>Mar Mar Aye – 383

>

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် – ၃၈၃
ကြေးမုံဦးသောင်းနဲ့အတူ
မာမာအေး
ဇွန် ၄၊ ၂၀၁၁

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ မာအေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ပို့ပေးလိုက်တဲ့ စာအုပ်ပါးပါးလေး နှစ် အုပ်ေ ကြာင့် ပြောပြစရာတွေ တထုပ်ကြီးရောက် လာပြန်ပြီ သောတရှင်တို့ရေလို့ ကြေငြာရဦးမယ်။ စာအုပ်တအုပ်က နယူးရောက်က စာပေ၀ါသနာကြီးလို့ သတင်းစာစောင်ထုတ်ဝေနေတဲ့ ဆောင်းပါးရှင် ရွှေပြည်စိုးပို့လိုက်တာပါ။ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း ကွယ်လွန်ခြင်း (၃) နှစ်မြောက် အမှတ်တရဆိုတဲ့ စာအုပ်ကလေး ဖြစ်ပါ တယ်။

နောက်တအုပ်ကလဲ နယူးယောက်က လာတာပါဘဲ။ အဲဒါက မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) က ဒုတိ ယအကြိမ် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲမှာ ထုတ်ဝေတဲ့ “ကန်တော့ခံ ဂီတပညာရှင်များ၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း”တဲ့။ ဒီနှစ် ဇန္န၀ါရီလ (၁၇) ရက်နေ့က ထုတ်တာပါ၊ အသက် (၈၀) ကနေ အထက် ရှိနေတဲ့သူ (၄၆) ယောက်တဲ့။ မာအေး စာရင်းကြည့် လိုက်တော့ မသိတာဆိုလို့ (၆) ယောက်ထဲရယ်။ ဒီတော့ ဦးလေးသောင်းအကြောင်းက စလိုက်တော့မယ်နော်။


မာအေးက ကြေးမုံဦးသောင်းကို ဒီဖက်ရောက်မှ တွေ့ရခင်ရတာဖြစ်ပေမယ့် ရင်းနှီးမှုနဲ့ အရွယ်အရ ဦးလေးတေ ယာက်လိုဘဲ ဖြစ်လာတာမို့ ဦးလေးသောင်းလို့ ခေါ်တာပါ။ သူ့ဇနီး တင်တင်ဝင်းကတော့ မာအေးထက်ငယ်လို့ ညီအမလို ပေါင်းကြတာဘဲ။ သူတို့နဲ့ (၉၃) ခုနှစ်မှာ လာလည်တုန်းက သိသွားတာပါ။ မာအေးဒီတေ ခါက် ပြန်ရောက်လာတော့ လိုအပ်တာတွေ အဆင်ပြေအောင် လမ်းပြကူညီပေးလို့ ကျေးဇူး ရှင်လည်း ခေါ်နိုင်နေပါတယ်ရှင်။

ဦးလေးသောင်းအသက် (၈၀) မှာ သတင်းစာလောကထဲဝင်တာ အနှစ် (၆၀) ပြည့်ပွဲ နယူးယောက်မှာ ကျင်းပမယ်ဆိုတော့ နယူးဂျာစီက ဘုရားထီးတင်ပေးတဲ့ဆီကနေ သွားစောင့်တဲ့အ ခါ၊ နှလုံးရောဂါတိုက် ခိုက် တာနဲ့ မာအေးက ဆေးရုံရောက် သွားပါတယ်။ ညဖက်မှာ မာအေးဆီ လိုက်လာတွေ့တော့ ဦးလေးသောင်း လည်း နှလုံးခွဲထားတာဘဲလို့ သိရပါတယ်။ ဘီးတပ်ကုလားထိုင်နဲ့လာတာကိုး၊ အဲဒီ့နောက် သူတို့ဆီ မရောက်ဖြ စ်တော့ပါဘူး။ အော် … မရှိတော့တာ သုံးနှစ်ကြာခဲ့ပြီတဲ့။ဘာမှ မကြာလိုက်သလိုဘဲ။

စာရေးဆရာအောင်ဗလရဲ့ ဟာသစာတွေကို ကြိုက်နှစ်သက်တဲ့မာအေးဟာ ကြေးမုံဦးသောင်းနဲ့ အောင်ဗလ တယောက်ထဲဆိုတာတောင် သိခဲ့တာမဟုတ်ပါဘူး။ သူ့ခမျာ သတင်းစာသမားထားတော့ သတင်းေ ထာက် ဖြစ်အောင်တောင်မှ လွယ်အိတ်စုတ်လေးလွယ်၊ စက်ဘီးစုတ်လေး တဂျောက်ဂျောက်နဲ့ အခမဲ့ဘ၀က စတိုးခဲ့ရတာတဲ့။ ဒီကနေ့လို ကွန်ပြူတာလေးဝယ်၊ မီဒီယာတွေလိုက်ပေါင်း အင်တာနက်တွေလိုက်ကြည့် ကိုယ့်ကျိုးစားမှုလိုလို ဘာလိုလိုနဲ့ အချောင်ဗိုလ်ဝင်ကျနေတဲ့ ဟာတွေနဲ့ တခြားစီဘဲရှင်။ အဲဒီလို နောက် ဆုံးအခြေက တက်လာတဲ့ ဦးသောင်းဟာ နောက်ဆုံးမြန်မာနိုင်ငံက လူထုစိတ်ကြိုက် သတင်းစာကြီး “ကြေးမုံ”ကို (၁၉၅၇) ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ကစပြီး ထုတ်ဝေဖြန့်ချီနိုင်ခဲ့တော့တယ်။ စစ်အစိုးရ တက်လာတဲ့အခါ တော်ကြာထောင်ကျ၊ တော်ကြာသတင်းစာတိုက်ပိတ်၊ ပစ္စည်းတွေအသိမ်း ခံရ ပြည်သူ ပိုင်အသိမ်းခံရနဲ့ ဒုက္ခတွေ လာလေဦးမယ်ဆိုတာ သိလို့ ဒီဖက်ထွက်ခဲ့ရတာတဲ့။

ဒီဖက်ရောက်တော့ သတင်းစာသမားဘဲလေ၊ လွတ်လပ်စွာ ပြည်သူ့ရှေ့မှာ ပိုပြီးရပ်ခဲ့နိုင်တာပေါ့။ အရင်က တည်းက ထီမထင်နေခဲ့သူဘဲရှင့်။ စာကတော့ ရေးတိုင်းကောင်းနေတာပါဘဲ။ နေ့တကုတ်ကုတ် ညတကုတ် ကုတ် သူ့စာအလုပ်ကို မပျက်ခဲ့ ပါဘူး။ လူကသိပ်တော့ မာမာချာ ချာမဟုတ်ပါဘူး။ ဧည့်အထူးလာရင် ရွှင်နေတဲ့သူမျိုးပါ။ သူကိုယ်တိုင် အညာချက်ကလေး ချက်ကျွေးချင်ရှာပါသေးသတဲ့။ ဘယ်နှယ့်ကြောင့် မာအေးတို့ မေ့နိုင်မလဲ။ သူဒီဖက်မှာ ထုတ်ခဲ့တဲ့စာအုပ်တွေ ပေးဖတ်ချင်တယ် ရှင်။ ဟိုဘက်ကို ၀င်ခွင့်ပေးမယ် မထင်ပါဘူးနော။

မာအေးက ဦးသောင်းရှိစဉ်မှာ ဦးလေးသောင်း အတည်စရေးထားတဲ့ ၀တ္ထုတပုဒ်က ဇာတ်ကြောရိုးကိုယူပြီး နာမည်ကြီး တေးဇာတ်လမ်းရှည်တပုဒ် ဖြစ်ခဲ့တာရှိတယ်လို့ သောတရှင်တွေကို ပြောပြလိုက်ဦးမယ့်အကြောင်း ခွင့်တောင်းထားဖူးတာကို ဒီနေ့ ပြောပြချင်လို့ပါ။ ၀တ္ထုတို တပုဒ်ပါဘဲ။ နာမည်ကတော့ အောင်ဗလနဲ့ရေးသတဲ့၊ ၀တ္ထုရဲ့ခေါင်းစဉ်က “တ၀ဂူမှ ဂီတ” ပါတဲ့ရှင်။

အောင်ဗလခေါ် မောင်သောင်းကလေး ငယ်စဉ်က စစ်ကြီးနဲ့ကြုံတာကိုးရှင့်။ ညောင်ဦးမြို့ကလေးကို အင်္ဂလိပ် စစ် တပ်က အလုံးအရင်းနဲ့ဝင် သိမ်းတော့ မြို့မှာမီးတွေလောင်တယ်။ မြို့သူမြို့သားတွေက ဘုရားတွေကျောင်းေ တွမှာ ပြေးခိုကြ ပုန်းကြရတာမှာ ဆရာတို့ အောင်ဗလတို့ မိသားစုလည်းပါတာပေါ့၊ ရွှေစည်းခုံစေတီ ပရ၀ုဏ် အတွင်းမှာ၇ှိနေတဲ့ ဦးကျော်လှတန်ဆောင်းထဲ တလလောက်နေကြရတယ်တဲ့။ ဦးလေးသောင်း မှာ ဂေါက်ေ ရာဂါ ငယ်စဉ်ကပဲရှိတော့ ဒူးနာတာတောင် ရှက်တယ်ဆိုပြီး မနီးမဝေးက တ၀ဂူစေတီလေးမှာ တယောက်ထဲ သွားနေချိန်မှာ အိပ်မက်က သူနေတဲ့တ၀ဂူအ၀ကို အင်္ဂတေနဲ့ လာပိတ်တယ်လို့မက်တော့ ကြောက်တာပေါ့။ အပြင်ကြည့်လို့ လမင်းကြီးသာနေတာတွေ့မှ စိတ်ပြန်ကြည်လာပြီး အမြဲဆောင်ထားတဲ့ စာရွက်နဲ့ ခဲတံထုတ်ရေးမိတဲ့ ဇာတ်လမ်းတပုဒ်ပါဘဲ။ ပထမဆုံးရေးတဲ့ စာလို့လဲ ပြောခဲ့ပါတယ်၊ (၁၉၄၅) နှစ် ဧပြီ လလောက် ရေးတာတဲ့။ စာကိုပုံနှိပ်ဖို့ စိတ်ကူးမရှိသော်လည်း အကြိမ်ကြိမ် ထပ်ရေးမိခဲ့တယ် လို့ ပြောပါတယ်။

အဲဒီ “တ၀ဂူမှဂီတ” ၀တ္ထုကို ပဒေသာမဂ္ဂဇင်းအယ်ဒီတာ ကိုသန်းဆွေနဲ့ စကားစပ်မိလို့ အိမ်ကိုလိုက်ယူပြီး တထီးတနန်း ပန်းချီအုန်းလွင်ရဲ့ သုံးရောင်ခြယ် အတွင်းပုံတွေဘာတွေနဲ့ ဖော်ပြခဲ့ပါတယ်။ စာမူခ ပိုက်ဆံ (၁၅) ကျပ်ရတော့ ပျော်ပျော်ပါးပါး ထမင်းသွားစားမယ်ဆိုတော့ ကိုသော်တာဆွေပါ အတူလိုက်လာတာနဲ့ ပိုက်ဆံကမလောက်တော့ အိတ်ထဲမှာပါလာတဲ့ ငွေတစ်ဆယ်တောင် ထပ်ဆောင်းလိုက်ရသေးသတဲ့။

အချိန်ကမရတတ်လို့ ဂီတဖက်ကြောင်း ဆက်ပြောပါရစေဦး၊ အဲဒီ တ၀ဂူမှ ဂီတဟာ – စတီရီယိုဖခင်ကြီးလို့ လူငယ်တွေ ၀ိုင်းဘွဲ့ပေးထားတဲ့ ကိုကျော့မှူးရဲ့လက်မှာ “ပုဂံမြို့ဟောင်းတနေရာ”ဆိုတဲ့ ဇာတ်လမ်းရှည် တပုဒ် ဖြစ်လာပါတယ်။ အဆိုတော် တင်တင်မြရဲ့ အဆိုအပြောလေးနဲ့ အောင်မြင်တဲ့သီချင်းပါရှင်။ ဒါပေမယ့် ရာဇ၀င်မှန်မဟုတ်တယ်လို့ ရေဒီယိုမှာ ပိတ်စေအမိန့် ချထားတာနဲ့ သောတရှင်တို့ မကြာခဲ့ရဘူး မဟုတ်လား။ – အလွမ်းပြေ အခု နားဆင်ကြတာပေါ့။

*(ပုဂံမြို့ဟောင်းတနေရာ – တင်တင်မြ)
ပုဂံမြို့ဟောင်း တနေရာ ….၊ ဘုရားအိုကျောင်းပျက် နှောင်းရက်ကကြွေလွင့်ပုံဒဏ္ဌာ၊ မြေမှာပြိုလဲ မသဲကွဲသော ထိုကျောက်စာ အသေ အချာကြည့်ရင် အဖြေရှာ မသိနိုင် ရာဇ၀င်အခိုင်အမာ မရှိပါသော်လည်း မသဲကွဲသံသာ ညှင်းလေသုတ်ဖြူးလာ ဟိုတခါက ဘုရင့်တိုင်းနေပြည် သာယာ ရှိပါလေဖူး နန်းဦးသည်နေရာ တ၀ဂူဘုရား ရယ်နဲ့ တောင်းဆုပြုပန်သစ္စာ တပင်တိုင်မြနန်း အထွဋ္ဋ်အမြတ်ဂေဟာ လှမွန်ဆွေဦး ဖူးပွင့် သူဇာ လေ သာပြူ တင်းအဖွင့်မှာ လှမ်းလင့်လို့ မြင်လေသောခါ မေတ္တာဇာတ်လမ်းစရာ စောင်းအိုလုင် ပုံဒဏ္ဌာ x x x

ဘီဘီစီတွင် အသံလွှင့်ခဲ့သည့်ဆောင်းပါးအား ကူးယူဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts