>
ရွှေခြင်္သေအဖွဲ့၊ ရွှေဘိုမြို့ မှတ်စုများက ကောက်နုတ်ဖော်ပြပါသည်
မိုးမခ၊ ဇွန် ၂၅၊ ၂၀၁၁
ကို…….အိမ်သို့ ကိုသော်ဦးနှင့်အတူ FAသွားပေးခဲ့ပါသည်။ ကို……သည် မြေပေါ်တွင်လူးလှိမ့်၍ ကြာင်ကလေးများနှင့်အတူ ကစားနေပါသည်။ ကျွန်တော်တို့ ရောက်သွားသောအခါ ချိုင်းထောက်ကို ထောက်၍ ထလာပါသည်။ ကြောင်များကို ညွှန်ပြ၍ ကျွန်တော်အဖော်က ဒါတွေဘဲဗျာဟု ပြောပါသည်။ မိခင်ကသာ အရေးတယူပြုစုသည်။ ကျန်မိသားစုအားလုံးက သူ့ကို ခွဲခြားဆက်ဆံကြသည်။
သူ့အတွက် အိမ်သေးသေးလေးတစ်လုံး ဆောက်ပေးထားသည်ကို ကျွန်တော်တို့အား ပြသည်။ ညအခါတွင် မိသားစုနှင့် အတူ တီဗွီကြည့်ချင်သည်ကို အကြည့်မခံ ထိုင်ခုံကိုရိုက်ချိုးပစ်သည်ဟု ပြောသည်။ တူမလေးကို ချီသော အခါတွင်လည်း ရောဂါ ကူးမှာစိုးသဖြင့် အချီမခံဟုပြောသည်။ ပြောရင်းပြောရင်းဖြင့် ငိုပါတော့သည်။ ကျွန်တော်တို့သည် ကို……. အတွက်သီးသန့်ထားသောရေအိုးမှရေကို သောက်သောအခါ ကို…….မိခင်က ထိုအိုးမှ မသောက်ရန် ပြောသည်။
သောက်ရေအိုး၊ ခွက်၊ ပန်းကန် စသည်တို့ကို အတူတူသုံးခြင်းဖြင့် ရောဂါ မကူးနိုင်ကြောင်း ပြောပြီး ရေကို ခပ်သောက်ခဲ့သည်။ ကူးစက်နိုင်သည့်နည်းလမ်း မကူးစက်နိုင်သည့်နည်းလမ်း များကို ပြောပြခဲ့သည်။ မိမိကျန်မာရေးကိုသာ ဂရုစိုက်ရန် ပြောခဲ့သည်။ စကားပြောဖော်မရှိတော့ အရက်ဆိုင်ကို မကြာခဏသွားသည်ဟု ဆိုသဖြင့် ကျန်မာရေးကို ထိခိုက်မည်စိုးသဖြင့် အရက်မသောက်သင့်ကြောင်း ပြောခဲ့သည်။
အောင်ကျော်တင့်
၁၅.၇.၂၀၀၉
ကို……. အိမ်သို့ ဦးမောက်နှင့် ရောက်ခဲ့သည်။ F.A သွားပေးခြင်း ဖြစ်သည်။ ကို…….သည် သူ့အတွက် သီးသန့်ဆောက်ပေးထားသော အိမ်ကလေးရှေ့ ပက်လက်ကုလားထိုင်တွင် ထိုင်နေသည်။ ထုံးစံအတိုင်း အကျီင်္ဝတ်မထားပေ။ သူ့အမေက ဆီးကြိုသည်။ ကျန်းမာရေးကောင်းကြောင်း ပြောသည်။ ကျွန်တော်တို့နှင့် အတူ မိသားစုပါလာ၍ စကားပြောသည်။ ကို…….၏မိသားစုသည် ဈေးနားတွင် အကြော် ကြော်၍ ရောင်း သည်။
ယခင်တပတ်က Septrim မတည့်ဟုထင်သဖြင့် ဆရာဝန်ထံပြသရန် ပြောခဲ့သည်ကို ပြမပြ မေးသည်။ ဆရာဝန်က Septrim နှင့်မတည့်၍ မဟုတ်ကြောင်းပြောသည်။ ဆေးများ ဆက်လက်၍ ပေးနေသည်။ ကို……က ခရီးသွားချင်သည်ဟု ပြောသည်။ သွားခွင့်တောင်းသည်။ အကျိုးအကြောင်းကို မေးကြည့်သောအခါ ခြေထောက်အတုတစ်ခု သူငယ်ချင်းက ပေးမည်ဖြစ်သဖြင့် သွားရောက် ယူလိုသည်ဟု ပြောသည်။ ဦးမောက်က အခြားသူ၏ ခြေထောက်အတုကို တပ်မရဟု ပြောသည်။ ခြေထောက်အတုရှိလျှင် အလုပ် လုပ်နိုင်သည်ဟု ပြောသည်။ မိသားစု အကြော် လုပ်ငန်းကို ဝိုင်းကူလုပ်ရန် ပြောခဲ့သည်။
ခြေဖျား လက်ဖျားများသည် ထုံကျင်၍ ထိတွေ့မှုကို မသိဟု ပြောသည်။ အကိုအကြီးဆုံးက ကျွန်တော်တို့ကို လာရောက်စကား ပြောသည်။ ကို……သည် အိမ်အလုပ်ကို ဝိုင်းကူ၍ မလုပ်သဖြင့် မိမိမှာ အလုပ်ပျက်ရကြောင်း ပြောသည်။ ကို……၏ မိခင်မှာ ကို…….. ဖဲဝိုင်းသွားကြောင်း ပြောသည်။ မျက်ရည်များ ကျလာသည်။ ကို……..သည် ဆွေမျိုးများ မကျွေးမွေးသဖြင့် ရပ်ကွက်ထဲတွင် လိုက်တောင်းကြောင်း ပြောသည်။ Gathering ဖိတ်ခဲ့သည်။
အောင်ကျော်တင့်
၂၄.၉.၂၀၀၉
ကို……. အိမ်သို့ မမိုးမိုးလွင်နှင့် သွားခဲ့သည်။ ကို……၏အမေ၊ အကို၊ အမတို့နှင့် အတူတွေ့ခဲ့သည်။ ကို…….က ရေချိုးပြီးကာစဖြစ်သည်။ အပေါ်အကျီ င်္ ဝတ်မထားသဖြင့် မမိုးက အကျီ င်္ ဝတ်ထားရန် ပြောခဲ့သည်။ သူက အပူဒဏ်မခံနိုင်၍ အကျီ င်္ဝတ်မထားကြောင်း ပြောပြသည်။ အကျီ င်္ ဝတ်ထားပါက သူ့ချွေးလေးနဲ့သူ နေလို့ကောင်းကြောင်း အမဖြစ်သူကလည်း ဝိုင်း၍ပြောသည်။
သူ့အမေက အကြော်ကြော်ရောင်းသည့် အလုပ်မှာ ကို…….ကလည်း ကုလားပဲဝိုင်း၍ ကြိတ်ပေးသည်ဟု ပြောသည်။ ကို……က မိသားစုနှင့် ခွဲနေပြီး သူ့ဟာသူ ထမင်းချက်စားကြောင်း ပြောသောအခါ ဒီရောဂါက အဲဒီလိုနည်းများဖြင့် မကူးစက်နိုင်ကြောင်း ပြောပြခဲ့သည်။
ရေတစ်ခွက်ထဲအတူသောက်၊ ထမင်းအတူစား၍လည်း မကူးနိုင်ကြောင်း၊ သွေးမှတဆင့်သာ ကူးနိုင်ကြောင်း၊ သွေးမှတဆင့်ကူးရာတွင်လည်း ကိုယ့်တွင် သွေးဝင်စရာအပေါက်ရှိမှ ကူးနိုင်ကြောင်း ပြောပြခဲ့ပါသည်။ ဆရာဝန်ထံဆေးသွားယူရာတွင် အရင်အပတ်က မိုးရွာနေ၍ ဆေးလွတ်သွားသောကြောင့် ဆရာဝန်က ယခုအပတ် ဆေးပိုပေးကြောင်းလည်း ပြောပြသည်၊။ ဆေးမှန်မှန်သောက်ရန်လည်း ပြောပြခဲ့သည်။
ဆွေလွင်ငြိမ်း
၂၀.၁၀.၂၀၀၉
ကို……နှင့်တွေ့ဆုံသည်။ FAများပေးရင်း ကျွန်တော်တို့ လာရောက်ကြောင်းနှင့် FA များကို လက်ခံ ရရှိကြောင်းကို လက်မှတ်ရေးထိုး ပေးလိုက်ပါသည်။ ကို…….မှာ ကျန်းမာရေးကောင်းမွန်တာ တွေ့ရသည်။ ဆေး Septrim မှန်မှန်သောက်ကြောင်းကိုလည်း ပြောပြပါသည်။ အကယ်၍ ယခုလအတွက် သောက်ဆေးကုန် ပါက ဒေါက်တာ……… ခရီးသွားနေ၍ အခြားဆေးခန်းနှစ်ခုသို့ သွားရောက်ထုတ်ယူရန် မှာခဲ့ပါသည်။ ပြနေကျဆရာဝန်မရှိလို့ မထုတ်ဘဲမနေပါနှင့်၊ အဖွဲ့ဆေးခန်းများမှ ဘယ်ဆေးခန်းမဆို သွားရောက်ပြသ၍ ရကြောင်းကိုလည်း ပြောပြခဲ့သည်။
ကြက်ခြေနီအဖွဲ့နှင့် MNAအဖွဲ့များသို့လည်း ဆက်သွယ်၍ အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ကြောင်း လူနာတစ်ယောက်အနေနှင့် ဝင်ရောက်ခွင့်ရှိကြောင်းကိုလည်း ရှင်းပြခဲ့သည်။ ၄င်း၏မိခင်ကလည်း HIV ပိုးကူးစက်ပုံအကြောင်းကိုမေး၍ ကူးစက်နည်း၊ မကူးစက်နည်းတို့ကိုလည်း ရှင်းပြခဲ့သည်။ တစ်ဆက်တည်း မှာပင် HIV ပိုးနှင့် အသည်းရောင် B နှင့် C ပိုးတို့၏ကူးစက်နည်းများကိုလည်း ရှင်းပြခဲ့ပါသည်။ ယခုသောက်နေကျ Septrim ပင်လျှင် နောင်တွင် ဖြစ်ပေါ်လာမည့် အခွင့်အရေးယူရောဂါများကိုလည်း အတော် အသင့် ကာကွယ်နိုင်ကြောင်း ဆေးကို အချိန်မှန် စနစ်တကျသောက်သင့်ကြောင်းကို ပြောပြခဲ့ပါသည်။
ဦးမြင့်ထူး
.၁၂.၂၀၁၀
ကို……အိမ်သို့ ညနေပိုင်း ၄ နာရီလောက်တွင် သွားခဲ့သည်။ ကို…….သည် အိမ်အလုပ်များကို ကူလုပ်နေသည်။ အိမ်သားများနှင့်ဆက်ဆံရေး အဆင်ပြေနေသည်။ ကျန်းမာရေးမှာလည်း ကောင်းကောင်း မွန်မွန်ရှိသည်။
ဆေးခန်းကို တစ်လတစ်ကြိမ် သွားရောက်ပြသကြောင်း ပြောပြသည်။ ဆေးခန်းသွားဖို့ တစ်ပတ်လောက်လိုသေးကြောင်း ရွာကိုအလည်သွားလိုကြောင်း ပြောသည်။ ၁ဝရက်ခန့်ကြာမည်ဖြစ်ကြောင်း ပြောသည်။ ဆရာဝန်ထံ ဆေးကို ကြိုထုတ်သွားဖို့ ပြောခဲ့သည်။
ကို…….မှာ တစ်ခါတစ်ရံ အရက် သောက်နေကြောင်း သိရသည်။ အရက်ကို အလွန်အကျွံမသောက်ရန် ပြောခဲ့သည်။ ကို…….၏ အမေလည်း အနားမှာ ရှိနေသည်။
အောင်ကျော်တင့်
၁၇.၃.၂၀၁၀
ကို…..သည် ကျန်မာရေးကောင်းပါသည်။ တစ်ခါတစ်ရံ အိပ်ယာထဲတွင် ခေါင်းမူးသည်ဟု ဆိုသည်။ Septrim ကို နှစ်လုံးတစ်ကြိမ်တည်း သောက်သည်ဟုဆိုသည်။ ညနေခင်းဘက်တွင် အရက်မူး၍ မသောက်ဖြစ်ကြောင်း ပြောသည်။ မိသားစုနှင့် ရန်ဖန်ရန်ခါ ရန်ဖြစ်ကြောင်း သိရသည်။ ဆေးမှန်မှန်သောက်ရန် ပြောခဲ့သည်။ နောက်တစ်ကြိမ် ဆေးမှန်မှန်သောက်မသောက် စစ်ဆေးကြည့်ရန်လိုသည်။
အောင်ကျော်တင့်
၂၂.၄.၂ဝ၁ဝ
ကို…….အိမ်သို့ ကိုအောင်ကျော်တင့်နှင့်အတူ သွားရောက်ခဲ့ပါသည်။ ကို……..သည် လောလောဆယ် ခံစားမှုဘာမှမဖြစ်၊ လက်နှင့်ခြေထုံသည်ဟု ပြောပါသည်။ လောလောဆယ် Septrim ဆေးကို မှန်မှန် သောက်ကြောင်း ပြောပါသည်။ ကို…….မရှိချိန် ကို…….နှင့် အဆင်ပြေလားလို့ သူ့အမေအား မေးရာ တစ်ခါတစ်ရံ ပြောမကောင်းကြောင်း ပြောပါသည်။ ကျွန်မတို့လည်း FA ပေး၍ ပြန်ခဲ့ပါသည်။
ဌေးဌေးဝင်း
၁၈.၅.၂၀၁၀
