>Kachin Refugees accused of drug abuse and detained by Chinese Police

>

တရုတ်ပြည်ရောက် ကချင်ဒုက္ခသည်များကို မူးယစ်မှုဖြင့် တရုတ်ရဲက စစ်ဆေးဖမ်းဆီးနေ
ကချင်ကလေး၊ သြဂုတ် ၁၁၊ ၂၀၁၁
တရုတ်ပြည် နယ်စပ် လာယိန်းမြို့တွင် ခိုလှုံနေသည့် ကချင် စစ်ပြေးဒုက္ခသည်များအား တရုတ်ရဲများက မူယစ်ဆေးဝါး သုံးစွဲသူဟု စွပ်စွဲကာ ဖမ်းဆီးမှု များပြားနေကြောင်း သိရသည်။ ကချင်ဒုက္ခသည်များ ခိုလှုံရာ နေရာများ ဖြစ်သည့် လမ်းကြိုလမ်းကြားတွင် အရပ်ဝတ် တရုတ်ရဲများက ယခုတလော ပိုမိုဖမ်းဆီး စစ်ဆေးနေသည်ဟု ကချင်ဒုက္ခသည်များပြောသည်။
“ကချင်ဒုက္ခသည်တွေကိုပဲ ကြည့်ပြီး တောသားပုံပေါက်တဲ့ မွဲမွဲနဲ့လူတွေကို ဖမ်းစစ်ပြီးခေါ်သွားတယ်” ဟု ဒုက္ခသည် အမျိုးသမီးတစ်ဦးပြောသည်။
ယမန်နေ့ကလည်း  ကချင်ဒုက္ခသည် အမျိုးသားနှစ်ဦးအား မူယစ်ဆေးဝါး သုံးသူများဟုစွပ်စွဲချက်ဖြင့် တရုတ်ရဲများက ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒုက္ခသည်များကပြောသည်။ တရုတ်ရဲများက မူးယစ်ဆေးသုံးစွဲသူဟု မသင်္ကာလျင် ဖမ်းဆီးပြီး ဆီးစစ်ဆေးလေ့ရှိသည်။ သို့ရာတွင် ကချင်ဒုက္ခသည်များ အနေဖြင့် တရုတ်ဘာသာစကား မတတ်သည့်အတွက်ကြောင့်လည်း မူးယစ်ဆေး သုံးမသုံး ဆီးစစ်သည့် အဖြေများကိုနားမလည်ဟု ဒုက္ခသည်များက ပြောသည်။
“ဖမ်းပြီးဆီးစစ်တယ်။ ဒါပေမဲ့ ကျွန်မတို့က တရုတ်စာမတတ်လို့ သူတို့ပြောတဲ့အတိုင် ဖမ်းဆီးခံရတာဘဲ”ဟု ဒုက္ခသည်တစ်ဦးကပြောသည်။
တရုတ်ရဲများသည် ကချင်ဒုက္ခသည်များအား မူယစ်ဆေးဝါသောက်သုံးသူများဟု ဆိုပြီးဖမ်းဆီးကာ ငွေကြေးဖြင့် လာရောက် ရွေးခိုင်းသည်ဟုလည်း ဒုက္ခသည်တစ်ဦးက ပြောသည်။
“သူတို့က ဆီးစစ်တယ်။ မူယစ်ဆေးဝါးသောက်သုံးတယ်လိုပြောပြီး ဖမ်းလိုက်တယ။ ဒုက္ခသည်တွေက တစ်ယောက်နဲနဲစီ ပိုက်ဆံကောက်ပြီး တရုတ်ပိုက်ဆံ ၂ထောင်နဲ့ သွားရွေးလိုက်တယ်”ဟု ဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောသည်။
တရုတ်ရဲများ အနေဖြင့် တရုတ်နိုင်ငံသားများကို စစ်ဆေးခြင်းမရှိပဲ ကချင်ဒုက္ခသည်များကိုသာ ယခုလို မူးယစ်ဆေးဝါး သုံးစွဲခြင်းရှိမရှိ စစ်ဆေးနေသည်ဟု ယင်းကဆက်ပြောသည်။
တရုတ်ရဲများဖမ်းဆီခေါ်ဆောင်သွားသည့် ကချင်အမျိုးသားတစ်ဦးကို တရုတ်ပြည်တွင် မူယစ်ဆေးဝါး သံုးစွဲသူဟု ဖမ်းဆီးထားသည် ဟုဖမ်းဆီးခေါ်ဆောင်ခံရသူ၏ မိခင်တစ်ဦးပြောသည်။
“ကျွန်မသားကို မူယစ်ဆေးဝါး သုံးစွဲတယ်လိုပြောပြီး ဖမ်းသွားတယ်။ ပိုက်ဆံ ၃ ထောင်နဲ့ လာရွေးခိုင်းတယ် ။ သွားရွေးတော့ ၃ထောင်က နည်းတယ် မရဘူးဆိုပြီး ၆ထောင်နဲ့ လာရွေးပါလို့ ပြောတယ်”ဟု ယင်းကဆက်ပြောသည်။
ကချင်ဒုက္ခသည်များသည် စားဝတ်နေရေးအတွက် တရုတ်လူမျိုးများထံ နေ့စား အလုပ်လုပ်နေရပြီး၊ ယခုကဲ့သို့ တရုတ်ရဲများ စစ်ဆေးနေခြင်းကြောင့် ဒုက္ခသည်များအနေဖြင့် အခက်အခဲ ကြုံတွေ့နေရသည်ဟု ဟု အဆိုပါ မိခင်ဖြစ်သူကပြောသည်။
“ကျွန်မက စက်ရုံမှာ ဆာလာအိပ်ချုပ်တယ်။ တစ်ရက်ကို  ၃၀ယွမ် ရတယ် အခုတော့ ရဲတွေ အရမ်းစစ်လို့ ရဲလက်ပါသွားရင် ၆ထောင် အထိတောင်းတယ်။ တစ်ရက်ရှာ တစ်ရက်တောင် အနိုင်နိုင်စားနေရတာ သူတို့ကိုပေးဖို့တော့မရှိဘူး။ ဒါကြောင့် ဘယ်မှ မထွက်ရဲတော့ဘူး” ဟုဒုက္ခသည် တစ်ဦးကပြောသည်။
ယင်းကဲ့သို့ဖမ်းဆီးမူများလာလျင် မိုင်ဂျာယန်အခြေစိုက် ကချင်ဒုက္ခသည်ကူညီမှုအသင်းမှ တရုတ်ပြည်နယ်စပ် KIO အခြေစိုက် မိုင်ဂျာယန်တွင် နေထိုင်ရန် စီစဉ်ပေးမည်ဖြစ်သည်ဟု မမိုင်ဂျာကပြောသည်။  သို့သော်လည်းကချင်ဒုက္ခသည်များအနေဖြင့် တရုတ်ပြည်ဘက်တွင် အလုပ်ရှာဖွေ လုပ်ကိုင်နိုင်သောကြောင့် မိုင်ဂျာယန် တွင် လာရောက် မနေထိုင်ကြပေ။
“တရုတ်ပြည်ရောက် ကချင်ဒုက္ခသည်တွေကို ဒီကိုလာနေဖို့လုပ်ထားတာပဲ။ သူတို့ကဟိုမှာ အလုပ်ရှိတယ်။ သူတို့နေတိုင်တဲ့ ရွာနဲ့လည်း နီးတယ်ဆိုတော့ ဒီဘက်ကို လာမနေချင်ကြဘူး”
ဟု ၎င်းကပြောသည်။ 
(Photo – Kachin Volunteers, Internet, at Kachin – China Border)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts