>News

>သခင်ဇင်ရဲ့ ဇနီး ဒေါ်ကြည်ကြည်ကွယ်လွန်ခြင်း (၁၀) နှစ်မြောက်အလှူဒါန


ရန်ကုန်၊ ဇွန် ၁၅၊ ၂၀၁၁

တာရာဝေယံ


ဒီနေ့နံနက်ပိုင်းက ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဌ သခင်ဇင် (၁၉၁၂ – ၁၉၇၅) ရဲ့ ဇနီး ဒေါ်ကြည်ကြည် (၁၉၂၀ – ၂၀၀၁) ကွယ်လွန်ခြင်း ၁၀ နှစ်မြောက် ဆွမ်းကွေးအလှူကို အမှတ် ၄၉ ဓမ္မ၀ိဟာရလမ်း၊ ကျောက်မြောင်း၊ ရန် ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

သံဃာတော်များကို အရုဏ်ဆွမ်း ဆက်ကပ်ပြီး ၀တ္ထုခဲဘွယ်ဘောဇဉ်များ လှူဒါန်းခဲ့ပါတယ်။ ကြွရောက်လာ တဲ့ ဆွေမျိုး မိတ်သင်္ဂဟများကို နေ့လည်စာနဲ့ တည်ခင်း ဧည့်ခံ ခဲ့ပါတယ်။

ဆွမ်းကျွေးအလှူကို သခင်သိန်းမောင်နဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ဒေါ်အောင် ဆန်း စုကြည်နဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ခေါင်ေးဆာင်များ၊ ဒီမိုကရေစီတိုက်ပွဲ အဆက်ဆက်မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးအ၀န်းအ၀ိုင်းမှာ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြ ပါတယ်။

အလှူဒါနကို ကျန်ရစ်သူ သားသမီးများဖြစ်ကြတဲ့ ဦးကျော်ဦး + ဒေါ်တင်ဝင်း၊ ဦးကျော်ထူး + ဒေါ်စန်းစန်း၊ ဦးမိုးဝင်း + ဒေါ်ခင်ညိုလွင် (ခ) မဒုံ၊ ဦးဇော်ဝင်း၊ ဒေါ်ခင်အေးလွင် (ခ) မထား တို့ကဆက်ကပ်လှူဒါန်း တာဖြစ်ပါ တယ်။

ဒေါ်ကြည်ကြည်ဟာ ၁၉၄၇ ခု၊ မေလမှာ သခင်ဇင်နဲပ လက်ထပ်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ဗမာပြည်ကွန်မြူ နစ်ပါတီနဲ့အတူ တောခိုခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ ပုဒ်မ ၅ နဲ့ (၅) နှစ် ထိန်းသိမ်းခံခဲ့ရကာ ၁၉၈၇ ခုနှစ်မှာ ၁၀ (က) နဲ့ ၁ နှစ်ခွဲကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၈၉ မှ ၁၉၉၉ ခုနှစ်ထိ (၁၀) နှစ်ကြာ ပုဒ်မ ၁၇ (၁) (၂)၊ ၅ (ည) တို့နဲ့ ထောင်ဒဏ် ကျခံခဲ့ရပါတယ်။ စစ်အစိုးရ အကျဉ်းထောင်ထဲမှာ နှစ်အရှည်ကြာဆုံးနဲ့ အသက်အကြီး ဆုံး နိုင်ငံရေးအကျဉ်းသူဖြစ်ပါတယ်။

ဒေါ်ကြည်ကြည်ကွယ်လွန်စဉ်က အမေလူထုဒေါ်အမာက ” ဒေါ်ကြည်ကြည်ရေ … သတ္တိကောင်းပြီး အသည်းမာ တဲ့မိန်းမမို့ နှမြောလိုက်ပါရဲ့” လို့ မှတ်တမ်းတင်ခဲ့ရသူ တဦးဖြစ်ပါတယ်။

ဒေါ်ကြည်ကြည်၏ (၁၀) နှစ်ပြည့် ရက်လည်ဆွမ်းသွတ်ဖိတ်ကြားခြင်းနှင့် ကိုယ်ရေးအကျဉ်း

ဒေါ်ကြည်ကြည်၏ (၁၀) နှစ်ပြည့် ဆွမ်းကျွေးအလှူသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့စဉ်


ဒေါ်ကြည်ကြည်၏ (၁၀) နှစ်ပြည့် ဆွမ်းကျွေးအလှူ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ






သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts