>News & Media

>

ဒေါ်အောင်ဆန်းစုကြည်အားဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့တွင် အဲန်အယ်လ်ဒီမှ ခေတ်ပေါ်ဂီတပြိုင်ပွဲကျင်းပမည်
မိုးမခ၊ မေ ၁၉၊ ၂၀၁၁

လာမည့် ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ (ဒေါ်အောင်ဆန်းစုကြည်ေ မွးနေ့) အား ဂုဏ်ပြုသောအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ခေတ်ပေါ်ဂီတပြိုင်ပွဲကျင်းပမည်ဟု သိရ ပါသည်။

အဆိုပါပြိုင်ပွဲသို့ ပြည်နယ်/တိုင်းကိုယ်စားပြု ပြိုင်ပွဲဝင် (၁) ဖွဲ့စီဝင်ရောက်ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး ပြည်နယ်/တိုင်း အတွင်းရှိ တိုင်းရင်းသားလူမျိုးစုအလိုက်လည်း ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။ ထို့ပြင် အဲန်အယ်ဒီ မဟုတ်သည့် တိုင်းရင်းသားလူမျိုးများလည်း ၀င်ရောက်ယှဉ် ပြိုင်နိုင်ကြောင်းသိရသည်။

ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် ယှဉ်ပြိုင်မည့် သီချင်းသည် မိမိတို့ကိုယ်တိုင်ရေးစပ်သီကုံးထားသော ကိုယ်ပိုင် သံဖြစ်ရမည်ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစုများအနေဖြင့်လည်း မြန်မာသံစဉ် (သို့မဟုတ်) မိမိတို့ ဘာသာစ ကာြး ဖင့်ရေးစပ်သီကုံးထားသည့် သံစဉ်စာသားများဖြင့် ၀င် ရောက် ယှဉ်ပြိုင်နိုင်ကြောင်းသိရသည်။ မိမိတို့ ယှဉ်ပြိုင် မည့်သီချင်းအား စီဒီ (CD) ခွေဖြင့် သွင်းပြီး ၂၀၁၁၊ မေလ (၃၀) ရက်နေ့ နောက် ဆုံးထားကာ ပြိုင်ပွဲကျင်း ပရေးကော်မရှင်ဆီသို့ပေးပို့ရမည်ဖြစ်ပြီး ကော်မရှင်အနေဖြင့် စိစစ်ပြီးမှသာလျှင် ၀င်ရောက် ယှဉ်ပြို င်နိုင် မည် ဖြစ်သည်။ ထို့ပြင် တီးခတ်၊ သီဆို ယှဉ်ပြိုင်မည့် လူဦးရေးစာရင်းကိုလည်း တပါးတည်းပေးပို့ရမည်ဖြစ် သည်။

ပြိုင်ပွဲအား ၂၀၁၁ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့၊ နံနက် (၁၀) နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး လိုအပ် သည့်ဂီတပစ္စည်းများကို ကျင်းပ ရေးကော်မရှင်မှ စီစဉ်ပေးမည်ဖြစ်သည်။ ပြိုင်ပွဲအား ယှဉ်ပြိုင်ရာတွင် ပတ်လည် စနစ်ဖြင့်ယှဉ်ပြိုင်စေမည်ဖြစ်ပြီး နောက်ဆုံး အဖွဲ့ (၅) ဖွဲ့အား ဇကာတင်ရွေး ချယ်ကာ မြန်မာနိုင်ငံ အမျိုး သမီများနေ့ (ဒေါ်အောင်ဆန်းစုကြည်မွေးနေ့) ဖြစ်သည့် ဇွန် ၁၉၊ ၂၀၁၁ နေ့တွင် အပြီးသတ် ယှဉ်ပြိုင်စေ မည်ဖြစ်သည်။

အကဲဖြတ်စနစ်အား သံစဉ်၊ စာသား၊ သီဆိုမှု၊ တီးခတ်မှုတို့ဖြင့် အကဲဖြတ်ဒိုင်များ၏ အမှတ်ပေးအဆုံး အဖြတ်ဖြင့်သာ အတည်ပြုမည်ဖြစ်ပြီး အများအဆုံးရရှိသူအား ဆုချီးမြှင့်မည်ဖြစ်သည်ဟု သိရပါသည်။ အသေး စိတ်အချက်အလက်များကိုလည်း ပွဲကျင်းပရေးကော်မရှင်ထံ တွင် စုံစမ်းနိုင်ကြောင်းသိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts