>which media is good for you?

>

ဘယ်မီဒီယာကို အကြိုက်ဆုံးလဲ
မိုးမခအထောက်တော် အမှတ် ၀၁၂
ဇွန် ၈၊ ၂၀၁၁


မြန်မာပြည်သား သတင်းသမားများကို စာနယ်ဇင်းသင်တန်း ပေးနေသည့် အင်တာနယူးစ်က ကောက်ယူနေသော မီဒီယာစစ်တမ်းတွင် စာစောင်၊ အင်တာနက် စာမျက်နှာ စုစုပေါင်း ၆၃ ခုထဲမှ ပရိသတ်အကြိုက်ဆုံး မီဒီယာများကို ရွေးချယ်မှုလည်း ပါဝင်သည်။

(မီဒီယာ အမည်များကို အောက်ဆုံးတွင် ကြည့်ပါ)

အင်တာနယူးစ်သည် နိုင်ငံတကာ သတင်းမီဒီယာ ဖွံ့ဖြိုးရေး အဖွဲ့အစည်း ဖြစ်သည်။ ၂၀၀၁ မှ စတင်၍ ပြည်ပအခြေစိုက် မြန်မာ မီဒီယာ အဖွဲ့များ တိုးတက်ရေး၊စာနယ်ဇင်းသမားများ ပေါ်ထွန်းရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံရေးသမားများနှင့် ပြည်ပအခြေစိုက်မီဒီယာ များ၏ ဆက်စပ်မှု၊ မီဒီယာများ၏ အားနည်းချက်နှင့် အားသာချက်၊ ပြုပြင်သင့်သည့် အချက် စသည်တို့နှင့် ပတ်သက်ပြီး ပရိသတ်၏ အကြံများ ရယူရေးအတွက် စစ်တမ်းကောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

https://www.surveymonkey.com/s/8W3ZN8Y တွင် အင်္ဂလိပ်- မြန်မာ နှစ်သက်ရာ ဘာသာဖြင့် ဖြေဆိုရန် စီစဉ်ထားသည်။ စစ်တမ်းတွင် ပါဝင်သော မေးခွန်းကို ဖြေဆိုရန် မိနစ် ၃၀ ခန့် ကြာမည် ဖြစ်သည်။

စစ်တမ်းကို ဇွန် ၂၀ ရက် နေ့တွင် အပြီးသတ် ဖြည့်စွက်ပေးရန် အင်တာနယူးစ်က ပန်ကြားထားသည်။


အင်္ဂလိပ်စာလုံး အက္ခရာစဉ်အလိုက် ဖော်ပြထားသည့် မီဒီယာများကို စစ်တမ်းတွင် အောက်ပါအတိုင်း တွေ့ရသည်။


1. နိုင်ငံတကာ မြန်မာ့သတင်း (ဘီအဲန်အိုင်) ၀က်ဘ်ဆိုဒ်
2. Burma Today
3. ပြည်တွင်းအိုးအိမ်မဲ့ ကရင်ဒုက္ခသည် ကော်မတီ (စာစောင်)
4. ဒေါက်တာ လွမ်းဆွေ ဘလော့ဂ်

5. ဒီဗီဘီ ရေဒီယို
6. ဒီဗီဘီ တီဗီ
7. ဒီဗီဘီ ၀က်ဘ်ဆိုဒ် (မြန်မာဘာသာ)
8. ဒီဗီဘီ ၀က်ဘ်ဆိုဒ် (အင်္ဂလိပ် ဘာသာ)

9. ဟစ်တိုင် (၀က်ဘ်ဆိုဒ်)
10. လွတ်လပ်သော မွန်သတင်းအေဂျင်စီ (အင်္ဂလိပ် ၀က်ဘ်ဆိုဒ်)
11. လွတ်လပ်သော မွန်သတင်းအေဂျင်စီ (စီဒီ သတင်း)
12. လွတ်လပ်သော မွန်သတင်းအေဂျင်စီ (မွန် ၀က်ဘ်ဆိုဒ်)

13. လွတ်လပ်သော မွန်သတင်းအေဂျင်စီ (မွန်ဘာသာ- ဒီဗီဘီ/အာရ်အက်ဖ်အေ)
14. လွတ်လပ်သော မွန်သတင်းအေဂျင်စီ (မြန်မာ ၀က်ဘ်ဆိုဒ်)
15. ဧရာဝတီ (ရုပ်သံ)
16. ဧရာဝတီ (မြန်မာ ၀က်ဘ်ဆိုဒ်)

17. ဧရာဝတီ (အင်္ဂလိပ် ၀က်ဘ်ဆိုဒ်)
18. ဧရာဝတီ (စာစောင်)
19. ကချင်သတင်းဌာန (မြန်မာဝက်ဘ်ဆိုဒ်)
20. ကချင်သတင်းဌာန (အင်္ဂလိပ် ၀က်ဘ်ဆိုဒ်)

21. ကချင်သတင်းဌာန (ကချင် ၀က်ဘ်ဆိုဒ်)
22. ကချင် သတင်းဌာန (အာရ်အက်ဖ်အေ- ကချင်ဘာသာ)
23. ကုလားတန် သတင်းဌာန (၀က်ဘ်ဆိုဒ်)
24. ကန္တာရ၀တီ တိုင်းမ် သတင်းစာ

25. ကန္တာရ၀တီ တိုင်းမ် မြန်မာ ၀က်ဘ်ဆိုဒ်
26. ကန္တာရ၀တီ တိုင်းမ် (အာရ်အက်ဖ်အေ- ကရင်နီ)
27. ကောဝ်ဝေါ် သတင်းဌာန (ယမုံနာ ရေဒီယို)
28. ကောဝ်ဝေါ် သတင်းဌာန (အင်္ဂလိပ် ၀က်ဘ်ဆိုဒ်)

29. ကောဝ်ဝေါ် သတင်းဌာန (မြန်မာ ၀က်ဘ်ဆိုဒ်)
30. ကေအိုင်စီ (မြန်မာ ၀က်ဘ်ဆိုဒ်)
31. ကေအိုင်စီ (စာစောင်)
32. ကေအက်စ်အဲန်ဂျီ (ရေဒီယို)

33. ခေါနုသုမ် (ချင်း ၀က်ဘ်ဆိုဒ်)
34. ခေါနုသုမ် (မြန်မာဝက်ဘ်ဆိုဒ်)
35. ခေါနုသုမ် (အင်္ဂလိပ် ၀က်ဘ်ဆိုဒ်)
36. ခေါနုသုမ် (အာရ်အက်ဖ်အေ- ချင်း)

37. ဂွဲကလူ (စာစောင်- ကရင်)
38. ဂွဲကလူ (၀က်ဘ်ဆိုဒ်- ကရင်)
39. မဇ္ဖျိမ (စီဒီ သတင်း)
40. မဇ္ဖျိမ (သတင်းစာ)

41. မဇၹ်ိမ (တီဗီ)
42. မဇၹ်ိမ (ျမန္မာ ၀က္ဘ္ဆိုဒ္)
43. မဇၹ်ိမ (အင်္ဂလိပ် ၀က်ဘ်ဆိုဒ်)
44. မိုးမခ ရေဒီယို

45. မိုးမခ ၀က်ဘ်ဆိုဒ်
46. မိုးကြိုး။ လွတ်လပ်သော မြန်မာ သတင်းအေဂျင်စီ (၀က်ဘ်ဆိုဒ်)
47. နေရဉ္ဇရာ (မြန်မာ ၀က်ဘ်ဆိုဒ်)
48. နေရဉ္ဇရာ (အင်္ဂလိပ် ၀က်ဘ်ဆိုဒ်)

49. နေရဉ္ဇရာ (အာရ်အက်ဖ်အေ- ရခိုင်)
50. အဲန်အမ်ဂျီ (သတင်းနှင့် မီဒီယာ ကွန်ယက်- အာရ်အက်ဖ်အေေ၇ဒီယို အစီအစဉ်များ)
51. အဲန်အမ်ဂျီ (၀က်ဘ်ဆိုဒ်)
52. နေ့သစ် ၀က်ဘ်ဆိုဒ်

53. ရှမ်းသံတော်ဆင့် သတင်းစဉ် (မြန်မာ ၀က်ဘ်ဆိုဒ်)
54. ရှမ်းသံတော်ဆင့် သတင်းစဉ် (အင်္ဂလိပ် ၀က်ဘ်ဆိုဒ်)
55. ရှမ်းသံတော်ဆင့် သတင်းစဉ် (စီဒီ သတင်း)
56. ရှမ်းသံတော်ဆင့် သတင်းစဉ် (Independent News letter)

57. ရှမ်းသံတော်ဆင့် ရေဒီယို (ဒီဗီဘီ- အာရ်အက်ဖ်အေ- ရှမ်း)
58. Shan Youth Power Media (စာစောင်)
59. Shan Youth Power Media (အင်္ဂလိပ် ၀က်ဘ်ဆိုဒ်)
60. Shan Youth Power Media (ရှမ်း ၀က်ဘ်ဆိုဒ်)

61. ရောင်ခြည်ဦး (၀က်ဘ်ဆိုဒ်)
62. ရောင်ခြည်ဦး (စာစောင်)
63. ရိုးမ- ၃ (၀က်ဘ်ဆိုဒ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts