>Di Let Myo – Not Yet Home Poem – 3

>

ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည် – ၃
ဒီလက်မျိုး
ဇွန် ၂၉၊ ၂၀၁၁
လွမ်းမောတမ်းတ
ဆွေးညပင်လျင်
ဟိုဝင်ဒီထွက်
ပြိုးပြိုးပျက်ကို
မြင်ရကြားသော်
မျော်မျော်ငေးကြည့်
ရင်အသိဝယ်
ဒို့တိုင်းပြည်ကားမဟုတ်၏။
စိမ်းစိမ်းစိုစို
ထိုတောအုပ်ဝယ်
သံသာကြည်နူး
ပျော်မြူးခဲ့ရဲ့
ရင်ဝယ်ပျော်ပိုက်
တရှိုက်မက်မက်
လှပဆည်းဆာ
ထိုအခါကား
အမေ့အပြုံး
လုံးလုံးလှသည်
ကျန်ရစ်ခဲ့သောတို့တိုင်းပြည်။
ရင်ဝယ်တမ်းတ
ထိုတညကို
လွမ်းဆွတ်ခါသာ
နေနိုင်ပါလည်း
ထဲထဲဝင်ဝင်
စိတ်တိုင်းမကျ
ညကသာသာမှောင်ဆဲပင်။
လင်းလျော်လင်းလက်
မနက်ခင်းလဲ
စိတ်လက်ပျော့ခွေ
ကြည့်နေရင်းက
သားကွဲမယားကွဲ
ရှင်ကွဲပြေးနဲ့
မိဝေးဖဝေး
ဘ၀ဝေးကို
ပြေးပြေးမြင်ယောင်
လောင်လောင်မြိုက်မြိုက်
ဒီမီးတောက်မှာ
ငါတို့နေရဦးတော့အံ့။
(ဒီလက်မျိုး(ခေတ္တ)အမေရိက)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts