>DLetMyo, Pome


>

တကယ်တမ်းကြတော့ လောကကြီးမှာ အချစ်ဆိုတာမရှိဘူးကြည်ဖြူ
ဒီလက်မျိုး
ဇူလိုင် ၃၊ ၂၀၁၁


လောကကြီ်းမှာ
မှားကြစတမ်းဆိုရင်
ချစ်တယ်ဆိုတဲ့စကားကိုပြောခဲ့တဲ့သူက
တကယ်ကိုစမှားခဲ့တာပဲကြည်ဖြူ။

ချစ်တယ်
လွမ်းတယ်
ခံစားတယ်
ဒါတွေက
မှားမှားယွင်းယွင်းနဲ့
နေ့တဒူဝကိစ္စတွေကို
ငါတို့က အချစ်လို့သတ်မှတ်ခဲ့ကြတာကိုး။

နိုးပါ။
တကယ်တမ်းကြတော့
အချစ်ဆိုတာ မရှိဘူးကြည်ဖြူ။

ပြန်လည်တမ်းတလို့မရသောဘ၀က
အာရုဏ်တက်မနက်တွေမှာ
မက်မောစွာနမ်းရှိုက်ခဲ့မိတဲ့အနမ်းတစုံက
တိုးတိတ်ကြိတ်မှိတ်စွာ
ရင်ခုန်သံကျန်ရစ်
ဒီအဖြစ်တွေက
အချစ်မဟုတ်ဘူးကြည်ဖြူ။

ဗိုလ်အောင်ဒင်က မမြ၀င်းကိုချစ်ခဲ့သတဲ့
ရိုမီယိုက ဂျူးလီယက်ကိုချစ်ခဲ့သတဲ့
ပေါလ်က အက်စ်သာကိုချစ်ခဲ့သတဲ့
ဟုတ်ရဲ့လားကြည်ဖြူရယ်
အချစ်ဆိုတာ။
အကိုမယုံကြည်တာက အချစ်ဆိုတာ
လောကကြီးမှာရှိရဲ့လားကွဲ့။

သွေးနဲ့သားခြင်း
ပြစ်ပြစ်နှစ်နှစ်ခင်းတဲ့ စစ်တလင်းကို
အချစ်လို့သတ်မှတ်ရင်တော့
အဲဒီကွင်းပြင်ဟာ
အပြစ်တလင်းပဲဖြစ်လိမ့်မပေါ့ကြည်ဖြူ။
မေ့လိုက်တော့ကြည်ဖြူ၊
ရိုးသားစွာမေ့လိုက်စမ်းပါ့။
မရှိတဲ့အရာကိုတမ်းတခြင်းက
ကိုယ်ယုံကြည်ရာကိုရိုက်ချိုးခြင်းပဲကွဲ့

တကယ်တမ်းကြတော့
လောကကြီးမှာ အချစ်ဆိုတာ မရှိဘူးကြည်ဖြူ။

သရုပ်ဖော်ပုံအား ဒီနေရာမှ ယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts