>Kutho & Lotus Brothers and Sisters call for charity

>

၂၀၁၁-၁၂ ပညာသင်နှစ်အတွက် ထောက်ပံ့မှု့ အစီအစဉ်ပြန်လည်စတင်ခြင်း
ကုသိုလ် နှင့် Lotus မောင်နှမတစု (စင်္ကာပူ)
ဇွန် ၈၊ ၂၀၁၁
အားလုံးမင်္ဂလာပါ
ကျမတို့ရဲ့ ၂၀၁၁-၁၂ ပညာသင်နှစ်အတွက် ထောက်ပံ့မှု့ အစီအစဉ်များကို ပြန်လည်စတင်ပါတော့မယ်ရှင်။ ဒီနှစ်မှာတော့ အပြောင်းအလဲ အနည်းငယ်ရှိပါတယ်။ ပြီးခဲ့တဲ့ ပညာသင်နှစ် ၃-နှစ်ရဲ့ ထောက်ပံ့မှု့ များကို ပြန်လည်သုံးသပ်ခဲ့ပါသည်။ အားလုံးသိတဲ့အတိုင်း ဒီ ပညာသင်နှစ်အတွက် ထောက်ပံ့မှု့ ကို ၂၀၀၈-ခုနှစ် နာဂစ်ဒေသမှစတင်ခဲ့ကာ မနှစ်၂၀၁၀ မှစ၍ ပဲခူးတိုင်းမှ ပေါင်းတလည် နှင့် ရွှေတောင်မှ ကျောင်း ၂-ကျောင်းပါ ပါဝင်လာခဲ့ပါတယ်။  
ယခုအခါတွင် နာဂစ်ဒေသ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အသင့်အတင့် အောင်မြင်လျှက်ရှိရာ၊ မိဘများမှ ကလေးများ၏ စားဝတ်နေရေးအတွက်အခက်အခဲ အထိုက်အလျှေက်လျှော့ကျနေပြီဖြစ်သောကြေင့် နှစ်လ တကြိမ်၊ တနှစ် လေးကြိမ်ဖြင့် အောက်ပါနှုန်း အတိုင်း June မှစတင် ကောက်ခံသွားပါမည်။
အထက်တန်း (၉၊ ၁၀ တန်း) = S$D 40
အလယ်တန်း (၅၊ ၆၊ ၇၊ ၈ တန်း) =  S$D 30
မှုလတန်း (သူငယ်တန်း၊ ၁၊ ၂၊ ၃၊ ၄ တန်း) =S$D 20
ပညာသင်နှစ် တနှစ်အတွက်  June မှ January အထိ (၈) လ သတ်မှတ်ပြီး ကောက်ခံသွားပါမည်။
အထက်တန်း (၉၊ ၁၀ တန်း) = S$D 40   x 4 = S$D 160
အလယ်တန်း (၅၊ ၆၊ ၇၊ ၈ တန်း) =  S$D 30  x 4 = S$D 120
မှုလတန်း (သူငယ်တန်း၊ ၁၊ ၂၊ ၃၊ ၄ တန်း) =  S$D 20  x 4 = S$D 80
ကျမတို့ ထောက်ပံ့မှု့ပေးနေသော မော်ကျွန်းမြို့နယ် ကျွန်းခယ်မ
ဘ/က ကျောင်းရေရှည်ရပ်တည်နိုင်ရန် အတွက်  ဆရာ/ဆရာမ – ၁၃ ဦးအတွက် လစာပေးရန် အခက်အခဲရှိသည် သိရပါတယ်။ ဆရာ/ဆရာမ – ၁ ဦးအတွက် ၃-သောင်း နှုန်းနှင့် လစဉ် ဆရာ/ဆရာမ – *၁ ဦးချင်းအတွက်သော်လည်းကောင်း၊ စုပေါင်း၍ တတ်အားသရွေ့ သော်လည်းကောင်း၊* ကူညီလိုလျှင်လည်း ကျမတို့၏ အဖွဲ့နှင့် ဆက်သွယ်နိုင်ပါတယ်။
နောက်အစီအစဉ် အသစ် တခုအနေနှင့် ၂၀၁၁-၁၂ ပညာသင်နှစ်တွင် ထောက်ပံ့မှု့ မရရှိသော မှုလတန်း ကျောင်းသူ/သားများကို ကျောင်းဝတ်စုံ ၃-စုံ ၊ ကျောပိုးအိတ် တစ်လုံး နှင့် ကျောင်းသုံးစာအုပ်တဒါဇင်ကို *(one Package ) လျှင် S$D 30 နှုန်းနှင့် လှူဒါန်းမည်ဖြစ်သောကြောင့် Package လိုက်သော်လည်းသောင်း၊ တတ်အားသရွေ့သော်လည်းကောင်း လှူဒါန်းလိုသူများရှိပါက ကျမတို့၏ အဖွဲ့၏ Collector များမှတဆင့် ကူညီလှူဒါန်းနိုင်ပါတယ်။
၂၀၁၀-၂၀၁၁ ပညာသင်နှစ် တွင် ထောက်ပံ့ခဲ့သူ ၄၉၇ ယောက်အနက် ၃ ယောက်ကျ၊ ၃ ယောက်မဖြေ ၊ စုစုပေါင်း- ၆ ယောက်ကျပါတယ်။ ၁၀ တန်းအောင်စာရင်းတွေ ဒီ ဇွန် ၅-ရက်နေ့မှာ ထွက်မည်ဟု သိရပါတယ်။ အောင်စာရင်းသိလျှင်သိခြင်း သက်ဆိုင်ရာ စေတနာရှင်များကို အကြောင်းကြားပါမယ်။
၂၀၁၀-၂၀၁၁ ပညာသင်နှစ် စာရင်းရှင်းတမ်း၊ စေတနာရှင်များ၏ အကြံပေးဆွေးနွေးမှု့ နှင့် ကျေးဇူးတင်လွှာပေးအပ်ပွဲ ကို *12 June 2011 (Sunday)အား ယာယီသတ်မှတ်ထားပါတယ်။ * နေရာ အတည်ဖြစ်ပါက ထပ်မံအကြောင်းကြားသွားပါမည်။
ခင်မင်စွာဖြင့်
ကုသိုလ် နှင့် Lotus မောင်နှမတစု
(စေတနာဝန်ထမ်းမြန်မာများ ကဏ္ဍ ကို တိုးချဲ့တင်ဆက်မည်။ မြန်မာကွန်မြူနီတီ၏ စေတနာ့ဝန်ထမ်း အလှူများ၊ လုပ်အားပေးများ စေတနာဝန်ထမ်းများအကြောင်း ပေးပို့ကြပါရန်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts