>Hmine

>

ငြိမ်းချမ်းရေးဗိသုကာဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၇) နှစ်ပြည့် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
ရန်ကုန်၊ ဇူလိုင် ၂၄၊၂ဝ၁၁
တာရာဝေယံ

မြန်မာ့ငြိမ်းချမ်းရေးဗိသုကာ၊ မျိုးချစ်စာဆို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၇)နှစ်ပြည့်အခမ်းအ နား ကို ဆရာကြီးရဲ့ မိသားစုဝင်တွေက ဒီနေ့နံနက် ၈း ဝဝ နာရီမှ ၁၂း ဝဝနာရီအထိ စမ်းချောင်းမြို့နယ်မှာရှိတဲ့ ကျွန်းတောကျောင်းတိုက်ဓမ္မာရုံမှာ ကျင်းပခဲ့ပါတယ်။


အခမ်းအနားသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်
မြန်မာ့သမိုင်းမှာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနဲလွတ်လပ်ရေးကြိုးပမ်းမှုတွေကို ဦးဆောင်ခဲ့တဲ့ ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ နှစ်ပတ်လည်အခမ်းအနားကို လက်ရှိတည်ဆဲ ကြံ့ဖွံ့အစိုးရက အသိအ မှတ်ပြု ကျင်းပဆောင်ရွက်ခြင်းမရှိပေမယ့် အခမ်းအနားကို နိုင်ငံရေးသမားဟောင်းကြီးများ၊ အမျိုးသား ဒီမိုကေ ရ စီ အဖွဲ့ချုပ် အလုပ်အမှုဆောင်များနဲ့ အဖွဲ့ဝင်များ၊ ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင် များ၊ စာပေဂီတ ကဗျာအနု ပညာရှင်များနဲ့ ဆရာကြီးကို လေးစားကြည်ညို သူဧည့်ပရိသတ် များ လေးရာခန့်တက်ရောက်ခဲ့ကြပါ တယ်။

အခမ်းအနားမှူးအဖြစ် ဆရာကြီးရဲ့မြေးသမက်ဖြစ်သူ ဦးသန်းစိုးနိုင်က ဆောင်ရွက်ခဲ့ပါတယ်။ အခမ်းအနား မှာ ပြည်သူ့ တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးလေးမြင့်က ဆရာကြီးရဲ့ ဂုဏ်ကျေး ဇူးတွေကို ထုတ်ဖော်ရင်း အဖွင့်စကားပြောကြားခဲ့ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဦးဆောင် ဖွဲ့စည်း ခဲ့တဲ့ ပြည် တွင်းငြိမ်းချမ်းရေးအဖွဲ့မှာ ပါဝင်ဆောင်ရွက်ခဲ့သူ ဆရာဦးအံ့မောင်က ဆရာဒဂုန်တာရာရဲ့ (၉၃) ကြိမ် မြောက်မွေး နေ့ ငြိမ်းချမ်းရေးပန်ကြားလွှာကို ဖတ်ကြားခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ ဦးတင် အောင်က ဆရာတော်သံဃာတော်ကြီးများနှင့် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးလိုလားသူ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထုများထံ ပန်ကြားချက်ကို ဖတ်ကြားခဲ့ပါ တယ်။

ဆရာဒဂုန်တာရာရဲ့ ပန်ကြားလွှာ

ဆက်လက်ပြီး ဆရာဦးအံ့မောင်က ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ရဲ့လုပ်ဆောင်ချက်များ၊ ဆရာကြီးကွယ်လွန်ချိန် က ဈာပနကော်မတီဖွဲ့စည်းခဲ့ပုံ၊ ကျွန်းတောကျောင်းတိုက်ဓမ္မာရုံမှာ အစည်းအဝေးများ ကျင်းပခဲ့ပုံတို့ကို အမှတ် တရပြန်လည်ပြောကြားပြီး ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှ အနုပညာရှင်များသို့ ပန်ကြားလွှာကို ဖတ်ကြားခဲ့ပါ တယ်။ အဲဒီနောက်မှာ ကဗျာဆရာ မောင်စိမ်းနီ၊ မောင်လင်းရိပ်၊ မိုးဦးဆွေညိန်းတို့က ဆရာကြီးရဲ့ကဗျာတွေကို ဖတ်ကြားခဲ့ကြပါတယ်။

ဆရာကြီးရဲ့နှစ်ပတ်လည်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင် ဆန်းစုကြည်တက်ရောက်ပြီး ဧည့်ပရိသတ်တွေကို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေး လမ်းပြ သူနဲ့ သခင်ကိုယ်တော်မှိုင်း သီချင်းနှစ်ပုဒ်ကို မိသားစုဝင် လူငယ်များက တီးခတ်သီဆိုရင်း အခမ်းအနား အစီအစဉ်များကို နေ့လည် ၁၂းဝဝ နာရီမှာ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

ငြိမ်းချမ်းရေးဗိသုကာဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၇) နှစ်ပြည့် အခမ်းအနား မှတ်တမ်းဓာတ်ပုံများ









သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts