ဓာတ်ပုံသတင်း

Ba Ka Tha 77 Years

 ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (၇၇) နှစ်ပြည့် ဗကသများ ကျင်းပ

ကျော်ဟုန်း ။    ။ မေ ၊ ၁၂ ၊ ၂၀၁၃ 
မေ ၊ ၈ ၊ ၁၉၃၆ ခုနှစ်မှာ စတင်ဖွဲ့ စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဟာ ခုဆိုရင် (၇၇)နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ဗမာ့နိုင်ငံရေးလောကမှာ ထင်ရှားခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(၇၇)နှစ်ပြည့်တဲ့ အခမ်းအနားကို ယနေ့ ဗကသ လူငယ်များက မေ့ လျော့ဘဲ ရန်ကုန်မြို့ ၊ တောင်ဥက္ကလာပ၊ စိတ်တိုင်းကျ လ္ဘက်ရည်ဆိုင်ခန်းမမှာ မေ ၁၀၊ ၂၀၁၃ နေ့ က ပြုလုပ်ကျင်းပခဲ့ကြတာပါ။

 ဒီအခမ်းအနားကို ဆဲဗင်းဂျူလိုင်အရေးအခင်းမှ ဗကသများ၊ ဦးသန့် အရေးအခင်းမှ ဗကသများ၊ မှိုင်းရာပြည့်မှ ဗကသများ၊ ရှစ်လေးလုံးအရေးတော်ပုံမှ ဗကသများအပြင် ၁၉၉၆ အရေးအခင်းမှ ယနေ့  ဗကသလူငယ်များ အထိ ပါဝင်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

 အခမ်းအနားမှူးအဖြစ် ကိုနန္ဒာစစ်အောင်နဲ့ မသဉ္ဖာခိုင်တို့ မှ တာဝန်ယူခဲ့ကြပါတယ်။ 
ဒီပွဲမှာ မျိုးဆက်သစ် ဗကသလူငယ်များဖြစ်ကြတဲ့ ကိုကျော်ကိုကို ၊ ကိုဒီငြိမ်းလင်း၊ ကိုစန်းဇော်ထွေး၊ ကိုစည်သူ မောင်၊ ကိုအောင်ကျော်ကျော်၊ မဖြိုးဖြိုးအောင် အစရှိတဲ့ လူငယ်ဗကသများမှ မေးမြန်းဆွေးနွေးချက်မျာကို  ဗကသဟောင်းကြီးများဖြစ်ကြတဲ့ ဦးလှရွှေ၊ ဦကိုကိုလေး၊ဦးထွန်းအောင်ကျော်(ကျောင်းသားတပ်မတော်- ပထမ ဥက္ကဌဟောင်း)၊ ကိုညိုထွန်း၊ ကိုအောင်ထွန်း(ကျောင်းသားသမိုင်းပြုစု၍ထောင်နှစ်ရှည်ကျခံရသူ)၊ (၈၈)မျိုးဆက်
အုပ်စုမှ ဦးကိုကိုကြီး၊ မနီလာသိန်း၊ မမီးမီး၊၊ ကိုအာကာဗိုလ် စသူတို့ က သူတို့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့ အကြုံများ ကို ရှင်းလင်းဖြေကြားသွားခဲ့ကြောင်း သိရပါတယ်။
ဒီပွဲမှာ နိုင်ငံရေးအနှစ်သာရအဖြစ် တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ခေတ်အဆက်ဆက်ဗကသများက အတူပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း မူဝါဒတရပ် ချမှတ်နိုင်ခဲ့ပါတယ်။ 
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (၇၇)နှစ်ပြည့် အခမ်းအနားကို နေ့ လည့်(၁)နာရီမှာ စတင် ပြီး ညနေ (၅)နာရီခန့် မှာ ပြီးဆုံးကာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။ တက်ရောက်လာသူပေါင်း (၂၀၀) ဝန်းကျင်ခန့်  ရှိပါတယ်။

လေးစားထိုက်သူများကို လေးစာခြင်း၊ အတုယူထိုက်သည်များကို အတုယူခြင်းနဲ့  မိမိခေတ်ရဲ့ သမိုင်းပေးတာဝန် များကို တာဝန်သိသိထမ်းရွက်လိုကြတဲ့ ယနေ့  ဗကသလူငယ်များရဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို လေးစားဂုဏ်ပြုမိ ပါတယ်။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts