>two helicopters crashe in Thai-Burma border

>

ထိုင်း မြန်မာ နယ်စပ်တွင် ရဟတ်ယာဉ် ၂ စီး ပျက်ကျ
မိုးမခအထောက်တော် အမှတ် ၀၀၅
ဇူလိုင် ၂၀၊ ၂၀၁၁

ယမန်နေ့က ပက်ချဘူရီခရိုင် နှင့် တနင်္သာရီတိုင်း နယ်စပ်တွင် ပျက်ကျသွားသည့် Black Hawk ရဟတ်ယာဉ်တွင် Surasi Task လေတပ်စခန်း တပ်ရင်းမှူး ဗိုလ်ချုပ် Tawan Ruangsri လည်း လိုက်ပါသွားသည် (ဓာတ်ပုံ-ဘန်ကောက်ပို့စ်)


စနေနေ့က
ထိုင်း – မြန်မာနယ်စပ်တွင် ပျက်ကျခဲ့သော ရဟတ်ယာဉ်တွင် လိုက်ပါသွားသူ ၅ ဦးနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ယမန်နေ့ နံနက်က သွားရောက်ခဲ့သည့် ထိုင်းစစ်တပ်၏ Black Hawk အမျိုးအစား ရဟတ်ယာဉ်တစီးသည် ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျသွားသည်ဟု သိရသည်။

ထို ရဟတ်ယာဉ် ၂ စီးပေါ်တွင် လိုက်ပါသွားသူများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးကြောင်း ထိုင်းသတင်းဌာနများက ဆိုသည်။

ဒုတိယ ရဟတ်ယာဉ်တွင် Surasi Task လေတပ်စခန်း တပ်ရင်းမှူး ဗိုလ်ချုပ် Tawan Ruangsri လည်း လိုက်ပါသွားသည်။

ရဟတ်ယာဉ် ပျက်ကျမှုများမှာ မြန်မာစစ်တပ်၏ ပစ်ခတ်မှုများကြောင့် မဟုတ်ဘဲ တောင်ကြားဒေသတွင် လေပြင်းတိုက်သဖြင့် ဖြစ်ပွားခဲ့ရသည်ဟူသော
ထိုင်း အမှတ် ၁ စစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ် Udomdet Seetabut ၏ ပြောဆိုချက်ကို ဘန်ကောက်ပို့စ်သတင်းစာတွင် ယနေ့ ဖော်ပြထားသည်။

ဒုတိယ ရဟတ်ယာဉ် ပျက်ကျမှုမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည်ဟု ထိုဗိုလ်ချုပ်က ပြောကြားသည့်အကြောင်းကို ထိုင်းသတင်းများတွင် တွေ့ရသည်။

ပက်ချဘူရီခရိုင် နှင့် တနင်္သာရီတိုင်း နယ်စပ်၊ ထိုင်းနှင့် ၂ ကီလိုမီတာ အကွာတွင် ပျက်ကျခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုင်းအမှတ် ၁ စစ်တပ်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် မြန်မာစစ်တပ်ကို အကူအညီ တောင်းထားသည်ဟု သတင်းများက ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts