>Tu Maung Nyo – There’s no Confrontation – There’s no compromise

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

“ကျနော်တို့ ထိပ်တိုက် ရင်ဆိုင်မှုမျိုး ဘယ်တော့မှ မလုပ်ဘူး”
တူမောင်ညို
ဇူလိုင် ၁၄၊ ၂၀၁၁
NLD ပြဿနာ
ဒီပြဿနာကို နှစ်ပေါင်း ၂၀ ကျော် အုပ်စိုးခဲ့တဲ့ (နဝတ-နအဖ) စစ်အစိုးရလည်း ပြီးပြတ်အောင်၊ ပြေလည်အောင် ဖြေရှင်း နိုင်စွမ်းမရှိခဲ့ဘူး။  (နဝတ-နအဖ)စစ်အစိုးရ ရဲ့ အာဏာအမွေစားအမွေခံဖြစ်တဲ့ လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရလည်း ဒီပြဿနာကို ဆက် လက် ရင်ဆိုင်နေရတယ်။
NLD ကို နှစ်ပေါင်း ၂၀ လုံးလုံး ထန်းလျက်ခဲ ခွေးလျက်သလို လုံးပါး ပါးသွားအောင် (နဝတ-နအဖ) စစ်အစိုးရက ပုံစံ မျိုးစုံနဲ့ချေမှုန်းရေးလုပ်ခဲ့တယ်။ အင်အားတော့အတော်ကြီးနည်းသွားပါတယ်။ ဒါပေမယ့် NLD ပြုတ်မသွားဘူး။ မြုပ်မသွားဘူး။  လှိုင်းကြား၊ လေကြား၊ မုန်တိုင်းကြားမှာ “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဆိုသလို NLD ဟာ တည်ရှိမြဲ တည်ရှိနေတယ်။
NLD အခုလို တည်ရှိနေတာ၊ ရပ်တည်နေတာ၊  လှုပ်ရှားဆောင်ရွက်နေတာတွေ က သမ္မတ ဦးသိန်းစိန်အစိုးရအဖို့ မခံချိ မခံသာဖြစ်နေရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေတို့၊ တည်ဆဲဥပဒေတို့ ဆိုတာတွေကို ပျက်ရယ်ပြုနေသလို၊ စိန်ခေါ်နေသလို လည်း ဖြစ်နေပါတယ်။
(နဝတ-နအဖ) စစ်အစိုးရက့ NLD ကို ပုံစံမျိုးစုံနဲ့ ချေမှုန်းခဲ့ရာမှာ –
 အဓိကကျတဲ့ခေါင်းဆောင်တွေ (ဦးဝင်းတင်၊ ဒေါ်အောင် ဆန်းစုကြည်၊ ဦးတင်ဦး) ဖမ်းဆီး ထောင်ချတယ်၊ အိမ်ချုပ်ချတယ်။
ပါတီဆိုင်းဘုတ်တွေ အတင်းအဓမ္မဖြုတ်ချပြီး ပါတီရုံးတွေပိတ်တယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိအားပေး အကြပ်ကိုင် နှုတ်ထွက်စေတယ်။
 ဖဲ့ထုတ်ဖြိုခွဲ တစင်ထောင်စေတယ်။
 ပါတီဝင်တွေကို ဖမ်းဆီး ထောင်ချတယ်။
ပြည်ပမောင်းပို့တယ်။
ဒီပဲယင်းမှာ အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်။
“သွေးနုသားနု”သမ္မတဦးသိန်းစိန်အစိုးရအတွက်တော့(နဝတ-နအဖ) စစ်အစိုးရလုပ်ခဲ့သလို ကြမ်းလို့ ရမ်းလို့ မဖြစ်သေးဘူး။ တချိန်က ဝါးရင်းဒုတ်နဲ့ ချိန်းကြိုးကိုင်ပြီး မိုက်ခဲ့၊ ကြမ်းခဲ့၊ ရမ်းကားခဲ့တဲ့ လူမိုက်ဟာ အခုအခါမှာ “ခေါင်းပေါင်းနဲ့ချိတ်လုံချည်” ဝတ် ထားရတယ်။ “လွှတ်တော်” တက်နေရတယ်။
ဒီတော့ သမ္မတဦးသိန်းစိန်အစိုးရရဲ့ ပွဲဦးထွက်ကိုင်တွယ်မှုအဖြစ် “ပြည်ထဲရေးဝန်ကြီး” ကနေ NLD ကိုစာပို့ပြီး “ခြောက်” ကြည့်တယ်။ NLD က မကြောက်ဘူး။ “ပြည်ထဲရေးဝန်ကြီး” ရေးလိုက်တဲ့ စာပါကိစ္စကို “ဆွေးနွေးကြရအောင်” လို့ တုန့်ပြန်လိုက်ပါ တယ်။
 “တွေ့ဆုံဆွေးနွေးရေး” လို့ ဆိုလိုက်ရင် (နဝတ-နအဖ)စစ်အစိုးရ ရင်မဆိုင်ဝံ့ခဲ့သလိုပဲ။ သမ္မတဦးသိန်းစိန်အစိုးရလည်း မျက်နှာချင်းဆိုင်ဝံ့ပုံမပေါ်ပါဘူး။ ဘာမှအကြောင်းပြန်မလာတော့ဘူး။
           ဒါပေမယ့်သတင်းစာဆောင်းပါးတစ်ခုမှာတော့ “ဗညားအောင်” ဆိုသူက
          “အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို ရှေ့ရှုသည့် အနေဖြင့် ဥပဒေအရ ရပ်တည်ခွင့်မရှိတော့သည့် နိုင်ငံရေးပါတီဟောင်းတစ်ခု၏ အရေးကိစ္စကိုပင် သိမ်မွေ့စွာကိုင်တွယ်ပြီး …”
           လို့ အရှက်ပြေရေးထားပြီး၊ အခြားတစ်ဖက်ကနေလည်း အခုလို ချွန်တွန်း ရေးသားထားတာကိုဖတ်ရပါတယ်။
           “မကြာမီရက်များအတွင်း အများပြည်သူများအသုံးပြုနေသည့် ကားလမ်း၊ ရထားလမ်းများတွင် မိုင်းခွဲတိုက်ခိုက်မှုများ၊ မြို့ရွာ များ အတွင်း ဗုံးဖောက် ခွဲမှုများပြုလုပ်ခဲ့သကဲ့သို့ မြေပေါ်နိုင်ငံရေးဆူပူမှုများ ဖြစ်ပေါ်စေရန်အတွက် ကွန်ယက်များကို အသုံးပြုပြီး လှုံ့ဆော်ရန်ကြိုးစားမှုများ ပေါ်ပေါက်နေသည်ကိုလည်း တွေ့ရမည်ဖြစ်ပါသည် …
         
ကြောက်ကြိုနဲ့ချစ်ကြို
           လူထုက သူတို့လေးစားချစ်ခင်တဲ့၊ သူတို့ရင်ထဲအသည်းထဲက သတ်မှတ်ရွေးချယ်ထားတဲ့ ခေါင်းဆောင်ဆိုတော့ ရောက် လေရာရာမှာ သည်းလှိုက်အူလှိုက် သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြတာပါ။ ကြိတ်မှိတ်ရင်စည်းခံစားနေရတာတွေကို  ရင်ဖွင့် ချင်ကြတာပါ။ ဒါကို သူတို့ မနာလိုမရှုဆိတ်ပါဘူး။
           သူတို့ကိုလူထုကကြိုဆိုရတယ်ဆိုတာ ရင်ထဲကမရှိပေမယ့် ဟန်လုပ်ပြုံးပြီး ကြောက်လို့ ကြိုဆိုရတာမျိုးပါ။  “ကြောက်ကြို”။
           ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတာက ချစ်ခင်လေးစားမှုအရင်းခံပေါ်ကနေ လှိုက်လှဲတဲ့ အပြုံးနဲ့ ကြိုဆိုကြတာဖြစ်ပါ တယ်။ “ချစ်ကြို”။
          ချစ်တာတစ်ခုထဲနဲ့လည်း မဖြစ်သေးပါဘူး။
          လူထုရဲ့လှိုက်လှဲတဲ့ ချစ်ခင်မှုကို လေးနက်တဲ့စွမ်းပကားဖြစ်လာအောင် ပြောင်းလဲပေးရမှာမဟုတ်ပါလား။
          “အညာပုဂံဘုရားဖူး” ခရီးစဉ်နဲ့ပတ်သက်ပြီး အနှောင့်အယှက်မရှိခဲ့တာကို ချီးကျူးသံ ကြားရပါတယ်။ ချီးကျူး မစောသင့် ပါဘူး။ ဘုရားဖူးခရီးစဉ်၊ မိသားစုခရီးစဉ်မို့ သူတို့ လက်ရှောင်လိုက်တာပါ။ အာဇာနည်နေ့နောက်ပိုင်း လူထုနဲ့တွေ့ဆုံမယ့် ခရီးစဉ်တွေ ဆိုရင် သူတို့ဘယ်လိုပြုမူမလဲ ဆိုတဲ့အချက်က ပိုအရေးကြီးပါတယ်။
          သူတို့ဘက်က ယန္တယားအပြည့်အစုံနဲ့ဆိုတော့ အဖက်ဖက်က လက်ဦးရှိနေတာပါ။ ကြိုတင်ပြင်ဆင်နိုင်တာ၊ အကွက်ချတာ၊ ခွင်သွင်းတာ၊ သတင်းမှောင်ချတာ စသဖြင့်မျိုးစုံလုပ်နိုင်ပါတယ်။ ဒီတော့ NLD ဘက် ဒီခရီးစဉ်တွေကို ကိုယ့်ဘက်က အတတ် နိုင်ဆုံး ပြင်ဆင်ထားဖို့၊ သတိရှိကြလိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သူတို့ဆင်ထားတဲ့ ထောင်ချောက်ထဲ ဝင်သွားပါလိမ့်မယ်။
         
ကျနော်တို့ ထိပ်တိုက် ရင်ဆိုင်မှုမျိုး ဘယ်တော့မှ မလုပ်ဘူး
          NLD က ဦးဉာဏ်ဝင်း ပြောတာပါ။
          NLD ဘက်က လူထုနဲ့ ထိတွေ့ဖို့ မကြိုးစားသေးဘူး၊  မလုပ်ဆောင်သေးဘူး ဆိုရင်တော့ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ထိပ်တိုက်တွေ့ရေးကို တစုံတရာ အချိန်ဆွဲထားနိုင်ဦးမှာပါ။
          ဒါပေမယ့် NLD ဘက်က လူထုနဲ့ထိတွေဖို့ကြိုးစားလာတာနဲ့အမျှ လူထုလိုအပ်ချက်တွေကို ထိထိရောက်ရောက် လုပ်ဆောင်လာတာနဲ့အမျှ သမ္မတဦးသိန်းစိန်အစိုးရနဲ့ NLD တို့ တကွေ့မဟုတ်တကွေ့မှာ အနှေးနဲ့အမြန်ဆိုသလို ထိပ်တိုက်ရင်ဆိုင်တိုး ကြရတော့မှာဖြစ်ပါတယ်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts