>News & Media – NLD Photo Exhibition

>

ပထမဆုံးအကြိမ်အဖြစ် အလင်းနဲ့ရေးတဲ့ပန်းချီဓာတ်ပုံပြပွဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်ကျင်းပမည်
မိုးမခ၊ မေ ၁၉၊ ၂၀၁၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးဌာနနှင့်ပြင်ပဓါတ်ပုံအနုပညာရှင်များ၏ ပူးပေါင်းဆောင် ရွက်မှုအဖြစ် “အလင်းနှင့် ရေးတဲ့ပန်းချီ” (Sketching with Light) ဓာတ်ပုံပြပွဲကို ပထမဆုံးအကြိမ် အဖြစ် မေ လ ၂၃ ရက်နေ့မှ မေလ ၂၅ ရက်နေ့ထိ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၊ ဌာနချုပ်ခန်းမတွင် ကျင်းပသွားမည်ဖြစ် သည်။

ယင်းပြပွဲတွင် လူငယ်အမျိုးသမီးဓါတ်ပုံပညာရှင် (၄) ဦး အပါအ၀င် ဓါတ်ပုံအနုပညာရှင်စုစုပေါင်း (၃၇) ဦးမှ ၄င်းတို့၏ဓါတ်ပုံများကို ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ပြပွဲတွင်ရောင်းချရှိငွေအားလုံးကို ဒေါ်အောင်ဆန်းစု ကြည်ကိုယ် တိုင်ဦးစီးဆောင်ရွက်နေသော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ လူမှုရေးလုပ်ငန်းများအတွက် လှူ ဒါန်းသွားကြမည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts