>2nd in Command of Burmese Embassy in US defects from Burmese Regime

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

အမေရိကန်ဆိုင်ရာ မြန်မာဒုသံမှူး မြန်မာစစ်အစိုးရကို စွန့်ခွာပြီ
အာရ်အက်ဖ်အေ ရေဒီယို၊ ဇူလိုင် ၄၊ ၂၀၁၁
ဝါရှင်တန် ဒီစီ ရှိ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်တဲ့ သံမှူးကြီး ဦးကျော်ဝင်းဟာ သူ့ရဲ့တာဝန်တွေကို စွန့်လွှတ်လိုက်ပြီး အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံလိုက်ပါတယ်။
 နိုင်ငံခြားရေးဌာနမှာ ၁၉၈၀ ခုနှစ်ကစပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ သံမှူးကြီး ဦးကျော်ဝင်း ကသူဟာ မြန်မာအစိုးရအပေါ်မှာယုံကြည်မှုကင်းမဲ့သွားပြီဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပခဲ့တာမှန်ပေမယ့် အမှန်ပကတိမှာ ဒီမိုကရေစီအရိပ်အယောင် မြင်တွေ့ရခြင်းမရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းအပေါ် ကန့်သတ်ပိတ်ပင်မှုကို မိမိထောက်ခံကြောင်း၊ တပြိုင်နက်မှာပဲ အမေရိကန်ပြည်ထောင်စု အနေနဲ့ အနီးကပ်ဆက်ဆံမှုတွေကို တိုးချဲ့သင့်ကြောင်းစသဖြင့် အာအက်ဖ်အေ နဲ့သီးသန့်တွေ့ဆုံရာမှာ ပြောဆိုလိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts