>SF Bay Burmese Democraic Forces invite to host ceremony for 88 -23 Years Event

>

ဆန်ဖရန်ဘေးဧရိယာဒီမိုကရေစီအင်အားစုများက ၈လေးလုံး ၂၃ နှစ် အခမ်းအနားသို့ ၀ိုင်းဝန်းပြင်ဆင်ကြရန် ဖိတ်ခေါ်
မိုးမခ၊ ဇူလိုင် ၁၅၊ ၂၀၁၁
လာမယ့် သြဂုတ်လ ၆ ရက်နဲ့ ၈ ရက်မှာ ဘေးဧရိယာရောက် မြန်မာဒီမိုကရေစီအင်အားစုများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားမိသားစုများ လက်တွဲပြီးတော့ ၈.၈.၈၈ လူထုအရေးတော်ပုံ ၂၃ နှစ်မြောက်အခမ်းအနားကို ကျင်းပကြမှာ ဖြစ်ပါတယ်။ အဲသည်အတွက် မြန်မာတိုင်းရင်းသားများနဲ့ အဖွဲ့အစည်းများကို ကြိုဆိုဖိတ်ခေါ်လျက်ရှိရာမှာ ဘေးဧရိယာက အဖွဲ့ ၁၀ ဖွဲ့က ပူးပေါင်းမယ်လို့ အကြောင်း ပြန် ထားပါတယ်။

 
ABSSF အဖွဲ့၊ BADA, BAWA & BAYDA အဖွဲ့များ၊ သုံးရောင်ခြယ် (ဆန်ဖရန်)၊ NLD-LA (USA), လူ့ဘောင်သစ်ပါတီ၊ KYO တိုင်းရင်းသားအဖွဲ့၊ ရခိုင်အမျိုးသမီးများသမဂ္ဂ နဲ့ မိုးမခမီဒီယာတို့က ၀ိုင်းဝန်းပြီး ကမကထပြု ရန်ပုံငွေများ စတင်ထည့်ဝင်ကြမှာဖြစ်ပြီး၊ အခြား နိုင်ငံရေးနဲ့ မြန်မာ့အရေးလှုပ်ရှားသူ အဖွဲ့အစည်းများ၊ မိတ်ဆွေများ၊ အခြား တိုင်းရင်းသားအဖွဲ့များဖြစ်တဲ့ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စတဲ့ မိသားစုများ အစုအဖွဲ့များကိုလည်း ပူးပေါင်းဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါကြောင်း တင်ပြထားပါတယ်။ အစုအဖွဲ့အလိုက် စင်မြင့်တင်ဆက်မှုများအပြင် ခမ်းမတွင်း ပြပွဲ ပြခန်းများပါ တင်ဆက်ဖို့ တိုက်တွန်း နှိုးဆော်လျက်ရှိတယ်လို့ ဆိုပါတယ်။
ရပ်နီး ရပ်ဝေးက စိတ်ဝင်စားသူများအားလုံးက အကြံဥာဏ်များ ပေးကြရန်၊ ဆွေးနွေးကြရန်၊ အခမ်းအနားနဲ့ ပြပွဲ ပြခန်းများအတွက်လည်း ၀ိုင်းဝန်းကူညီကြရန် ပန်ကြားလိုက်တယ်လို့ ဆိုပါတယ်။ အီးမေးနဲ့ မိုးမခကတဆင့် ဆက်သွယ်စုံစမ်းလို့ ရပါတယ်။
လက်ရှိဆက်သွယ်ရန် ၈လေးလုံး ၂၃ နှစ် အခမ်းအနားဖြစ်မြောက်ရေး ကော်မီတီတရပ်ကို ဖွဲ့စည်းထားပြီဖြစ်၍ လုပ်ငန်းတာဝန်ခံများအဖြစ် ပဏာမဆက်သွယ်ရန် ကိုကျော်ခိုင် (925-207-5696)က အခမ်းအနားရေးရာ၊ ကိုအောင်ဇာနည် (661-345-7935) က စည်းရုံးရေးရာ၊ ကိုမောင်ရစ် (510-851-6501) က ပြန်ကြားရေးရာ၊ မအေးရည်ဋ္ဌေး (510-712-4946) က ဘဏ္ဍာရေးရာ တို့ကို သတ်မှတ်ထားတဲ့အပြင် အဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းလျက်ရှိတယ်လို့ သိရပါတယ်။ အဖွဲ့အစည်းအသီးသီးက တာဝန်ခံတွေကိုလည်း ဆက်သွယ်လို့ရပါတယ်။
(ဓာတ်ပုံ – ဒီဇိုင်း အောင်ထက်ထုတ်ပေးထားတဲ့ ၈လေးလုံး ၂၃ နှစ် နှိုးဆော်တဲ့ ပို့စ်ကဒ် ဖြစ်ပါတယ်။ ထပ်မံဖြည့်စွက်ပါဦးမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts