>Martyrs Day Songs

>

မော်ကွန်းဝင် အာဇာနည်သီချင်းများ
မိုးမခ
ဇူလိုင် ၁၃၊ ၂၀၁၁

မိုးမခပရိတ်သတ်ကြီးအတွက် ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသည့် အာဇာနည်သီချင်းများထဲမှ စန္ဒယားအောင်ခင် ရေးစပ်သီကုံးထားပြီး အဆိုတော် မာမာအေးသီဆိုထားတဲ့ ”မမေ့အပ်သော ၁၉ ဇူလိုင်” သီချင်းအား တင်ဆက် ဖော်ပြလိုက်ရပါသည်။
…………………………………………………………………………………………………

မမေ့အပ်သော ၁၉ ဇူလိုင်
ရေးစပ်သီကုံးသူ – စန္ဒယား အောင်ခင်
သီဆိုသူ – မာမာအေး


(၁၉၄၇ ခုကယ်တွင် ချိန်နရီ ဆယ်ရီညောင်းမှာ xxx ထပ်လောင်းအစွန်းထွက် ထက်ဝက်ကျိုးကာနေ xxxx
(တမျိုးသားလုံးညှိုးခြုံးနေ)၂ xxx (၁၉ ဇူလိုင် မမေ့နိုင်ပေ)၂ xxx ထိုနေ့ xx ထိုရက် xxx ထိုမနက်က ဖြစ်ရပ်ပေ)၂
တောင်မြောက်ဝဲယာ xxx ကိုးဌာနမှာ xxx အုံ့ပျမှိုင်းမှိုင်း လျှပ်ပန်းလျှပ်နွယ်ခွေ xxxx xxxx မျှော် xxx မျှော်ကာရှု xxx ၀ါဝါနုထွေးရယ်မှ ရေးရေးငယ်မမြင်ပေ xxx (တမိုးလုံးညှိုးခြုံးမှောင်ဝေေ၀)၂

(လွတ်လပ်ရေးအတွက် တကွက် ကြံမ္မာပေ xxx အထွဋ်အမြတ်ပေးခဲ့ အသက်ခန္ဓ္ဒာကြွေ လွတ်လပ်ရေးအတွက် တကွေ့ကြမ္မာဖန်လာပေ xxx

(သြော်.. ဆန်ကောလောက်မှ ဇောက် (စောက်) မနက်တဲ့ ပက်စက်အကြံတွေ xxx ပက်ပက်စက်စက်အကြံတွေ သွေးစိမ်းရှင်ရှင်ပွက်အောင် ဒင်းတို့ရက်စက်နိုင်အားပေ xxx မြေလည်းအပျံ့ မိုးအနှံ့သို့လေ xxx တို့တတွေ အပူလုံးကြွ xxx ယူကြုံးမရ ခြုံးချ စိုမျက်ရည်)၂

ခေါင်းဆောင်ကြီးတွေ xxx တို့ခေါင်းဆောင်ကြီးတွေ xxx သူတို့အသွေးအသား အရေးမထားနိုင်ပေ xxxx
အများအတွက်ရှေ့ဆောင် မမေ့နိုင်အောင် တာဝန်တွေလည်းကျေ xxx ခေါင်းဆောင်ကြီးတွေရဲ့ စုစည်းခန္ဒာကြွေရှာပေပြီလေxxxx
သည်အဖြစ်အရေး xx စေ့စေ့တွေးပြန်တော့ xx တနေ့မှ မေ့မရနိုင်သမို့ xx အလေးထားက လေးစားမှုပြနေ xxx (ပြည်ထွဋ်ဇာနည်တွေ)၂ xxx
တို့တတွေ ခုဘ၀ ပြုသမျှ ကုသလတွေအဖို့ပေ xxx အမျှပေးဝေ xxx အမျှ အမျှ ပေးဝေ xxxx ကောင်းရာသုဂတိ လားပါစေ xxxx ကောင်းရာသုဂတိလားပါစေ…။)၂

သီချင်းစာသားအား ဒီနေရာတွင် နားဆင်နိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts