>Kyaw Thu – FFSS Yangon Activity (26th June 2011)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဇွန် ၂၇၊ ၂၀၁၁
အဘမင်းသိင်္ခ (၇၃) အမှတ်တရ
၂၅.၆.၂၀၁၁ စနေနေ့၊ နံနက် ၉း၀၀ နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာ အတွင်းရှိ သန္တိသုခသာသနာ့ဗိမာန်တော်ကြီး၌ ကွယ်လွန်သူ အဘဒေါက်တာ မင်းသိင်္ခ၏မွေးနေ့ ၇၃ နှစ်မြောက်အမှတ်တရပွဲနှင့် ပညာသင်ထောက်ပံ့ပွဲ အခမ်းအနား၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေပေးအပ်ခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။

 
ယင်းအခမ်းအနားတွင် နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၃ ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ရာ အဘ မင်းသိင်္ခ၏ တပည့်ရင်းမှ ဝိဇ္ဇာအပေါင်းတို့အား ပင့်ဖိတ်၍ အဘမင်းသိင်္ခအား သတိရအောက်မေ့ခြင်းအဖြစ် ၂ မိနစ်ခန့် ငြိမ်သက်ခဲ့ကြပြီးနောက် အဘ ဆရာကြီး မင်းသိင်္ခ၏ ကျေးဇူးတရားများအား ရည်စူးကန်တော့ခဲ့ကြသည်။ ထို့နောက် ရာမ ဦးအုန်းမောင် မှ ကန်တော့ရခြင်း၏ ရည်ရွယ်ချက်နှင့် ခင်ပွန်းကြီးဆယ်ပါး၏ ဂုဏ်ကျေးဇူးများကို မမေ့မလျော့ခြင်းသည် အကျိုးထူး အကျိုးမြတ်များ ရရှိခံစားရမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ အဘဆရာကြီး မင်းသိင်္ခနှင့်ပတ်သက်၍ အမှတ်တရ စကားပြောကြားခြင်း နှင့် အဘ ဆရာကြီးမင်းသိင်္ခသည် ရုပ်ခန္ဓာ ကွယ်လွန်အနိစ္စ ရောက်ရှိသွားခဲ့ပြီဖြစ်သော်လည်း ကျွန်တော်တို့၏ အနီးအနားတွင် အစဉ်ထာဝရ ရှိနေသကဲ့သို့ ခံစားမိကြောင်း ပြောကြားခဲ့သည်။ အဘ ဆရာကြီးမင်းသိင်္ခ၏ တပည့်ရင်း ဆရာ/မများမှ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ၁ သိန်းကျပ်၊ ဆရာမ ချစ်စုသွယ်မှ ၅ သောင်းကျပ် စုစုပေါင်း အလှူငွေကျပ် ၁၅၀၀၀၀/- (တစ်သိန်းငါးသောင်း) ကျပ်တိတိအား လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးကျော်သူမှ လက်ခံရယူ သာဓုခေါ်ဆိုခဲ့ပါသည်။

အမှန်တရားရဲ့ အခြားတဖက်ဟာ အမှားမဟုတ်ဘူးနော် … အခြားသော အမှန်တရားတခုသာ ဖြစ်တယ်။ (မင်းသိင်္ခ)
သံဝေဂ
သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/ခ ရပ်ကွက် ကျိုက္ကဆံဘုရားအရှေ့ဘက်မုဒ်၊ ငြိမ်းချမ်းရေး ကျောင်းတိုက်၏ တတိယ နာယကဆရာတော် ဘဒ္ဒန္တ ကောဝိဒမထေရ် သက်တော် (၈၃) နှစ်၊ ဝါတော် (၅၉) ဝါသည် ၂၁.၆.၂၀၁၁ အင်္ဂါနေ့ ည ၈း၀၅ နာရီအချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားပါ၍ ယနေ့ ၂၅.၆.၂၀၁၁ စနေနေ့ မွန်းလွဲ ၁း၀၀ နာရီအချိန်တွင် ငြိမ်းချမ်းရေးကျောင်းတိုက်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ပြေးယာဉ် (ဆရာတော်ကြီးပုံတော်တင်)၊ အထူးနိဗ္ဗာန်ယာဉ်ကြီးနှင့် အသင်းသားများက ပင့်ဆောင်၍ အန္တိမ အဂ္ဂိဈာပနအခမ်းအနား ကျင်းပပြုလုပ်ပေးခဲ့သည်။
 
တချိန်တည်း၌ တာမွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် မင်္ဂလာသုခပါဋ္ဌိတက္ကသိုလ် ဘဒ္ဒန္တ သုန္ဒရ သက်တော် (၇၅)၊ ဝါတော် (၅၅) ဝါ သည် ၂၁.၆.၂၀၁၁ အင်္ဂါနေ့ည ၂၃း၀၀ နာရီအချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားပါ၍ ယနေ့ ၂၅.၆.၂၀၁၁ စနေနေ့ မွန်းလွဲ ၁း၀၀ နာရီအချိန်တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဆရာတော်ကြီး၏ ပုံတော်တင် ရှေ့ပြေးမော်တော်ယာဉ်နှင့် အထူး နိဗ္ဗာန်ယာဉ်ကြီးတို့ဖြင့် အသင်းသားများ အုပ်စု ၂ စုခွဲကာ ဝိုင်းဝန်းကုသိုလ်ယူ ပင့်ဆောင်ကာ အန္တိမ ဈာပနအခမ်းအနားအား တပြိုင်နက်တည်း ရေဝေးသုဿန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခု ချမ်းသာ နောင်ချမ်းသာ ဘယ်ဟာရွေးကြမယ်
ခွင့်ကောင်းဆိုတာ များသူငါ နှစ်ခါရခဲ့တယ်
သာသနာထဲ ကြုံကြိုက်ဆဲ အားခဲချင့်သဖွယ်
သူများသေမှ သံဝေဂ ရကြများသူငါ
ကြားတုံးခဏ သံဝေဂ ပျောက်ကြသိပ်မကြာ
မြင်တုံးခဏ သံဝေဂ ပျောက်ကြသိပ်မကြာ
ကိုယ်တိုင်အနန္တ သေခဲ့လှ သေရအုံးမည်သာ။
(မဟာသိပံ္ပဆရာတော်ဘုရားကြီး)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts