>D let Myo – Poem

>

ကြယ်တွေမှာ မေမေရှိသလား
ဒီလက်မျိုး
သြဂုတ် ၃၊ ၂၀၁၁

ပုံ ဒီနေရာက ယူပါတယ်။

ကြယ်တွေမှာ မေမေရှိသလားမေမေ၊
တကယ်တမ်းတွေးကြည့်တော့
သားရဲ့ကြယ်ဟာ
မေမေပါ မေမေ။

ကြယ်တွေကိုကြည့်လိုက်တိုင်း
လင်းနေတဲ့ကြယ်တွေက
အဝေးရောက်သားကို တမ်းတရင်း
ငိုနေတဲ့ အမေ့မျက်လုံးတွေပေါ့။

ကြယ်တွေမှာ မေမေရှိသလား မေမေ။
ကျနော့်သားနဲ့ကျနော်
မြက်ခင်းတခုကို ထွက်ထိုင်ရင်း
ပက်လက်လှန်လှဲချ
မိုးကောင်းကင်ပေါ်ကကြယ်တွေကိုကြည့်ရင်း
သားကမေးတယ် မေမေ

ကြယ်တွေဟာ အဖေ့ရဲ့အမေတဲ့လား
အမေရယ်
ကျနော်ဖြေရခက်လိုက်တာ
ပြန်ဖြေလိုက်တယ်
ကြယ်တွေကြားမှာ
အမေရှိမှာပေါ့လို့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts