>8888- 23 years, News

>

နယူးယောက်ပြည်နယ် ယူတီကာမြို့က ၂၃ နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား

သြဂုတ် ၈၊ ၂၀၁၁



(၂၃) နှစ်မြောက်(၈၈၈၈) နှစ်ပတ်လည် အောက့်မေ့ဘွယ်အခမ်းအနားကို နယူးယောက်ပြည်နယ် ယူတီကာမြို့ (koter nicus Park ) ပန်းခြံတွင်ကျင်းပပြုလုပ်ရာ ရှစ်လေးလုံးမျိုးဆက်များနှင့် ABSDF ရဲဘော်ဟောင်း များ ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲတို့တက်ရောက်ပြီး ကမ္ဘာမကြေသီချင်းကို သံပြိုင်သီဆို၍ အခမ်း အနား ကိုဖွင့်လှစ်ခဲ့ပါသည်။

အခမ်းအနားတွင် ရှစ်လေးလုံးကိုယ်တွေ့ဖြစ်ရပ်များကို အသီးသီးပြောကြားပြီး ဥက္ကဌ ကိုသံခဲမှ ရှေ့ဆက်လုပ်ရ မည့်လုပ်ငန်းစဉ်များနှင့် ကျောင်းသားတပ်မတော်၏ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များကိုအခမ်းအနား တက် ရောက်လာသူများနှင့် ရင်နှီးပွင့်လင်းစွာဆွေးနွေးကြပြီး ဧည့်ပရိသတ်များအား မြန်မာအစားအစာများဖြင့် တည် ခင်း ဧည့်ခံကာအခမ်းအနားကို ညနေ (၃)နာရီတွင် ရုတ်သိမ်းကြောင်းသတင်းရရှိပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts