>SUU 66, Aung Thar Nge – Poem

>

အများနည်းတူပါပဲ
အောင်သာငယ်
ဇွန် ၁၇၊ ၂၀၁၁

ပန်းချီအား ဒီနေရာမှ ယူပါသည်။

ဖြစ်နိုင်သမျှအရာအားလုံးကို နှုတ်ဆက်လိုက်စမ်းပါ …
နောက်တနေ့မနက်မှာ ပန်းနီနီတပွင့်ကို
မနက်ခင်း နှင်းဖြူဖြူတွေကြားထဲမှာ ရှက်သွေးပြာပြာနဲ့နင် ပန်ဆင်လာနိုင်တယ် … ငါ့အတွက်…

ငါ့မှာ ငါကိုယ်တိုင်ပစ်လို့ခတ်လို့ ကောင်းခဲ့ဖူးတဲ့
သေနတ်အဟောင်း တလက်လည်း
ပန်လည်ပြီးး ရှိကောင်း ရှိလာနိုင်ပါ့ … ငါ့ရန်သူတွေအတွက် …

ဒီမိုကရေစီ ရွှေသီး …
ငတို့မြေကြီးမှာ ကောင်းကောင်းသီးပွင့်လာမှာ …
စိတ်ရှည်ရှည်ထားစမ်းပါ … ကွယ့် …
သင်တို့အားလုံးအတွက် …

မိန်းကလေးတယောက်ရဲ့အချစ်ကို
တမိနစ်နဲ့ မရနိုင်ဘူး … နှစ်၂၀ ကြာချင်ရင်လည်း ကြာမှာပေါ့… ဖြစ်နိုင်ချေရှိနေတာပဲကို …
မင်းတယောက်ထဲအတွက် …

ဟိုး … နယ်စပ်က အမိုးတို့ရွာလေး ပြာကျသွားခဲ့တယ် …
သို့သော်လည်း
နောက်နှစ် ၂၀ ကြာရင် မြို့တမြို့ဖြစ်ချင်ရင်လည်း ဖြစ်သွားမှာပေါ့ …
ဖိုးခွားတို့အတွက်…

အသက် ၇၀ ပြည့်တဲ့နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ …
သမ္မတဖြစ်လာမှာမဟုတ်ဘူးလို့ နင်ပြောနိုင်သလား …
ဗမာပြည်အတွက် …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts