>Martyr’s Day in News York


>

အာဇာနည်စိတ်၊ မျိုးချစ်စိတ် ရှင်သန်စေခဲ့သော နယူးယောက်မြို့၏ (၆၄) နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနား
ဦးပညာဇောတ
ဇူလိုင် ၂၄၊ ၂၀၁၁

နယူးယောက်ရှိ မြန်မာအင်အားစုများ စုပေါင်းကာ ၆၄ နှစ်ပြည့် အာဇာနည်နေ့ အခမ်အနားကို ဂျုလိုင် ၁၆ ရက် ၂၀၁၁ နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ Brooklyn ရှိ မေတ္တာပါရမီကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

နံနက်ပိုင်းအစီအစဉ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့သောအာဇာနည်များအားရည်စူးကာ သံဃာ တော်များအား ဆွမ်းကပ်လှူဒါန်းခြင်း တရားနာရေစက်ချ အမျှအတမ်းပေးဝေခြင်းနှင့် လူပရိသတ်တို့အား ဧည့်ခံ ကျွေးမွေးခြင်းများ ပြုလုပ်ပါသည်။

အာဇာနည်နေ့အမှတ်တရ ပြောကြားသည့်အစီအစဉ်ကို နေ့လည် ၁ နာရီခွဲတွင် စတင်ကာ အခမ်းအနားမှူးအဖြစ် ဦးကျော်ဝင်းမှဆောင်ရွက်ပြီး တက်ရောက်လာတဲ့ ဧည့်ပရိသတ်များကို ဆရာတော်ဦးပညာဇောတက နတ် မောက်မြို့နဲ့ ဗိုလ်ချုပ်မိသားစုအကြောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ မြန်မာသမိုင်းပညာရှင် ဦးေ အာင်စောဦးက ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် လုပ်ကြံခံရသ ည့် ဖြစ်ရပ် မှန်များအကြောင်း၊ စာရေးဆရာ မောင်စွမ်းရည်က ဗိုလ်ချုပ်တို့လုပ်ကြံခံရစဉ်က ပြည်သူလူထု၏ ခံစားချက်နှင့် ကိုယ်တွေ့ ဖြစ်ရပ်များအကြောင်းကို ဟောပြောခဲ့ကြပါသည်။

စကားပြောပွဲအပြီးတွင် တက်ရောက်လာသောလူငယ်များ၊ ဧည့်ပရိတ်သတ်များ၏ စိတ်ဝင်တစားမေးလာ သည့် မေးခွန်းများကို ဆရာ မောင်စွမ်းရည်နဲ့ ဦအောင်စောဦးတို့ က ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

ထူခြားမှုများအနေဖြင့် အခမ်းအနားကို အင်တာနက်မှ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ခြင်း၊ နံရံကပ်စာစောင်၊ ပိုစတာ များပြုလုပ်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များရဲ့ ကိုယ်ရေးရာဇဝင်များ၊ လှုပ်ရှားခဲ့ပုံများဖြင့် အာဇာနည်နေ့အကြောင်း မသိနားမလည်သည့် လူငယ်များအတွက် စိတ်ဝင်တစားရှိအောင် ခင်းကျင်းပြသ ထား ပါသည်။

နယူးယောက်မြို့၏ အာဇာနည်နေ့အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

နယူးယောက်မြို့၏ အာဇာနည်နေ့အခမ်းအနား နာရံကပ်စာစောင်များ

ဓာတ်ပုံ (သိန်းမင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts