>Daphne Kwok to meet with Bay Area Burmese Community

>

အိမ်ဖြူတော်၏  အာရှနှင့် ပစိဖိတ်အမေရိကန်များ အခြေပြုကော်မရှင် ဦးဆောင်သူက ဘေးဧရိယာမြန်မာများကို တွေ့ဆုံမည်
မိုးမခ၊ သြဂုတ် ၁၇၊ ၂၀၁၁
နက်ဖြန် သြဂုတ် ၁၈၊ ၂၀၁၁၊ ဥက္ကလံမြို့၊ Oakland Digital Arts & Literacy Center (ODALC), 1224 Harrison Street, Oakland, CA  မှာ  အိမ်ဖြူတော်အကြံပေးကော်မရှင်တခုဖြစ်တဲ့ အာရှနဲ့ ပစိဖိတ်အမေရိကန်များအခြေပြုအဖွဲ့က ဦးဆောင်သူ Daphne Kwok က ဆန်ဖရန်ဘေးဧရိယာရောက် မြန်မာတိုင်းရင်းသားမိသားစုများရဲ့ လက်ရှိအရေးကိစ္စများ (အလုပ်အကိုင်၊ ကျန်းမာရေး၊ ပညာရေး၊ နေထိုင်ရေး) ကို သိရှိရင်းနှီးမှုရရန် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပမှာ ဖြစ်ပါတယ်။
မြန်မာတိုင်းရင်းသားများအရေး စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြတယ်လို့ ဖိတ်ခေါ်ချက်ထဲမှာ ရေးထားတာကို တွေ့ရပါတယ်။ အဆိုပါ တွေ့ဆုံပွဲကို ဘာကလီမြို့နေ မေရီနိုက်စလီက မြန်မာမိသားစုများကို ဆက်သွယ်ပြီး ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဖိတ်စာကို အောက်ပါအတိုင်းရေးထားပါတယ်။ အီးမေးကနေ ဖိတ်ခေါ်ထားပါတယ်။

Date: Thursday, August 18, 2011.  Time: 7:00pm-8:30pm
Location: Oakland Digital Arts & Literacy Center (ODALC), 1224,  Harrison Street, Oakland, CA.
Meeting topic:  To introduce Chairperson Kwok to our Community living in the Bay Area. We are hoping through this meeting she has a better understanding of the challenges facing those individuals coming from Burma to live in the United States. These should cover employment, health, education, housing, etc. Please bring questions on services that you see lacking that may be unique to our community and how the White House can address these issues. 
BART: From 12th Street , Oakland City Center BART Station,
Walk 3 blocks down on 12th St, towards Harrison Street to ODALC

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts