>Nobel Aye; We are politcal prisoners in Burma, the Regime is lying to the World

>

၄၂ နှစ် ထောင်ဒဏ်ကျခံနေရသူ မုံရွာအကျဉ်းထောင်က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မနိုဘယ်အေးက နိုင်ငံရေးအကျဉ်းသားမရှိ ဆိုတဲ့ အစိုးရရဲ့ ပြောဆိုချက်ကို တရားဝင်ကန့်ကွက်
မိုးယံမခ
ရန်ကုန်၊ ဇွန် ၁၇၊ ၂၀၁၁
မုံရွာအကျဉ်းထောင်မှာ ၄၂ နှစ် ပြစ်ဒဏ် ချခံနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မနိုဘယ်အေးက နိုင်ငံရေးအကျဉ်းသားမရှိ ဆိုတဲ့ အစိုးရရဲ့ ပြောဆိုချက်ကို “ဆန္ဒပြကန့်ကွက်ခြင်း အိတ်ဖွင့်ပေးစာ”ဖြင့် လက်ရှိအစိုးရအဖွဲ့က သမ္မတကြီး သိန်းစိန်ထံ ဇွန်လ ၆ ရက် နေ့စွဲနဲ့ ပေးပို့တင်ပြလိုက်တယ်လို့ သိရပါတယ်။
ဖော်ပြပါအိတ်ဖွင့်ပေးစာကို မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်း ထောင်ဝင်စာသွားတွေ့စဉ်မှာ တရားဝင် ယူဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အိတ်ဖွင့်ပေးစာကို အကျဉ်းသားများလွတ်မြောက်ရေး ဆုတောင်းပွဲ စုပေါင်းကျင်းပတဲ့အချိန်မှာ ဒေါ်အေးမြင့်သန်းက ဖတ်ကြားခဲ့ပါတယ်။
ယခင်အပတ်ကတည်းက နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုတွေ၊ မိဘတွေ၊ သားသမီး၊ ဇနီး ခင်ပွန်းတွေဟာ အချင်းချင်း စုဝေးတွေ့ဆုံကြပြီးနောက် မြန်မာပြည်ရဲ့ လက်ရှိအစိုးရပြောင်းလဲပြီးနောက် ယခင်စစ်အစိုးရ ဖမ်းဆီးထောင်ချ ချူပ်နှောင်ထားမှုများကို မေးခွန်းထုတ်လာကြပြီ ဖြစ်ပါတယ်။
  ၈၈ မျူိးဆက်ကျောင်းသားများနှင့် အတူ ဖမ်းဆီးခြင်း မခံရမီက တွေ့ရစဉ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts