသည် ကျွန်တော်တို့ မလုပ်ကိုင်နိုင်သည့်ကိစ္စများ၊ ကျွန်တော်တို့ မဆောင်ရွက်နိုင်သည့်အရာတွေအား ဆောင်ရွက်လုပ်ကိုင်နေကြတယ်လို့ ခံယူမိပါကြောင်း၊ ယခုလို လူငယ်များနှင့်ပတ်သက်ပြီး စကား ပြောခွင့်ရသည့်အချိန်တွင် ကျွန်တော်တို့တွေ မလုပ်နိုင်ပေမယ့် သူတို့လုပ်ကိုင်နေကြတဲ့ လုပ်ငန်း အပေါ်မှာ တစိတ်တဒေသ ပါဝင်ခွင့်ရသည့်အတွက် စိတ်ထဲတွင် ကျေနပ်ကြည်နူးမှုဖြစ်မိပါကြောင်း၊ ပရဟိတကိစ္စ၊ သူများကိစ္စလုပ်ဖို့ အဓိကထား ရည်ရွယ်ချက်ဖြင့် ပြောကြားဖြစ်ကြောင်း၊ မိမိယခင်က လုံးချင်းဝတ္ထုများ ရေးသားသည့်ချိန်၌ မိမိလုံးချင်းဝတ္ထု အသစ်တအုပ် ရေးသားသည့်အချိန်တွင် စာပေစင်မြင့်ပေါ်မှ ၎င်းဝတ္ထုအကြောင်းအရာများ ယနေ့ချိန်ထိ ကြော်ငြာခြင်း မရှိခဲ့ချေ။ ၎င်းကိစ္စသည် မိမိ၏ အလုပ်မဟုတ်သည်ဟု မိမိယုံကြည်မိပါကြောင်း၊ လူငယ်အများစုသည် ကိုယ့်အတွက်မဟုတ်ဘဲ သူတပါးအတွက် ပေးချင်တဲ့စိတ် ဖြစ်ပေါ်မိခဲ့ရင် မနည်းဘူးဆိုတဲ့ စိတ်ဖြင့်သာ မိမိတို့အပြင်၌ ဟောပြောဖြစ်ခဲ့ပါကြောင်း နာရေးကူညီမှုအသင်းရှိ လူငယ်များသည် မိမိအတွက်ဆိုတာထက် အများအကျိုး လုပ်ကိုင်နေကြသော လူငယ်များဖြစ်သည့် အတွက် ‘ပန်းတိုင်ရှိရာ’ ခေါင်းစဉ်အား ဟောပြောခဲ့ပါသည်။”

 
သူရဲကောင်းတို့သည် ဘယ်သောအခါမှ ဘုန်းဘုန်းလဲကျသွားရိုး မရှိပါဘူး။ မသကာ ယိုင်ယုံပါပဲ။ ခေါင်းဆောင်များ၏ လုပ်ဆောင်မှုတို့သည် မိမိတို့၏ အတွေးအမြင်ကသာ ပျောက်ကွယ်သွားလိမ့်မည် ဒါပေမယ့် ကျွန်တော်တို့၏ ရင်ထဲကနေတော့ ဘယ်တော့မှပျောက်ကွယ်မှာ မဟုတ်ပါဘူး။ မည်သည့်သူရဲကောင်းမဆို မိမိတို့၏ မြင်ကွင်းက ပျောက်ကွယ်တိုင်း လူတွေရဲ့ နှလုံးသားမှာ မပျောက်ကွယ်နိုင်ပါဘူး။
 
အဆုံးသတ်၌ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)သည် ပန်းတိုင်ဆိုသည့် နေရာရောက်ဖို့အတွက် အခြေအနေ အချိန်အခါ သုံးသပ်ပြီး မျိုးဆက်ဟောင်းများက စတေးခံပြီး မျိုးဆက်သစ်များအတွက် ပေးဆပ်ရင်းနှင့် မျိုးဆက်ဟောင်းများသည် သူရဲကောင်းများဖြစ်သွားကြတော့သည် ဟူသော အသည်းကွဲတောင်ကြားတွင် နေထိုင်ကျက်စားကြသော တောင်ဆိတ်မျိုးနွယ်စုများ၏ ပုံပြင်တပုဒ်ကို မျက်ဝါးထင်ထင်မြင်တွေ့လာရအောင် ပြောဆိုဟောကြားသွားခဲ့သည်။ ထို့နောက် ပန်းတိုင်ရှိရာနေရာသို့ မရောက်ရောက်အောင် ဇောမာန်တင်း၍ ပျံသန်းရင်း ပျံရင်းနှင့် အသေခံသွားရှာကြသော ‘ငှက်တို့၏တေး’ ဟူသော စိတ်ဓာတ်မြှင့်တင်ရေး ကဗျာတပုဒ်ကို ရွတ်ဆိုရှင်းလင်းပြကာ ဟောပြောပွဲအား နိဂုံးချုပ်ခဲ့သည်။
 
ငှက်တို့၏တေး
– မလိုက်ရဲရင်တော့
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ . . . ။
– တနေ့နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်
ငှက်ဆိုတာက ပျံရင်းသေ . . . ။
– ခြင်္သေ့က မြက် မစား
ကျားက ကြွက် မချောင်း
ဖွတ်တွေက မိချောင်းလို့ မနေ
အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်း
ပျံရင်းသေ ခရီးဆက်မယ်တဲ့
အဲဒါ … ငှက်တို့ရဲ့သမိုင်း။
(မောင်စိန်ဝင်း – ပုတီးကုန်း)
ထိုထိုသော ‘ငှက်တို့၏တေး’ ဟူသောအမည်ရှိ နူးညံလှသော စကားလုံးများနှင့် ဖွဲ့စည်းထားသော ကဗျာသည် မျိုးဆက်သစ် လူငယ်များအတွက်တင်မက မျိုးဆက်ဟောင်းလူကြီးများ အတွက်ပါ စိတ်ဓာတ်ခွန်အား၊ မာန်အင်အားများစွာ ပေးစွမ်းမှုကို မွေးဖွားစေခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts