>Than Soe Hlaing -Naypyidaw – the city of diserted streets with dusty buildings (2)

>

နေပြည်တော် သို့မဟုတ် ဖုန်မြို့တော်နှင့် လူမရှိသည့်လမ်းမကြီးများ (၂)
သန်းစိုးလှိုင်၊
မေလ ၁၇ ၊ ၂၀၁၁

နေပြည်တော် လူမရှိသည့်လမ်းမှ စစ်ဆေးရေးဂိတ်များ


လမ်းမကြီးတွေကို ဖောက်လုပ်ထားသည်မှာ အရပ်မျက်နှာနှင့် ဒေါင့်မှန်ကျသည့် အနေအထားမျိုး မဟုတ်သည် ကို တွေ့ရသည်။ နဂိုက ရှိပြီးသား ပျဉ်းမနား တောင်ညိုလမ်းကိုမူတည်ပြီး သပြေကုန်းအ၀ိုင်းပေါ် လာရာ မှ နောက်ထပ်ကြာပန်းအ၀ိုင်း၊ တဖန် ကြာပန်းနှစ်ထပ် အ၀ိုင်း၊ ယခုနောက်ဆုံး တောင်ညိုလမ်းေ ပ်ါမှ ပြန် ကပြေး ရွာအနီး ဇီဇ၀ါအ၀ိုင်း စသဖြင့် ထပ်တိုးလာသည်ကိုတွေ့ရသည်။ နကိုကတည်းက အကွက်ချ တည် သည့် မြို့မဟုတ်သဖြင့် လမ်းမကြီး တစ်ခုနှင့်တစ်ခုဆက်သွယ်ပုံကို အရပ်မျက်နှာ ဒေါင့်ဖြင့် မှန်းဆရခက်ခဲ့သည့် အနေ အထားလည်း ဖြစ်သည်။

လမ်းမကြီးတွေဖောက်လုပ်တိုင်း လူလျှောက်လမ်း ပလက်ဖောင်းတွေပါ တွဲလျှက်ပါရှိသည်။ သို့ပေမယ့် အဆိုပါ လူသွားလမ်းတွေ လျှောက်နေသည့် သူမရှိသလောက် ရှားပါးလှသည့် တနေရာနှင့် တနေရာ ဝေးကွာလွန်း လှသည့်အဖြစ်ကြောင့် မည်သူမျှ လမ်းလျှောက် သွားဖို့ရာ မဖြစ်နိုင်။ ဆိုင်ကယ်၊ ကားဖြင့်သာ သွားလာကြသည် ကိုတွေ့ရသည်။

ထိုလူသွားလမ်းတွေမှာ လပိုင်းအတွင်း သို့မဟုတ် တစ်နှစ် နှစ်နှစ်အတွင်း ကွဲအက်ခြင်း ၊ ပျက်စီးစပြုလာသည့် အဖြစ်မျိုးကိုလည်း တွေ့မြင်နေရသည်။ တိုင်းပြည်ရဲ့ အသုံးစရိတ်ထဲမှ သန်းပေါင်း များစွာ၊ ကုဋေပေါင်းများစွာေ သာ ငွေတွေကို လူမရှိသည့် လမ်းမကြီးများ ဖောက်လုပ်ရာတွင် သုံးစွဲနေသည်ကို အံ့သြစွာတွေ့ရ မည် ဖြစ် သည်။

ပျဉ်းမနား-တောင်ညိုကားလမ်းပေါ်ရှိ ဈေးတန်း

နောက်ပိုင်းဆောက်သည့် လမ်းများအားလုံးမှာ ကွန်ကရစ်လမ်းများသာဖြစ်သည်။ ကွန်ကရစ်လမ်းများဖြစ်သဖြင့် ကတ္တရာလမ်းထက် မျက်နှာပြင်ညီညာ လိမ့်မည်ဟု မျှော်လင့်၍မရပေ။ ကွန်ကရစ်လမ်းများမှာ မြန်မာနိုင်ငံမှ ကတ္တရာလမ်းများကဲ့သို့ပင် လှိုင်းများ အချို့နေ ရာတွင် ပျက်စီးစပြုသည့် ချိုင့်ငယ်များကိုတွေ့ရမည် ဖြစ်သည်။

ယခု ဖော်ပြခဲ့သည်မှာ နေပြည်တော်ဟုခေါ်သည့် ပျဉ်းမနားမြို့ပြင်ပ ကြပ်ပြေး၊ တောင်ညိုသွားကားလမ်း ဗူးကွဲ ရွာ စသည့်နေရာများ ဖြစ် သည်။ ပျဉ်းမနားမြို့ကတော့ လွန်ခဲ့သည့် ၄ နှစ်ကျော်ကာလကအတိုင်းဘာမှ အပြောင်း လဲမရှိသည်ကိုတွေ့ရမည် ဖြစ်သည်။


● ပျဉ်းမနား (သို့မဟုတ်) နင်းကြမ်း

ပျဉ်းမနား (သို့မဟုတ်) နင်းကြမ်းမြို့တော်ရဲ့ ဆောက်လုပ်ရေးမြင်ကွင်းတခု


ပျဉ်းမနားမြို့အမည် မတွင်ကျယ်ခင် မြန်မာမင်းများ လက်ထက်က “နင်းကြမ်း” ဟုခေါ်ဆိုကြသည်ဟု မြို့တည် သမိုင်းများအရသိရ သည်။ ယခုထက်တိုင် ပျဉ်းမနား ဘူတာဟောင်းတွင် Nin Gyan ဆိုသည့် မြို့အ မည် တွေ့နိုင်သေးသည်။ မြန်မာတနိုင်ငံလုံး အင်္ဂလိပ် သိမ်း ပိုက်ပြီးနောက် ချော စာများ၊ ကြေး နန်းများ ပေးပို့ ရာတွင် မြင်းခြံနှင့် နင်းကြမ်း Myin Gyan -Nin Gyan မှားလွန်းသဖြင့် ပျဉ်းမနား မြို့ အမည် သို့ ပြောင်း လဲခဲ့သည်ဟု နောက်ခံသမိုင်း နှံ့စပ်သူ ပျဉ်းမနားမြို့ခံ တဦးကပြောသည်။ ပျဉ်းမနားဆိုသည့် အမည် မှာ လယ်ေ ၀း ဘက်မှ ရန်ကုန်မန္တလေး ကားလမ်းအတိုင်းလာလျင် ပျဉ်းမနားမြို့အ၀င်တွင် “ပျဉ်မုံန” ဆိုသည့် ရွာကိုအစွဲပြုပြီးခေါ်သည်ဟုလည်း အဆိုပါ မြို့ခံကပြောပြသည်။ အဆိုပါရွာကို ပျဉ်းမနားမြို့ဟောင်းဟု လည်း ခေါ်ဆိုခဲ့ကြသည်ဟု ဆိုသည်။ ထိုသို့သော ရာဇ၀င်ရှိသည့်မြို့ကို နအဖ စစ်အစိုးရခေါင်းဆောင်များက မြို့တော် အဖြစ်တည်ရန် ရွေးချယ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

နေပြည်တော်သို့ ပြောင်းခါစက ပျဉ်းမနားမြို့တွင်း လမ်းတွေချဲ့ဖို့ ပြုဖို့ တိုင်းထွာခဲ့ကြဖူးသည်။ မင်္ဂလာကန်ရှေ့ နှင့် ရွှေချီရပ်မှ အချို့ အိမ် တွေလည်း လမ်းချဲု့သည့် အထဲပါသွားသဖြင့် မျက်နှာစာတွေကို ဖျက်ပေးခဲ့ရဖူး သည်။ နောက်ပိုင်းမှာ မြို့ကို ဒိထက်ပို ကောင်းအောင် မလုပ်ဖို့ စစ်အစိုးရက ဆုံးဖြတ်ခဲ့ဟန်တူသည်။ မြို့ထဲမှ လမ်းများ၊ လူသွားလမ်း ပလက်ဖောင်းများ ဘာမျှ အပြောင်းအလဲမရှိ၊ ရုပ်ရှင်ရုံလည်း နကိုအတိုင်း၊ ငလိုက်ေ ချာင်းဖြတ်သည့် တံတားလည်း နကိုအတိုင်း ကျဉ်းမြဲကျဉ်းလျှက်၊ ကားနှင့်ဆိုင်ကယ်များသာ နဂိုက ထက်များ လာ သည်။ ပျဉ်းမနားမြို့ခံအချို့ကတော့ သူတို့မြို့ကို နဂိုအတိုင်း ရှိစေချင်သည်။ နဂိုလမ်းနှင့် သူတို့ရဲ့ အိမ်နီးချင်းတွေ၊ မိတ်ဆွေများ အတိုင်း ပျဉ်းမနားကို ရှိနေစေချင်သည်။ ယခုအချိန်ထိတော့ ပျဉ်းမနားမြို့ မှာ နေပြည်တော်ထဲ ထည့်မသွင်းမီ အနေအထား၏ ၅၀ ရာနှုန်းလောက် ရှိနေသေးသည်။

နေပြည်တော် ဖြစ်လာပြီးနောက် ပျဉ်းမနားဘက်တွင် ပထမဆုံးအပြောင်းအလဲက တည်းခိုခန်းများလာခြင်း ပင်ဖြစ် သည်။ ထို့နောက် ကားတွေ ဆိုင်ကယ်တွေများလာသည့် အဖြစ်၊ နဂိုက ဆိုက်ကား၊ ဆိုင်ကယ်နည်း နည်းနှင့်မြို့မှာ ယခုတော့ ကားကောင်းကားလှတွေ ၀င်လိုက်ထွက်လိုက်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကားတွေ ၀င်လာလိုက်နှင့် ရှုပ်ထွေးလာသည်။ ရေဆင်းမှ သပြေကုန်းမြို့မဈေးသို့ ပြေးဆွဲ သည့် တော်ဝင်ဘတ်စ်ကားကြီးတွေ မြို့တွင်းလမ်းကို အရှိန်ဖြင့်ဖြတ်မောင်းသည့်အခါ ဆိုက်ကားတွေ၊ ဆိုင်ကယ်တွေက ရှောင်ပေး ကြရသည်။ ထိုသို့သော အနေအထားကို ပျဉ်းမနားမြို့ခံတွေက မနှစ်သက်ကြ။ စားသောက်ဆိုင်တွေ တိုးပွားလာသည်၊ အသားငါး အသီးအရွက်တွေ ဈေးမြင့်တက်လာသည်။ ၀ယ်အားက များပြီး ထုတ်လုပ်မှုက ၀ယ်အားနောက် မလိုက်နိုင်။ ကိုယ့်ဝင်ငွေလေးနှင့် နေထိုင် သူမြို့ခံများ အဖို့ ရေမြင့်ပြီးကြာမမြင့်လာသဖြင့် နစ်လာသည့် သဘောဖြစ်သည်။ နကိုက ခပ်ကုပ်ကုပ် လက်ဘက်ရည် ဆိုင်တွေက ယခု ခမ်းခမ်းနားနား ရန်ကုန်နှင့် မန္တလေးတို့မှ လာရောက်သည့် ဧည့်သည်ေ တွ နေပြည်တော်ဘက်မှလာသည့် စစ်အရာရှိများဖြင့် ပြည့်နေ သည်ကိုတွေ့မြင်နေ ရသည်။

၂၀၀၆ ခုနှစ်ပြောင်းရွှေ့ခါစ ပျဉ်းမနားမြို့ထဲတွင် တရုတ်စားသောက်ဆိုင်က ရွှေအိုးကြီးနှင့် အေးဇင်အောင် ၂ ဆိုင်သာရှိသည်။ ထိုစားသောက်ဆိုင်များမှာ ရန်ကုန်တွင်ဆိုပါက ဆင်ခြေဖုန်းရပ်ကွက်မှ သာမန် စားသောက် ဆိုင် သာသာပဲဖြစ်သည်။ ၀န်ကြီး ဒုဝန်ကြီးတွေကို ဧည့်ခံသည့်အခါ ရွှေအိုးကြီးလို တရုတ်ဆိုင်တွေမှာ ကုမ္ပဏီပိုင်ရှင်တွေက ဧည့်ခံကျွေးမွေးကြသည်။ လက်ဘက်ရည်ဆိုင်ဆိုပါကလည်း ၄၊ ၅ ၊ ၆ဆိုင်သာရှိပြီး ယခု လို ယူနန်အသားကင်ဆိုင်၊ ဘီယာဆိုင်တွေမရှိသေး။ ယခုတော့ အသားကင်ဆိုင်တွေ၊ ဘီယာဆိုင်တွေ ဖြင့်စည် ကားနေသည်ကိုတွေ့ နေရပြီ။ နေပြည်တော်ဘက်တွင် ဟိုတယ်ကြီးတွေပေါ်ထွက်လာပြီးနောက် အစိုးရအဖွဲ့ ၀င် ၀န်ကြီးတွေကို ယခုလို အနုတ်စုတ် ဂုတ်စုတ် စားသောက်ဆိုင်တွင် မည်သူကမှ ဧည့်ခံဝံ့ကြမည်မဟုတ်ေ တာ့။

ခြောက်ကပ်ကပ်နေပြည်တော် အိမ်စု


မြို့ထဲမှ အိမ်ဝိုင်းနှင့်မြေတချို့ရန်ကုန်မှလာသည့် ကုမ္ပဏီတွေ ၀ယ်ယူလိုက်ကြသလို အချို့ကို နှစ်ချုပ်ဖြင့် ငှားရမ်းလိုက်ကြသည်။ ထို့နောက် ကုမ္ပဏီဆိုင်းဘုတ်တွေ တင်လိုက်ကြသည်။ ကုမ္ပဏီသုံး ထရပ်ကား အလတ် စားတွေ ရပ်နားထားကြပြီး ၀န်ထမ်းတွေ နေထိုင်ကြသည်ကို တွေ့လာရသည်။

နောက်မှ ဆောက်လုပ်သည့် ကြပ်ပြေးနေပြည်တော်ဘက်တွင် မည်သည့်အခါမျှ လျှပ်စစ်မီးမပျက်သော်လည်း ပျဉ်းမနားမြို့ကတော့ စနေတနင်္ဂနွေ ရုံးပိတ်ရက်များတွင် မှန်မှန်ပျက်လေ့ရှိသည်။ ပျဉ်းမနားမြို့ကို နဂိုဓါတ်အား လိုင်းကြိုးအဟောင်း၊ ထရန်စဖော်မာဟောင်း ဖြင့်ထားရှိခြင်းကြောင့် လျှပ်စစ်ဓါတ်အား များများစားစား မဖြန့်ဖြူးနိုင်ခြင်းဖြစ်သည်ဟု မြို့ခံတွေကပြောသည်။

ပျဉ်းမနားမြို့ခံများအဖို့ ဆုတ်ယုတ်မှု တစ်ခုကတော့ ပျဉ်းမနားဘူတာကို ရွာတော်ဘက် ရွှေ့လိုက်သည့် အဖြစ်ပင်။ နဂိုမြို့ထဲမှာပင်ရှိနေသည့် ဘူတာကို ပျဉ်းမနားမြို့မှ အတော်လှမ်းသည့် ရွာတော်အလွန် သို့ရွှေ့လိုက်သဖြင့် ကား (သို့မဟုတ်) ဆိုင်ကယ်ဖြင့်မသွားလျှင် မရ တော့သည့် အကွာအဝေးေ ရာက် သွားသည်။ မြို့ခံများအဖို့ ခရီးသွားလျှင် ရထားအစား ဘတ်စ်ကားကိုသာ ပိုသုံးလာရတော့သည့် အခြေ အနေဖြစ် သွားသည်။

ပျဉ်းမနားမြို့အဖို့ နေပြည်တော် ပြောင်းရွှေ့လာသည့် အတွက် အဆိုးချည်းသာကြုံရတာလားဟု မေးလျှင်ေ တာ့ ကောင်းသည့်အချက်လည်း ရှိသည်ဟု ဖြေရပါမည်။ မြို့ခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပင် ဖြစ်သည်။ ကုမ္ပဏီတွေ ရုံးလာစိုက်၊ ရုံးခွဲလာဖွင့် ၊ အစိုးရရုံးကိစ္စဖြင့် နေပြည်တော်လာကြသူများ ပျဉ်းမနား တွင်တည်းခိုကြသဖြင့် ၀န်ဆောင်မှု အပိုင်း ပိုလိုအပ်လာသဖြင့် အလုပ်အကိုင် ရလာသည့်အဖြစ်လည်း ရှိပါသည်။ နောက်တချက်ကတော့ အိမ်တွေမြေတွေဈေးမြင့်တက် သွားသည့်အဖြစ်ပင်။ နေပြည်တော်ပြောင်းေ ရွှ့ခါစမှာ ပျဉ်းမနားမြို့ထဲရှိ မြေကွက်တွေ၊ အိမ်တွေရဲ့ ဈေးက ၃ ဆ၊ ၄ ဆ ခုန်တက်ကုန်သည်။ အမွေဆိုင်အိမ်များ၊ မိသားစုက ရန်ကုန်မှာနေပြီး ပျဉ်းမနားမှာရှိသည့် အိမ်၊ ခြံကို ဒီအတိုင်းပြစ်ထားရသူတွေက ထိုအချိန်တွင် ဈေးကောင်းရသဖြင့် ထုတ်ရောင်းလိုက်ကြသည်။ စစ်အစိုးရအဖွဲ့ ပြောင်းရွှေ့မည့် သတင်း မထွက်မီ သိန်း ၆၀ တန်သည့် တိုက်ဟောင်းဟောင်းနှင့် မြေတွဲလျှက်က ပြောင်းရွှေ့ပြီးနောက် သိန်း ၃၀၀ ဖြစ်သွားခဲ့သည်။

ခြောက်ကပ်ကပ်နေပြည်တော် အိမ်ယာနှင့်လမ်း

ယခု ဖော်ပြသည်များမှာ စစ်အစိုးရက မြို့တော်နှင့် အစိုးရအဖွဲ့ကို ပျဉ်းမနားဒေသသို့ ပြောင်းရွှေ့ပြီးနောက် သက်ရောက်မှုများပင် ဖြစ်သည်။ ယနေ့ ပျဉ်းမနားမြို့ရဲ့ မြင်ကွင်းမှာ တပ်မြို့တမြို့မြင်ကွင်းမျိုးနှင့်လည်း အလား သဏ္ဍန်တူနေသည်။ နံနက်စောစော ပျဉ်းမနား ဈေးကြီးတ၀ိုက်တွင် ရိက္ခာလာဝယ်သည့် စစ်ထရပ်ကားတွေ၊ စစ်အရာရှိကားတွေမြင်တွေ့ရမည်ဖြစ်သည်။ လက်ဘက်ရည်ဆိုင်များ တွင်လည်း ကုမ္ပဏီကားများနှင့် ၀န်ထမ်း များ၊ စစ်အရာရှိ မိသားစုများဖြင့် စည်ကားနေသည်မှာ ပျဉ်းမနားမြို့ရဲ့ ယနေ့ပုံရိပ်များ ပင် ဖြစ်တော့ သည်။ ကြပ်ပြေး နေပြည်တော်ဘက်ရှိဝန်ထမ်း အိမ်ရာများဘက်မှ ပုံရိပ်များကို လည်း ရှေ့တွင် ဆက်လက်ေ ဖ်ာပြသွားပါဦးမည်။

(ဆက်လက်ဖေါ်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts