>SUU 66 – ebook honoring Suu with 66 artists and friends of MoeMaKa

>

စု ၆၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေအနုပညာမိတ်ဆွေ ၆၆ ဦးနဲ့ မိုးမခရဲ့ အမှတ်တရ စာစုလက်ဆောင် ထွက်ရှိ
မိုးမခ၊ ဇွန် ၂၀၊ ၂၀၁၁
ဇွန်လ ၁၉  ရက်၊ ၂၀၁၁ မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက်မွေးနေ့ကို ရည်စူးဂုဏ်ပြုတဲ့ စာပေလက်ဆောင်အဖြစ် မိုးမခစာနယ်ဇင်းနဲ့  စာပေအနုပညာမိတ်ဆွေ ၆၆ ဦးရဲ့ အမှတ်တရစာစု အီးဘုတ် ထွက်ရှိပြီ ဖြစ်ပါတယ်။
ကာတွန်း ၄၊ စာစု ၈၊ ကဗျာ ၁၈၊ ဆောင်းပါး ၁၀၊ ဒီဇိုင်း ၆၊ သရုပ်ဖော် ၆ နဲ့ သီချင်း ၃ ခု ပါဝင်ပြီး မိုးမခ၀ိုင်းတော်သားများက ၀ိုင်းဝန်းအားဖြည့်ကြတာဖြစ်ပါတယ်။ သည်လိုအနုပညာတင်ဆက်မှုဟာ အဝေးတနေရာစီမှာ ပြန့်ကျဲရောက်ရှိနေကြတဲ့ အနုပညာ၊ စာပေမိတ်ဆွေတွေရဲ့ ကိုယ်ထူကိုယ်ထ စုစည်းပြီး တယောက်တလက် ဖော်ဆောင်တဲ့ အနုပညာလှုပ်ရှားမှု အမှတ်တရဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
တဦးနဲ့ တဦး ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံ ရင်းနှီးခြင်းမရှိသော်လည်း မြန်မာပြည်နဲ့ စာပေအနုပညာချစ်သူချင်း တူညီမျှဝေတဲ့ စု ၆၆ အမှတ်တရပေါ်မှာ အနုပညာသရုပ်ဖော်တင်ဆက်မှု ဖြစ်မြောက်အောင် ပံ့ပိုးကြတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုက်ပါတယ်။
(ပုံနှိပ်စာအုပ်လက်ဆောင်ကို ချစ်သူမိတ်ဆွေများထံ ပေးပို့နိုင်ဖို့ ကြိုးစားပါ့မယ်။ ၂ ပတ်လောက်တော့ ကြာမယ် ထင်ပါတယ်။)