>20th anniversary of Patauk Pwintthit

>

 
ပိတောက်ပွင့်သစ် မဂ္ဂဇင်း အနှစ် ၂၀ ပြည့် အခမ်းအနား ကျင်းပ
တာရာဝေယံ
မေ ၂၊ ၂၀၁၁
ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက် နေ့လည် ၂ နာရီက ပန်းဆိုးတန်းလမ်းနဲ့ မဟာဗန္ဓုလ လမ်းဒေါင့် ပထမထပ်မှာရှိတဲ့ စာပေလောက ၅ စာအုပ်ဆိုင်မှာ ပိတောက်ပွင့်သစ် မဂ္ဂဇင်း အနှစ် ၂၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

အမှတ်တရစကားပြောနေတဲ့ မောင်စိမ်းနီ၊ ကိုခါးနဲ့ မုံရွာအောင်ရှင်
အခမ်းအနားမှာ ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အနှစ် ၂၀ မှတ်မှတ်ရရ လက်ကမ်း စာစောင်ပေးဝေပါတယ်။ လက်ကမ်းစာစောင်မှာ ပိတောက်ပွင့်သစ် မဂ္ဂဇင်း စာအုပ်အဖုံးတွေမှာ အသုံးပြုခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဗန်းမော်တင်အောင်၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ လူထုဒေါ်အမာ၊ ဆရာမြသန်းတင့်၊ ဆရာဒဂုန်တာရာ အစရှိသူတို့ရဲ့ပုံတွေကို ဖော်ပြထားပါတယ်။ 
  

အခမ်းအနားကို ရန်ကုန်မြို့ရှိ စာပေအနုပညာနယ်ပယ်က စာရေးဆရာ၊ အယ်ဒီတာ၊ ကဗျာဆရာ အများအပြား တက်ရောက်ခဲ့ကြပြီး ဆရာသစ္စာနီ၊ ဆရာမင်းသစ်၊ မောင်လင်းရိပ်၊ ဘုန်းသက်ပိုင်၊ ပြည်သွေးနိုင်၊ ဆရာမောင်စိမ်းနီ စသူတို့က အမှတ်တရ စကားများ ပြောကြားခဲ့ကြပါတယ်။ “ပြည်သူချစ်လျှင် ကမ္ပည်းတင်မည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပေါ်ထွက်လာခဲ့တဲ့ ပိတောက်ပွင့်သစ် စာပေမဂ္ဂဇင်းဟာ ၁၉၉၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ အနှစ် ၂၀ အတွင်း အုပ်ရေ ၅၀ ဝန်းကျင်ထွက်ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

 

 
 
အခမ်းအနား မြင်ကွင်းတချို့

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts