>News, 95th Birthday of ThaKhin Thein Pe

>

သခင်သိန်းဖေ ၉၅ နှစ်ပြည့်မွေးနေ့ကျင်းပ
ရန်ကုန်၊ ဇွန် ၁၀၊ ၂၀၁၁
တာရာဝေယံ


ဒီနေ့ မနက်ပိုင်းက ပါရမီလမ်းရှိ နေအိမ်မှာ သခင်သိန်းဖေရဲ့ ၉၅ နှစ် ပြည့်မွေးနေ့ပွဲကို ကျင်းပခဲ့ပါတယ်။
သခင်သိန်းမောင်၊ သခင်ချန်ထွန်း၊ ဦးအုန်းမောင် (ဘဏ်)၊ ဦးအုန်းမောင် (ရွှေတောင်)၊ ဦးလေးမြင့် အစရှိတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးများ ကြွရောက်ချီး မြှင့်ခဲ့ကြပါတယ်။

ဦးတင်ဦး၊ ဦးအုန်းကြိုင်၊ ဗိုလ်ကြီးဝင်းထိန်အစရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင်များ၊ အဖွဲ့ဝင် များနဲ့ နိုင်ငံရေးသမားများ တက်ရောက်ခဲ့ကြပါ တယ်။

သက်တော်ရှည် နိုင်ငံရေးသမားကြီး အဘ သခင်သိန်းဖေရဲ့ ၉၅ နှစ်မြောက် မွေးနေ့မှာ မွေးနေ့အမှတ်တရ ဂုဏ်ပြုစကားများပြောကြားခဲ့ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအင်အားစုက သခင်သိန်းဖေ ၉၅ နှစ်ပြည့်မွေးနေ့ ဂုဏ်ပြုသ ၀ဏ်လွှာ ဖတ်ကြားခဲ့ပါတယ်။

အဘ သခင်သိန်းဖေဟာ တို့ဗမာအစည်းအရုံးရဲ့ နိုင်ငံရေးကြွေးကြော်သံတ ခုဖြစ်တဲ့ ”နောင်လာနောင် သားကောင်း စားဘို့ရာ တို့ကိုယ်ကျိုးလုံးလုံးမပါ” လမ်းစဉ်ကို နိုင်ငံရေးသမားတိုင်း လိုက်နာကျင့်သုံးပါ ဆိုပြီး နိုင်ငံရေး သမား တိုင်းကို ဆုံးမသြ၀ါဒပေးတတ်သူပါ။

သူနဲ့အတူ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များက သခင်သိန်းဖေကို ”နယ်ချဲ့ကို တော်လှန်သူ၊ ဖက်ဆစ်နှင့် အာဏာ ရှုင်စနစ်ကို ဆန့်ကျင်သူ၊ လွတ်လပ်ရေး ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးကို တန်ဖိုးထားလေးစားသူ၊ အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ညီညွှတ်ရေးကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေသူ” ဟု မှတ်ချက်ပြုကြ ပါတယ်။

အဘသခင်သိန်းဖေရဲ့ နိုင်ငံရေးဘ၀ဖြတ်သန်းမှုတလျှောက်လုံးမှာ ထောင် ဆယ့်တစ်ကြိမ်ကျခဲ့ဖူးပြီး ”ဆယ့် တစ်မီးငြိမ်းပြီ” လို့ သူ့ကိုယ်သူပြောဖူးပါတယ်။ သခင်သိန်းဖေဟာ အသက် ၉၅ နှစ်ရှိသည့်တိုင်ေ အာင် မြန်မာနို င်ငံရေဲ့ ဒီမိုကရေစီရေး၊ ငြိမ်း ချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး စတဲ့ နိုင်ငံရေးကိစ္စရပ်များကို ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်နေသူဖြစ်ပါတယ်။

ဒီမိုကရေစီအင်အားစုများမှ ပေးပို့သည့် သခင်သိန်းဖေ ၉၅ နှစ်ပြည့်မွေးနေ့ ဂုဏ်ပြူသ၀ဏ်လွှာ (မူရင်း)



သခင်သိန်းဖေ ၉၅ နှစ်ပြည့်အခမ်းအနားမှတ်တမ်းဓာတ်ပုံများ






သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts