>64th Anniversary of Burma’s Martyrs’ Day – Special Book comes out

>

သန်းဝင်းလှိုင်ရဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့ အထူးစာအုပ် ထွက်ရှိ
မိုးမခစာအုပ်စင်
ဇူလိုင် ၁၈၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် စစ်အစိုးရထိန်းချူပ်ထားတဲ့ အာဇာနည်ဗိမာန်ကို ကိုယ်တိုင်သွားရောက် အလေးပြုမယ်လို့ သတင်းထွက်နေချိန်၊ ပြည်တွင်းပြည်ပကလည်း အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနေချိန်၊ စီစဉ်နေချိန်မှာ ထိုင်းနိုင်ငံ၊ နယ်စပ်ဒေသရောက် မြန်မာမိသားစုများရဲ့ အာဇာနည်နေ့အခမ်းအနားနဲ့ နယ်စပ်က စာသင်ကျောင်းများမှာ ဖြန့်ဝေမယ့် အထူးစာစောင်တအုပ် ထွက်ရှိလာပြီ ဖြစ်ပါတယ်။
စာရေးဆရာ သန်းဝင်းလှိုင်ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများဆိုင်ရာ ဆောင်းပါးတွေ စုစည်းထားတာဖြစ်ပြီး သမိုင်းမှတ်တမ်းများ၊ ဓာတ်ပုံများနဲ့ ဝေေ၀ဆာဆာ စီစဉ်ထားတာကို တွေ့ရပါတယ်။ ၆၄ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာစောင်ဖြစ်မြောက်ရေးကော်မီတီက ဦးဘိုသောင်း၊ ဒေါက်တာအေးကျော်၊ စာရေးဆရာ သန်းဝင်းလှိုင်နဲ့ မြန်မာနိုင်ငံသတင်းသမဂ္ဂကို ကျေးဇူးတင်ထားပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts