>NLD youth reachout to public and young generation in Irrawaddy and beyond

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

အင်န်အယ်ဒီလူငယ်များ ဧရာဝတီတိုင်းအတွင်း လူငယ်များ၊ ပြည်သူများနှင့် ထိတွေ့
မိုးမခ၊ မေ ၂၄၊ ၂၀၁၁
          လက်ရှိစစ်အုပ်စု၏ ဥပဒေစည်းမျဉ်းများအရ တရားဝင်ပါတီအဖြစ် သတ်မှတ်ခြင်း မခံရသည့် မြန်မာပြည်၏ တခုတည်းသော အတိုက်အခံပါတီဖြစ်သော အင်န်အယ်ဒီသည် မြန်မာပြည်တွင်းရှိ နိုင်ငံရေး၊ လူမှုရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စိတ်ဝင်စား တက်ကြွသူ လူငယ်မျိုးဆက်များ၊ ပြည်သူလူထုများနှင့် စဉ်ဆက်မပြတ် ထိတွေ့မှုများ၊ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
          ယခင်ရက်များအတွင်းက အင်န်အယ်ဒီပါတီ၏ လူငယ်လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ဝင်များက ဧရာဝတီတိုင်း လူငယ်အကူအညီပေးရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။ မြန်မာပြည်အတွင်း အင်န်အယ်ဒီပါတီကို ထောက်ခံအားပေးသော ၀ိုင်းဝန်းရပ်တည်သော လူငယ်များ၊ မိတ်ဆွေများ၊ ကွန်ယက်များဖြင့် ထိုသို့ တွေ့ဆုံဆွေးနွေးကြခြင်းဖြင့် မြို့နယ်အသီးသီးတွင် လုပ်ငန်များ အင်အားများ ဖော်ဆောင်လာနိုင်လိမ့်မည် မျှော်လင့်ကြောင်း ပန်းတနော်မြို့နယ်က အင်န်အယ်ဒီမိတ်ဆွေတဦးက မိုးမခသို့ ပြောကြားသည်။
          ရန်ကုန်မြို့အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် အင်န်အယ်ဒီပါတီဝင်များ၊ မိတ်ဆွေများ၊ ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လက်ရှိ စစ်အုပ်စု၏ ကြံ့ဖွံ့အစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုမှုများ ပြုလုပ်လျက်ရှိရာ အဓိကတောင်းဆိုချက်တခုမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၊ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုထားသည်။ မြန်မာပြည်အနှံ့နှင့် ပြည်ပနိုင်ငံများက မြန်မာများ၊ နိုင်ငံတကာက ထောက်ခံသူများကလည်း ထိုလက်မှတ်ရေးထိုး လှုံဆော်မှုကို ၀ိုင်းယံလျက်ရှိသည်ဟု ဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts