>Chapel Hill, NC Burmese Community successfully host 88 – 23 Event

>

မြောက်ကာရိုလိုင်းနားပြည်နယ်တွင် ရှစ်လေးလုံး (၂၃)နှစ်မြောက် အခမ်းအနား အောင်မြင်စွာကျင်းပ
မိုးမခ အထောက်တော်၊ မြောက်ကာရိုလိုင်းနား
သြဂုတ် ၇၊ ၂၀၁၁
အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်၊ Chapel Hill မြို့တွင် ရှစ်လေးလုံး အရေးတော်ပုံ (၂၃)နှစ်မြောက်နေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ထောက်ပံ့ရေးအဖွဲ့မှ ဦးဆောင်ပြီး ၈၊ ၆၊ ၂၀၁၁ ရက်နေ့ ညနေ ၅ နာရီတွင် စတင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 
 
အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ၊ ၁၉၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ကျောင်းသားတပ်မတော်မှ ရဲဘော်ဟောင်းများ၊ ကရင့်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ပါဝင်စားသူများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါသည်။
 
အခမ်းအနားတွင် အလေးပြုခြင်း ၃ ရပ်ဖြင့်စတင်ခဲ့ပြီး အဖွဲ့အစည်းအသီးသီးမှပေးပို့သည့် သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ တက်ရောက်လာသည့် လူကြီးမင်းများမှ အမှာစကားပြောကြားခြင်း၊ ရှစ်လေးလုံးတိုက်ပွဲတွင် ပါဝင်ခဲ့သူများမှ မိမိတို့အတွေ့အကြုံများအား ပြန်လည်ပြောကြားခြင်းနှင့် ဖြစ်မြောက်ရေးကော်မီတီမှ ကျေးဇူးတင်စကားများပြောကြားပြီး ရှစ်လေးလုံး ကမ္ဘာမကြေ သီချင်းကို စုပေါင်းသီဆိုပြီး ညနေ ၈ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
 
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts