>Tavoy Development Project to displace 10,000 people

>

ထားဝယ်တွင် ဆောက်မည့် ဆိပ်ကမ်းအတွက် ဒေသခံ တသောင်း နေရာပြောင်းရမည်
AFP
ဇွန် ၈၊ ၂၀၁၁


physorg.com


အငြင်းပွားဖွယ် ဖြစ်နေသော ထားဝယ်ဒေသ ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် ဒေသခံ တသောင်း နေရာပြောင်းရွှေ့ရမည်ဟု ထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီက ယနေ့ ပြောလိုက်သည်။

Ital-Thai ဆောက်လုပ်ရေး အုပ်စု တည်ဆောက်ရေးအတွက် တာဝန်ယူမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတို့ကို ဖိတ်ခေါ်လျက်ရှိသည်။

ထားဝယ်ကမ်းခြေဒေသကို ရေနက်ဆိပ်ကမ်း နှင့် ၂၅၀ ကီလိုမီတာ ပတ်လည် ကျယ်ဝန်းမည့် ဆိပ်ကမ်းဇုန်အဖြစ် ပြောင်းလဲမည် ဖြစ်သည်။

ဒေသခံများ နေရာပြောင်းရမည်ဟု ကုမ္ပဏီက အတည်ပြုသည်။ သို့သော်လည်း နေရာသစ်တွင် အခြေချနိုင်ရေးအတွက် အသေအချာ စီစဉ်ပေးမည်ဟု အခိုင်အမာ ပြောထားသည်။

ပြောင်းရမည့်လူအရေအတွက်မှာ တသောင်းထက် အနည်းငယ်သာ ကျော်သည်ဟု စီမံကိန်းကို တာဝန်ယူမည့် Italian-Thai Development လုပ်ငန်း၏ Kanasuta က ရှင်းပြသည်။

အရပ်သားအစိုးရသစ် တက်လာပြီ ဆိုသော်လည်း စစ်တပ်က ကြီးစိုးထားသဖြင့် လုပ်ထုံးလုပ်နည်းများ တည်ငြိမ်မှု မရှိသေးသော မြန်မာပြည်တွင် ရေနက်ဆိပ်ကမ်း ဖြစ်လာမည့် ဒေသအတွင်း လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် တို့နှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ထွက်ပေါ်နေသည်။

၁၀ နှစ် ကြာမြင့်ပြီး ဒေါ်လာ ၈ သန်းတန်မည့် စီမံကိန်းတွင် စတီး ထုတ်လုပ်ရေး စက်ရုံ၊ မြေသြဇာ စက်ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံတို့လည်း ပါဝင်မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts