>Kyaw Homes’s Poem

>

အော်သံ (သို့မဟုတ်) ဂရင်းနစ် စံချိန်တင်မယ့် ဖြစ်ရပ်များ
ကျော်ဟုန်း
မေ ၂၄၊ ၂၀၁၁

ကျုပ်တို့ အရပ်မှာ
မြွေပွေးနဲ့ မြေခွေးစပ် သတ္တဝါတွေလည်း ပေါ၊
ကျုပ်တို့ အရပ်မှာ
ချိုးဖြူငှက်ကို ကြော်ပြီး အရက်နဲ့မြည်းမယ့်သူတွေလဲ ပေါ၊

ကျုပ်တို့ အရပ်မှာ
ပန်းခြံမှာ လာနားတဲ့
ညဥ့်ငှက်လိုက် မုဆိုးတွေလည်း ပေါ၊

ကျုပ်တို့ အရပ်မှာ
ဆေးရှိလည်း ဈေးကြီးသမို့
‘အေ’ ထိတဲ့ ရောဂါသည်တွေလည်း ပေါ၊

ကျုပ်တို့ အရပ်မှာ
အားကစားကို လောင်းကစား ပြောင်း
ကမ္ဘာကျော် ဘောလုံးသမားတွေလည်း ပေါ၊

ကျုပ်တို့ အရပ်မှာ
နှစ်လုံးကို မက်လုံးဆွယ်လို့
ထွက်ပေါက်မဖြစ် ခွက်ပျောက်ရစ်တဲ့သူတွေလည်း ပေါ၊

ကျုပ်တို့ အရပ်မှာ
နန်းတော်ထဲမှာ မြေခွေးမြူးလို့
ရွှေမြေက ဖုန်းဆိုးမြေဖြစ် ကွက်လပ်တွေလဲ ပေါ၊

ကျုပ်တို့ အရပ်မှာ
မပေါတာဆိုလို့
‘အ ဝိရောဓနာ၊ ဗြမ္မစိုလ်နဲ့ လောကပါလ’ ပဲ ရှားနေလေတော့…

“လက်ပိုက်ကြည့်မနေကြပါနဲ့ အရပ်ကတို့ရေ …
ဂရင်းနစ်စံချိန်တင်လိုက်ရင် ဒုက္ခပါပဲဗျို့”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts