>MoeMaKa to publish e-book honoring Suu 66

>

Suu 66 – ဒေါ်အောင်ဆန်းစုကြည် ၆၆နှစ်ပြည့် မွေးနေ့ အမှတ်တရစာများ အီးဘုတ်အမီထုတ်မည်
မိုးမခ၊ ဇွန် ၁၈၊ ၂၀၁၁
လာမယ့် ဇွန် ၁၉၊ ၂၀၁၁ မှာ ကျရောက်မယ့်၊ မြန်မာပြည်တွင်းသာမက ပြည်ပက နိုင်ငံတကာမိသားစုများအားလုံး မွေးနေ့ရှင်နဲ့ အတူ တခဲနက် ကျင်းပကြမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မိုးမခက တင်ဆက်နေတဲ့ အမှတ်တရစာတွေကို အီးဘုတ်အဖြစ် စုစည်းပြီး မွေးနေ့အမီ အွန်လိုင်းနဲ့ အီးမေးတွေကဆင့် ဖြန့်ချိမယ် ဖြစ်ပါတယ်။
ဇွန်လ ၂ ရက်စတင်ပြီးတော့ ပြည်တွင်း ပြည်ပက အနုပညာရှင်၊ စာနယ်ဇင်းသမား၊ မြန်မာပြည်ချစ်သူ၊ ဒီမိုကရေစီရေး လှုပ်ရှားသူ၊ အင်န်အယ်ဒီ၊ ၈၈ မျိုးဆက်၊ ဒီမိုကရေစီရေး မျိုးဆက်အဆင့်ဆင့်ထံက ရောက်ရှိလာတဲ့ Suu 66 အမှတ်တရစာများကို လက်လှမ်းမီသလောက် တောင်းယူ စုဆောင်းတင်ဆက်ခဲ့ရာမှာ ဇွန် ၁၉ ရက်နေ့မှာ အီးဘုတ်အဖြစ် စုစည်းတင်ဆက်ဖြစ်မယ် မျှော်လင့်ပါတယ်။
အီးဘုတ်အပြင် ပုံနှိပ်စာအုပ်အဖြစ် အုပ်ရေအနည်းငယ် ပုံနှိပ်ပြီးတော့ စာမူရှင်များကို အမှတ်တရ လက်ဆောင်ပေးနိုင်ရန် ကြိုးစားမယ် ဖြစ်ပါတယ်။ ရန်ပုံငွေအဖြစ် အားပေးပြီး ၀ယ်ယူကြမယ်ဆိုရင်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ရည်ရွယ်တဲ့ လူမှုရေးကူညီမှုလုပ်ငန်းများကို ဦးတည်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ (မျက်နှာဖုံးက အကြမ်းထည်ပါ။ အတည်မဟုတ်သေးပါဘူး)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts