>News & Media – Generations of Natural

>

သဘာဝ၏ မျိုးဆက်သစ်များ
မိုးမခ
မေ ၂၇၊ ၂၀၁၁


နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ မျိုးဆက်သစ်တို့အတွက် ၂၀၁၀ ခုနှစ် နွေရာသီအခြေခံ ပန်းချီသင်တန်း ဆင်းပွဲတွင် “အဖြူထည်တို့၏ပွဲ” ဟူ၍ ပန်းချီပြပွဲကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ယခု ၂၀၁၁ ခုနှစ်တွင် အင်္ဂလိပ်စာ အခြေခံသင်တန်းနှင့်တကွ ပန်းချီပညာရပ်ကိုလည်း စိတ်ဝင်စားသော မျိုးဆက်သစ်ကလေးများအား ဆရာဦး ၀င်းကြည်၊ ဒေါ်နုနုနှင့် ဒေါ်ရီရီခင်တို့မှ သင်ကြားပို့ချပေးခဲ့သည်။

ပန်းချီပညာရပ်အား သင်ကြားပို့ချခြင်း၏ ရည်ရွယ်ချက်မှာ ပန်းချီပညာရပ်သည် မျိုးဆက်သစ်ကလေးငယ်များ အတွက် သဘာဝတရား၏ အစစ်နှင့်အတုကို ခွဲခြားပိုင်းခြားဆုံးဖြတ်မှုတို့ကို ပေးစွမ်းနိုင်စွမ်းရှိသည်။ ပန်းချီပညာ ရပ်သည် ကောက်ကျစ်ခြင်း၊ ကွေ့ပတ်ခြင်း၊ လှည့်ဖြားခြင်း မရှိသဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အနာ ဂတ်ခေါင်းဆောင် မျိုးဆက်သစ်ကလေးငယ်များအတွက် မှန်ကန်သော အသိဉာဏ်၊ စစ်မှန်သော အသိတရား၊ ရိုးသားသောစိတ်ဓာတ်၊ တက်ကြွသောစွမ်းအားများကို ရရှိစေရန်၊ မွေးဖွားလာရန် ရည်ရွယ်၍ သင်ကြားပို့ ချပေးခြင်းဖြစ်သည်။

ထိုကဲ့သို့ သင်ကြားပို့ချရာတွင် Indoor သင်တန်းပို့ချမှု၌ ခဲကောက်ကြောင်းရေးချက်များကို အခြေခံအားဖြင့် သင်ကြားပို့ချခဲ့ပြီးသည့်နောက် စိတ်ကြိုက်ရေဆေးဆွဲခြင်းများကို ရေးဆွဲစေခဲ့သည်။ ယခု Indoor သင်တန်း ပို့ချမှုပြီးစီးသည့်နောက် Outdoor ရေးချက်များအဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အနီးအနားတွင် ရှိသော ကိုးဘွဲ့ရဘုန်းတော်ကြီးကျောင်းဝင်း အပြင်ဘက်ရှိသော ကြာကန်တွင် သွားရောက်၍ မျိုးဆက်သစ် ကလေးငယ်များသည် အားကြိုးမာန်တက် သွားရောက်ကာ ရေးဆွဲ လေ့ကျင့်မှုများကို ပြုလုပ်နေကြပြီဖြစ်သည်။



မကြာမီအချိန်ကာလတွင် “အဖြူထည်တို့၏ပွဲ” Vol:2 အဖြစ် မျိုးဆက်သစ်ကလေးငယ်များ၏ စိတ်ထဲ တွင် ပေါ်ပေါက်လာသော ရေးချက်များ၊ ခံစားချက်များကို အရှိကို အရှိအတိုင်း၊ ရိုးရှင်းစွာ ဖော်ကျူးကြသည့် ပန်းချီ လက်ရာမွန်များ၊ အနုပညာဖော်ကျူးမှုများကို သဘာဝအတိုင်း အများပြည်သူတို့ကို တင်ပြခွင့်ရရှိတော့မည်ဖြစ် သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts