မိုးမခလူကြီးများ ရသဆောင်းပါးစုံ မောင်မိုးသူ

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင့် ဘကြီးမိုး

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင့် ဘကြီးမိုး
 
ဘကြီးမိုး    (ကုမုဒြာဂျာနယ်)  မိုးမခ ။   ဇွန် ၂၁ – ၂၀၁၆
 
   ဇွန် ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဖြစ်ပါတယ်။
မွေးနေ့အတွက် ဘကြီးမိုးဆီကို ပထမဆုံး လှုံ့ဆော်မှုက စကိုင်းနက် Up to Date အတွက်  ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့
လုပ်ဖော်ကိုင်ဖက်များနဲ့ အင်တာဗျူး ရက်ချိန်းတောင်းပါတယ်။ စကိုင်းနက်အတွက် အင်တာဗျူး
ရက်ချိန်းပေးပြီးချိန်လောက်မှာပဲ MRTV ကလည်း ရက်ချိန်းတောင်းပါတယ်။ အရင်တုန်းကတော့
ဘကြီးမိုးဟာ စကိုင်းနက်တို့ MRTV တို့ကို အင်တာဗျူး ပေးလေ့မရှိပါဘူး။ လက်မခံပါ။ ယခုတော့
ဘောလုံးပဲတွေ လောက်ပဲကြည့်တဲ့ စကိုင်းနက်ကိုလည်း
လွှတ်တော်သတင်းနဲ့ သတင်းတွေလည်း ကြည့်ရပါတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ပြည်သူ့အစိုးရခေတ်မှာ
စကိုင်းနက်ကလည်း ရုပ်သံမီဒီယာသဘောတရားအရ သူကလည်း ပြောင်းလဲလာတာပါပဲလေ။ ဘကြီးမိုးလည်း
အင်တာဗျူး လက်ခံရတော့တာပေါ့။
          ဘကြီးမိုးရဲ့ အိမ်မှာ ကြေးမုံသတင်းစာကို
တစ်လ ကျပ် ၂၀၀၀ နှုန်းနဲ့ ဟိုးရှေးအရင့် အရင်ကပဲ ယူခဲ့တာပါ။ ဒါပေမဲ့ ၃၁ လမ်း အပေါ်လမ်း
ပထမထပ်မှာနေတဲ့ ဘကြီးမိုးအိမ်ခန်းကို ကြေးမုံရောက်ချိန်မှာ ၁၂း၀၀ နာရီနောက်ပိုင်း ဖြစ်လေတော့
ဖတ်မိတဲ့ အခါလည်းရှိ၊ မဖတ်မိတဲ့အခါက များပါတယ်။ သတင်းဖတ် စရာမှ မရှိဘဲကိုး။ အဲ နာရေးသတင်းကိုတော့
ကြည့်ရတယ်။ ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ။ အစိုးရသစ် ဖွဲ့စည်းပြီးနောက် ပြန်ကြားရေးဝန်ကြီးက
ဘကြီးမိုးတို့ရဲ့ ရေးဖော်ကြီး ကိုဖေမြင့် ဖြစ်လာပြီးတဲ့နောက် မြန်မာ့အလင်းတို့ ၊ကြေးမုံတို့မှာ
ဝင်ရေးနေရပါတယ်။
          စကိုင်းနက်နဲ့ မြန်မာ့ရုပ်မြင်သံကြားအတွက်
အင်တာဗျူး လုပ်ပေးချိန်မှာ Eternal Light က ဆွေဆွေမျိုးနွယ်ကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
အမှတ်တရ တစ်ခုခု လုပ်ဖို့ပြောမိရာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ ၁၉၈၈ မတိုင်မီ နေ့စွဲမှတ်တမ်းသဘော
ဒေါ်စု မူလတန်းမှသည် မြန်မာပြည်မှာ နေခဲ့သည့် ကျောင်းများ၊ သူ့မိခင် ဒေါ်ခင်ကြည်နဲ့လိုက်ပါသွားပြီး
ဒါဂျီလင်မှာ နေခဲ့ရသည်မှသည် အောက်စဖို့ဒ် မှာ ပညာသင်ရတာ၊ ဘွဲ့ယူခဲ့တာ၊ ကုလသမဂ္ဂမှာ ၀န်ထမ်းလုပ်ခဲ့တာ၊
ဆရာမိုက်ကယ်နဲ့ အိမ်ထောင်ကျ၊ သားနှစ်ယောက် ထွန်းကား ၊သားတွေကို မြန်မာပြည်ပြန်လာ ရှင်ပြုခဲ့ပုံမှ
နောက် သူ့မိခင် ဒေါ်ခင်ကြည် ကျန်းမာရေးအတွက် မြန်မာပြည် ရောက်ရှိနေစဉ် ရှစ်လေးလုံးအရေးတော်ပုံကြီး
ဖြစ်ပေါ်မှုနဲ့ တိုက်ဆိုင်ပါတယ်။ မောင်သော်က၊ ဦးဝင်းတင်၊ ဘကြီးမိုးတို့က စာပေနဲ့ အနုပညာရှင်များ
ဆိုပြီး လက်မှတ်ရေးထိုးတဲ့ ကမ်ပိန်းလုပ်ပြီး ကျောင်းသားတွေနောက် လမ်းပေါ်ကို ထွက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးထွေးမြင့်နဲ့အတူ ပြည်သူသို့ ပန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။
အရေးတော်ပုံလှုပ်ရှားသူများနဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ကျောက်စားပွဲဝိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ
လုပ်ခဲ့ကြပါတယ်။ အဲသည်အချိန်မှာ စာနယ်ဇင်းသမဂ္ဂဖွဲ့စည်းပြီး ဖြစ်လို့ ဥက္ကဋ္ဌက မောင်သော်က၊
ဒုဥက္ကဋ္ဌက ဦးဝင်းတင်၊ အတွင်းရေးမှူး က ဘကြီးမိုး ဖြစ်ပါတယ်။
          စာနယ်ဇင်းသမဂ္ဂရန်ပုံငွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့
အင်တာဗျူးတစ်ခွေ ရိုက်ကူးဖြန့်ချိခဲ့ပါတယ်။ ဥက္ကဋ္ဌ မောင်သော်က က အဖွင့်မိန့်ခွန်းပြောပြီး
ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးအမြင်များ၊ မြန်မာပြည်နိုင်ငံရေးအေါ့်
သဘောထားများ အင်တာဗျူးမေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒိုးဒိုးဒေါက်ဒေါက် ပြောကြားခဲ့ပါတယ်။
နောက်  အောင်စုတင် (ဦးအောင်ကြီး ၊ဒေါ်အောင်ဆန်းစုကြည်၊
ဦးတင်ဦးတို့ သုံးဦးပေါင်းပြီး ) နိုင်ငံရေးပါတီကြီး တစ်ခု တည်ထောင်ဖြစ်လာတော့ အရေးတော်ပုံတပ်သားများအားလုံး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။
          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပြီးနောက်
နိုင်ငံရေးတိုက်ပွဲတွေအမျိုးမျိုး လုပ်ဆောင်ရင်း ၁၉၈၉ မှာ ခေါင်းဆောင်အားလုံး လိုလို
အဖမ်းခံရတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ၁၀(ခ) နေအိမ် အကျယ်ချုပ်ခံရပါတယ်။ အဲသည်လို အမှုဆောင်
တော်တော်များများ အဖမ်းခံရချိန်မှာ ၁၉၉၀ ရွေးကောက်ပွဲ ဖြစ်လာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ရွေးကောက်ပွဲဝင်ကြပါတယ်။ ဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည် တို့ကတော့ အရွေးခံခွင့် မရခဲ့ပါဘူး။
          ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
အများစု အနိုင်ရခဲ့ပေမဲ့ ဂန္ဒီအစည်းအဝေးအပြီး အင်န်အယ်လ်ဒီ ကို အာဏာမလွှဲတဲ့အပြင် အရွေးခံရတဲ့
ခေါင်းဆောင်တွေကိုပါ ဘကြီးမိုးတို့ရှိရာ အင်းစိန်ထောင်ထဲကို ရောက်လာကြပါတယ်။
          ၂၀၀၈ နာ၈စ်အပြီး အညေခခံဥပဒေကို အတည်ပြုပြီး
၂၀၁၀မှာ ရွေးကောက်ပွဲ လုပ်ပါတယ်။ အင်န်အယ်လ်ဒီ ၀င်မရွေးခဲ့ပါ။သမ္မတ ဦးသိန်းစိန် ရဲ့
လွှတ်တော်အစိုးရ တက်လာပါတယ်။ ဦးသိန်းစိန် အစိုးရရဲ့ အထူးခြားဆုံး လုပ်ရပ်ကတော့ တစ်ပြည်လုံး
ကန့်ကွက်ဆန္ဒပြနေကြတဲ့ မြစ်ဆုံစီမံကိန်း သူ့သက်တမ်းမှာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာရယ်၊
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ကို ပါဝင်လာအောင် လုပ်ဆောင်နိုင်ခဲ့လို့
ဒေါ်အောင်ဆန်းစုကြည်အမှူး ပြုတဲ့ အင်န်အယ်လ်ဒီကိုယ်စားလှယ်များ လွှတ်တော်ထဲ ရောက်လာပါတယ်။
          အဲသည် အဲသည်ကတဆင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး
ပြုလုပ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြောင်းလဲချိန်တန်ပြီ
ဆိုတဲ့ အသံနဲ့အတူ ပြည်သူလူထု တရပ်လုံး လက်သန်းကလေးများ မှင်အစွန်းခံပြီး တခဲနက် ဆန္ဒမဲပေးလိုက်လို့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ လွှတ်တော်သုံးရပ်လုံး အနိုင်ရကာ သမ္မတဦးထင်ကျော်နဲ့
ပြည်ထောင်စုအစိုးရ ၊တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်များလည်း အင်န်အယ်လ်ဒီမှ ဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး
၊ပြည်ထောင်စုဝန်ကြီး တာဝန်ယူခဲ့ပြီးတဲ့နောက် အစိုးရတဖွဲ့လုံးက ပြည်သူ့အတွက် ရက် ၁၀၀
ဆိုပြီး ပြုပြင်ပြောင်းလဲရေး၊ တည်ထောင်ရေး လုပ်ငန်းများ ရာဇ၀တ်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးများ စီမံချက်ဆွဲပြီး လှုပ်ရှား ဆောင်ရွက်နေကြပါတယ်။
          ဦးသိန်းစိန်အစိုးရလက်ထက်က တပိုင်းတန်းလန်း
ကျန်ရစ်တဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်က ၂၁
ရာစု ပင်လုံညီလာခံကြီး ပြုလုပ်ကျင်းပဖို့ လှုံ့ဆော်လိုက်ပြီး အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်မထိုးရသေးတဲ့
အဖွဲ့များရှိရာ ချင်းမိုင်ကို ကိုယ်စားလှယ်လွှတ်ခဲ့သလို ၀နဲ့ ကိုးကန့်များရှိရာကိုလည်း
ဆွေးနွေးညှိနှိုင်းဖို့ သွားနေကြပါတယ်။
          သည် ၂၁ ရာစု ပင်လုံညီလာခံကြီးမှာ ပါသင့်ပါထိုက်တဲ့
သူတွေအားလုံး ပါဝင်ကြပြီး လူမျိုးစု အသီးသီး တို့မှ မိမိတို့ ဆန္ဒရှိတာများကို ဖော်ထုတ်ကြဖို့
ဖြစ်ပါတယ်။
          အားလုံးပြောပြောနေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စု
ဆိုတဲ့ စကားလုံးတလုံးပဲ အားလုံးတပြေးညီ သဘောတူညီမှုရှိနေကြပါတယ်။ ဆွေးနွေးညှိနှိုင်းကြတာပေါ့။
          သည်အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁
နှစ်ပြည့်မွေးနေ့ရောက်လာလို့ ဘကြီးမိုးလည်း အင်တာဗျူးတွေ ပေးနေရ၊ ဆောင်းပါးတွေရေးနေရကြောင်းပါ။
          ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင့် ဘကြီးမိုးပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts