>Burma calls off import ban on Thai goods

>

အချိုမှုန့် အပါအ၀င် ထိုင်းကုန်ပစ္စည်း အများအပြား မြန်မာပြည်ဘက် သွင်းခွင့်ရပြီ

http://www.mcot.net/
ဇူလိုင် ၁၈၊ ၂၀၁၁

မြန်မာပြည်ဘက်သို့ သွားမည့် ကုန်များ (ဓာတ်ပုံ – KIC)

အပါအ၀င် ၁၀ နှစ်ကျော် ပိတ်ပင်ထားသော ထိုင်းကုန်ပစ္စည်း ၁၅ မျိုးကို မြန်မာနိုင်ငံက တင်သွင်းခွင့်ပြုလိုက်သည်ဟု ထိုင်းကုန်သွယ်မှုညှိနှိုင်းရေးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောလိုက်သည်။
ပိတ်ပင်မှု ရုပ်သိမ်းခြင်းကို ပြီးခဲ့သည့်လက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပစ္စည်းများ ကုန်သွယ်မှုအတွက် မြန်မာနိုင်ငံတွင် လိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ရုပ်သိမ်းလိုက်သော ထိုကုန်ပစ္စည်းများထဲတွင် အချိုမှုန့်၊ ပီကေ၊ အချိုရည်မျိုးစုံ၊ မုန့်မျိုးစုံ၊ စည်သွပ်ဗူးမျိုးစုံ၊ ခေါက်ဆွဲခြောက်၊ ယမကာမျိုးစုံ၊ စီးကရက်၊ ပလပ်စတစ်ပစ္စည်း စသည်တို့လည်း ပါဝင်သည်။

ထိုင်းကုန်သွယ်မှုညှိနှိုင်းရေးဌာန ကိုယ်စားလှယ်များက အောက်တိုဘာ၊ ဒီဇင်ဘာလတို့တွင် မြန်မာပြည်သို့ သွားရောက်ပြီး ထိုကုန်ပစ္စည်းများ ပြန်လည်ရောင်းဝယ်ခွင့်အတွက် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ထို ၁၅ မျိုးမှာ မြန်မာစားသုံးသူဈေးကွက်တွင် အထူး ထင်ရှားသည်ဟု ထိုင်းတို့က ယူဆထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts