>2 Burmese and 3 Thai nabbed in Bangkok fake sex drugs swoop

>

ဗီတာမင် V ရောင်းသူ မြန်မာ ၂ ဦး ဘန်ကောက်မြို့တော်တွင် အဖမ်းခံရ
မိုးမခအထောက်တော် အမှတ် – ၃
သြဂုတ် ၃၊ ၂၀၁၁

ထိုင်းအရာရှိတဦးက အနီရောင်ရပ်ကွက် လမ်းဘေးဈေးသည်တို့ ထံမှ သိမ်းဆည်းထားသည့် ဗီတာမင် V ခေါ် Viagra ဆေးကို ပြသနေပုံ (ဓာတ်ပုံများ – အေပီသတင်းဌာန)


အင်္ဂါနေ့က ထိုင်းနိုင်ငံရဲတပ်ဖွဲ့၏ အဆိုအရ ဘန်ကောက်မြို့တော် အနီရောင်ရပ်ကွက်တွင် လိင်စိတ်နှိုးဆွသည့် ဆေးဝါးများ တရားမ၀င် ရောင်းချမှုကို နှိမ်နင်းအပြီး မြန်မာ ၂ ဦး နှင့် ထိုင်း ၃ ဦးကို ဖမ်းဆီးထားသည်ဟု ဆိုသည်။

ထို မြန်မာ ၂ ဦး ဆိုသူများနှင့် ပတ်သက်ပြီး သတင်းအသေးစိတ် မတွေ့ရသေးပေ။

ဇူလိုင် ၂၅ နှင့် ၂၈ ရက်နေ့တို့တွင် ယင်းသို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးဝါး အတုများ၊ လိုင်စင် မရှိသည့် ဆေးများကို သိမ်းဆည်းခဲ့ကြောင်း သတင်းများက ဆိုသည်။

“ညနေဘက်ဆို နိုင်ငံခြားခရီးသွားတွေကို ဒီဆိုင်တွေက ဆေးအတုတွေ ရောင်းတယ် ဆိုပြီး တိုင်ထားတာတွေ ရှိတယ်” ဟု စားသုံးသူများအား ကာကွယ်ပေးရေး တပ်ဖွဲ့ ဆိုင်ရာ ရဲအရာရှိ Paitoon Khumsraprom က ပြောဆိုကြောင်း AFP သတင်းဌာနက ရေးသားထားသည်။

ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်ခံရနိုင်သည့် အမှုများဖြင့် တရားစွဲမည်ဟု ဆိုသည်။
ဖမ်းဆီးရမိသည့် ဆေးဝါးများက ဒေါ်လာ ၂ သောင်းကျော် တန်ဖိုးရှိသည်ဟု ဘန်ကောက်မှ လာသော အင်တာနက် သတင်းများတွင် ရေးထားသည်။

ရဲတပ်ဖွဲ့က ခင်းကျင်း ပြသထားသည့် ဖမ်းဆီးရမိ ဆေးဝါးများကို သတင်းသမားတဦးက ကွန်ပျူတာပြားတွင် ပါဝင်သည့် ကင်မရာဖြင့် မှတ်တမ်းတင်နေပုံ

တရုတ်တန်း နှင့် Nana ဒေသတ၀ိုက် ညနေခင်း လမ်းဘေးဈေးသည်တို့မှ ဖမ်းဆီးရမိသည်ဟု ဆိုသော ဆေးဝါးမျိုးစုံ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts