>Kyaw Thu – FFSS Yangon Activity (15th May 2011)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
မေ ၁၅ ၊ ၂၀၁၁
ပြည်သာဖို့အရေး ပြည်သာယာကုသိုလ်ပွဲ

၁၄.၅.၂၀၁၁ (စနေနေ့) နံနက် ၁၀း၀၀ နာရီအချိန်တွင် အမှတ် – ၁၂/B၊ ပြည်သာယာလမ်း၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်မှ ဦးကျော်ဝင်း+ဒေါ်ညိုညို (မိသားစု)မှ ပြည်သာယာဓမ္မရုံ၌ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံ၊ ဓာတ်လှေကားတပ်ဆင်မှုအတွက် မတည်လှူဒါန်းမှုနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် (Sunny Pick-up) မော်တော်ယာဉ်လှူဒါန်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။

 
ယင်း အလှူဒါန အခမ်းအနားတွင် ရွှေပြည်ဟိန်းဆရာတော်မှ ရေစက်သွန်းချ၍ လှူဒါန်း ပေးအပ်ခဲ့ရာ စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ဒေါ်မြင့်မြင့်(မြောက်ဒဂုံ)မှ ၅ သိန်းကျပ်၊ ဦးခင်မောင်လှ+ဒေါ်တင်ရီရီ (ပြည်သာယာအိမ်ရာ)မှ ၅ သိန်းကျပ်၊ ဦးခင်မောင်ကြည်+ဒေါ်ခင်ခင်ငြိမ်း (ပြည်သာယာအိမ်ရာ)မှ ၁ သိန်းကျပ်၊ ဦးသက်လွင်+ဒေါ်နွဲ့နွဲ့ရီ သား-မောင်ဇေယျာမိုး (ပြည်သာယာအိမ်ရာ) ၁ သိန်းကျပ်၊ ဦးဇော်ထူးနှင့်ညီမများ (ပြည်သာယာအိမ်ရာ) ၁ သိန်းကျပ်၊ ဒေါ်တင်တင်ဋ္ဌေး (ပြည်သာယာအိမ်ရာ)မှ ၅ သောင်းကျပ်၊ ဦးဇေယျ+ဒေါ်ကြူကြူနိုင် (ရွှေတောင်ကုန်း)မှ ၃ သောင်းကျပ်၊ ဒေါ်သန်းသန်း (လက်ရွေးစင်မိသားစု) ၁ သိန်းကျပ်၊ ဒေါ်ခင်သောင်း (ပြည်သာယာအိမ်ရာ)မှ ၃ သိန်းကျပ် စုစုပေါင်း အလှူငွေကျပ် ၂,၂၈၀,၀၀၀ (နှစ်ဆယ့် နှစ်သိန်းရှစ်သောင်းကျပ်)တိတိအား နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ လှူဒါန်းခဲ့ပါသည်။

 
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပိတ်ရက်မရှိ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး ကိစ္စများအား နိစ္စဓူဝ ထမ်းဆောင်ပေးသည့်အပြင် မျိုးဆက်သစ်ကလေးငယ်တို့အား ပညာဒါနအဖြစ် အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို ပြုလုပ်နေရသည် ဖြစ်သောကြောင့် လုပ်ဆောင်ရသည့်လုပ်ငန်းများ အတွက်အသုံးပြုရန် မော်တော်ယာဉ်(သီးသန့်) ဝယ်ယူခြင်းမရှိခဲ့ချေ။ အများပြည်သူတို့၏ နာရေးကိစ္စရပ်များအား အချိန်မီကူညီပေးဆပ် ထမ်းဆောင်နိုင်ရန်အတွက်သာ ဦးစားပေး၍ ဝယ်ယူခဲ့ဖြစ်ပါသည်။ (ရုံးကိစ္စများ၊ အလှူငွေလက်ခံခြင်းကိစ္စများ) အသင်းနှင့် သက်ဆိုင်သော လူမှုရေးကိစ္စများ လုပ်ဆောင်ရာတွင် အားနည်းချက်များ၊ နှောင့်နှေးမှုများ ကြုံတွေ့ ခဲ့ရသည်။ ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)၊ ပညာဒါနနှင့် အခြားအခြားသော ကိစ္စရပ်များ အသုံးပြုဆောင်ရွက်နိုင်ရန်အတွက် မော်တော်ယာဉ်တစီး လှူဒါန်းခဲ့ခြင်းကြောင့် အသင်း၏ ပေးဆပ်မှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီမှုများ၊ ထမ်းဆောင်မှုများ ပြုလုပ်နိုင်တော့မည် ဖြစ်ပါသည်။

 
အများပြည်သူတို့ သာယာအေးချမ်းဖို့ (တနည်းအားဖြင့်) ပြည်သာဖို့အရေး လှူဒါန်းခဲ့သည့် ပြည်သာယာကုသိုလ်ပွဲ တရပ်ပင်ဖြစ်တော့သည်။
လှူဒါန်းမှုအစုစုအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများမှ ဝမ်းမြောက် ဝမ်းသာစွာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုလိုက်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts