>Interview

>

အာဇာနည်ဆိုတာ ပေါ်လာစမြဲဖြစ်တယ်
ဒေါ်အောင်ဆန်းစုကြည်နှင့် အာရ်အက်ဖ်အေ အင်တာဗျူးမှ ကောက်နုတ်ဖော်ပြချက်
ဇူလိုင် ၁၉၊ ၂၀၁၁



မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား အခုလို တတိုင်းပြည်လုံး သူ့ကျွန်ဘ၀ကနေ လွတ်လပ်ေ၇းကို အရယူပေးခဲ့တဲ့ အာဇာနည် ပုဂ္ဂိုလ်တွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုမှုတွေ မရှိတော့တာကို ဘယ်လိုမြင်ပါလဲ ခင်ဗျား။

ဖြေ ။ ။ အာဇာနည်နေ့ကို အလေးအနက်မထားဘူးဆိုတာဟာ အာဇာနည်စိတ်ဓာတ်ကို တန်ဖိုးမထားရာရောက်သလို ကျမတို့နိုင်ငံမှာ အာဇာနည် သူရဲကောင်းတွေ မထွန်းကားနိုင်အောင် လုပ်နေသလိုပဲဖြစ်တယ်လို့ မြင်မိပါတယ်။ ဒါပေမဲ့လည်း အာဇာနည်ဆိုတာက သူ့စိတ် ဓာတ်ကိုက ထူးကဲတာမို့လို့ ဘယ်လိုအခြေအနေမျိုးမှာမဆို အချိန်တန်ရင်တော့ ပေါ်ပေါက်လာကြမှာဘဲ။

မေး။ ။နိုင်ငံတကာမှာတော့ ပြတိုက်တွေကို နေ့စဉ်ဆိုသလို တနှစ်ပတ်လုံးဖွင့်လျှက်ရှိပါတယ်ခင်ဗျား။ တစ်နှစ်တခါ ရက်ပိုင်းလောက် ဖွင့်ထားတဲ့ တာဝါလိန်းက ဗိုလ်ချုပ်အောင်ဆန်ုးပြတိုက်ကို နေ့စဉ်ဖွင့်ဖို့ မသင့်ဘူးလားခင်ဗျား။

ဖြေ။ ။ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို နေ့တိုင်းမဟုတ်ရင်တောင် အများသွားရောက်ကြည့်ရှုနိုင်ဖို့အတွက် စနေ၊ တနင်္ဂနွေလောက် တော့ ဖွင့်ပေးသင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံတကာ စံနှုန်းမှီချင်တယ်ဆို၇င်တော့ နေ့တိုင်းဖွင့်ဖို့ ဦးတည်ရမှာပါ။

မေး ။ ။ ဗိုလ်ချုပ်အောင်ဆန်ုးအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရော စာအုပ်စာတမ်းပြုစုနေတာရှိပါသလား။ ထုတ်ဝေဖို့ အစီအစဉ်ရောရှိပါသလား။

ဖြေ။ ။ ဖေ့ဖေ့အကြောင်း အတ္ထုပ္ပတ္တိတိုလေးရေးပြီးဖြစ်တာကို သိပြီးပြီးဖြစ်မယ်လို့ ထင်ပါတယ် လုံးချင်းစာအုပ်အနေနဲ့ရေးဖို့တော့ အခုအစီ အစဉ်မရှိသေးပါဘူး။

မေး ။ ။ ကျနော်တို့မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းကို စိတ်ဝင်စားတဲ့သူတွေ ပြည်သူပြည်သားတိုင်းလိုလို အမှတ်တရပြောလေ့ ကြည့်လေ့ရှိတဲ့စာလေးတစ်စောင်ရှိပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းက ဇနီး ဒေါ်ခင်ကြည်ထံရေးခဲ့တဲ့စာပါ ”ကြည် ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်” ဆိုတာပါပဲ။ အဲဒီစာကို ပြည်သူတွေကို သိပ်နှစ်သက်ကြတယ်ခင်ဗျား။ ဒေါ်အောင်ဆန်း စုကြည်ကော ဒီစာအပေါ်မှာ ဘယ်လိုခံစားရပါသလဲ ခင်ဗျား။ ပဲပြုတ်နဲ့နံပြား သို့မဟုတ် အဲဒီလို မြန်မာအစာတွေကိုေ၇ာနှစ်နှစ် ခြိုက်ခြိုက် ရှိပါသလားခင်ဗျား။

ဖြေ။ ။ ပဲပြုတ်နဲ့နံပြားစားချင်တဲ့ဖေ့ဖေ့ကို ပြည်သူတွေက မြတ်နိုးသလို ကျမလည်း မြတ်နိုးပါတယ်။ အဖေတယောက်အနေနဲ့ ချစ်တာ တင်မကပါဘူး။ ရိုးသားတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အင်မတန်မှလေးစားပါတယ်။ ကျမကတော့ နံပြားထက်ပိုပြီးတော့ ကောက် ညှင်းပေါင်း ကြိုက်ပါတယ်။ တခြားနိုင်ပေါင်းစုံက အစားအစာတွေကိုလည်းကြိုက်ပါတယ်။ ငယ်ငယ်တည်းက မေ့မေ့အလေ့အကျင့်တွေ ကြောင့် လားမသိဘူးလေ။ ကိုယ်ရဲ့ ကိုယ်နဲ့မတည့်တာကလွဲပြီး အစားမရွေးပါဘူး”

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံေ၇းလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ပါ နိုဝင်ဘာလ (၁၃) ရက် နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာပြီ ဒီကနေ့အထိ လုပ်ဆောင်နိုင်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုများသုံးသပ်ပါသလဲ ခင်ဗျား။

ဖြေ။ ။ ဒီရှစ်လအတွင်းမှာ လုပ်ခဲ့တာတွေနဲ့ပတ်သက်လို့ ကျေနပ်ပေမယ့် အားရတယ်လို့တော့မဟုတ်ပါဘူး။ ဆိုလိုတာက ကျမတို့ ဒီမိုကရေစီကွန်ယက်က လုပ်တဲ့ နိုင်ငံရေး၊ လူမှုရေးအလုပ်တွေ အောင်မြင်ပေမယ့် လုပ်စရာတွေက အများကြီးရှိ နေသေးတော့ အများကြီး ပိုပြီးတော့ လုပ်ချင်ပါသေးတယ်။ တနေ့နဲ့တနေ့လည်း လုပ်ရင်းလုပ်ရင်းနဲ့ ပိုပြီးတော့ လုပ်တတ်လာမယ်လို့ ယုံကြည်ပါတယ်။

အသံဖိုင်ဖြည်ပြီး ပေးပို့သူ မိုအား အထူးကျေးဇူးတင်ရှိပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts