>Biography of U Shwe Ohn – published from Pilon Book House, Thailand

>

မြန်မာအိုင်အက်စ်ပီက ဦးရွှေအုံး၏ ကိုယ်တိုင်ရေးအထုပ္ဗတ္တိကို ထပ်ဆင့်ဖြန့်ချိ
မိုးမခ၊ မေ ၁၅၊ ၂၀၁၁
    သူတို့ဝက်ဆိုက်က အောက်ပါအတိုင်းရေးသားဖြင့် အီးဘုတ်ကို လက်ဆင့်ကမ်းလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့သူ၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ၊ ရှမ်းပြည် ပြည်သူလူထုအတွက် ကိုယ်ကျိုးစွန့် ရပ်တည်သူ၊ မိမိ ယုံကြည်ချက်ဖြစ်သော ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားများ တန်းတူ အခွင့်အရေးအတွက် ကွယ်လွန်ချိန်ထိ ကြိုးပမ်းခဲ့သူ၊ ရှမ်းအမျိုးသား နိုင်ငံရေးခေါင်းဆောင် ဦးရွှေအုံး ကိုယ်တိုင်ရေး ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ ပင်လုံ မျိုးဆက်များက စုစည်းထုတ်ဝေ ဖြန့်ချိလိုက်တာ  ဖြစ်ပါတယ်။
ရှမ်းပြည်ရဲ့ ပထမဆုံး နိုင်ငံရေးပါတီ ဖြစ်တဲ့ ရှမ်းပြည် ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် စတင်ဖွဲ့စည်းရာ ပါဝင်ခဲ့သူ ဦးရွှေအုံးဟာ ဖမ်းဆီးချုပ်နှောင်ခံနေရစဉ်၊ ၂ဝဝ၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ က စပြီး ကိုယ်တိုင် ရေးသားခဲ့တဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ဖြစ်ပြီး၊ ဒီအတ္ထုပ္ပတ္တိ စာအုပ် ရေးသားပြီးခါနီး  ၂ဝ၊ ၈၊ ၂ဝ၁ဝ ညနေပိုင်းမှာ အသည်းကင်ဆာရောဂါနဲ့ ရန်ကုန်၊ စမ်းချောင်းနေအိမ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
မိုးမခဆိုက်မှာ သည်နေရာက ဖြစ်စေ –
မြန်မာအိုင်အက်စ်ပီဆိုက်မှာ သည်နေရာတွင် ဖြစ်စေ –
https://www.myanmarisp.com/2011/eBooks/U-Shwe-Ohn-An-AutoBiography/view ရယူဖတ်ရှု နိုင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts