>Cho Too Zaw – The voice of the Burmese People

>

ပြည်သူလူထုကို ကိုယ်စားပြုသော အသံ
ချိုတူးဇော်၊ ဖေ့စ်ဘွတ်
မိုးမခ၊ ဧပြီ ၂၈၊ ၂၀၁၁
နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးမလားလို့ အားလုံးက မျှော်လင့်တောင့်တ ခဲ့ကြပေမယ့် ခုချိန်ထိ ထူးခြားမှု တစုံတရာမတွေ့ရှိသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဆိုတာရဲ့နောက်ကွယ်မှာ ဒါ့ထက်မက အဓိပ္ပါယ်တွေကို ဖေါ်ဆောင်နေတယ်ဆိုတာ အားလုံး နားလည်လက်ခံထားကြတဲ့အတွက်လည်း၊ မျှော်လင့်မှုတွေဟာ ပိုမိုပြင်းထန်ကြခြင်း ဖြစ်ပါတယ်။
အစိုးရသစ်ရဲ့ လုပ်ရပ်ဟာ အပြုသဘောဆောင်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မတည်ကိုပါ ဒီအကျဉ်းသားပြန်လည်လွှတ်ပေးရေးနဲ့ဆက်နွယ်နေပါတယ်။
မြန်မာပြည်ရဲ့ အလှည့်အပြောင်း ကံကြမ္မာဟာ အစိုးရ ရဲ့ ဒီဆုံးဖြတ်ချက်ပေါ်မှာ လုံးလုံးလျားလျား မူတည်နေပါတယ်။
ဒီမိုကရေစီ အင်အားစု များအနေနဲ့ အစိုးရသစ်ကို အပြုသဘောဆောင်တဲ့ မေတ္တာရပ်ခံ ကမ်းလှမ်းချက်ကို ပြုခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးဦးဆောင်သူများ အပါအ၀င်၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်များနဲ့ ပြည်သူလူထုမှ ပြည်သူလူထုကို ကိုယ်စားပြုပြီး ဒီ မေတ္တာရပ်ခံ၊ ကမ်းလှမ်းမှုကို ပြုခဲ့ကြခြင်းဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ် မှ မိတ်ဆွေများအနေနဲ့ ဒီ မေတ္တာရပ်ခံ တောင်းဆိုမှုကို  ထောက်ခံတဲ့အနေနဲ့ဝိုင်းပြီး like လုပ်ပေးကြစေချင်ပါတယ်။
(ဖေ့စ်ဘွတ်စာမျက်နှာကို ပြန်လည် တင်ဆက်ပါတယ်။ မိမိတို့ မြိုနယ်အလိုက် လက်မှတ်ထိုး လှုပ်ရှားမှုများမှာ အောက်ဖော်ပြပါ စာမျက်နှာထဲက စာမျက်နှာ ၁ ကို ပူးတွဲပြီး နောက်ဆက်တွဲ လက်မှတ်ထိုးကြရန် တိုက်တွန်းနိုင်ပါက၊ မြန်မာပြည်သားများနှင့်အတူ ရပ်တည်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ခေါင်းဆောင်များ၊ မြန်မာပြည်ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး လိုလားသူများနှင့် ပြည်ပရောက် မြန်မာအသီးသီးကလည်း တထပ်တည်းဖြစ်ကြောင်း ပိုထင်ရှားမှာ ဖြစ်ပါတယ်။
သည်နေရာမှာ လက်မှတ်များကို တစုတစည်းတည်း ရယူပါ။ သိမ်းဆည်းပါ။ လိုက်လံ တိုက်တွန်း စည်းရုံးလှုံ့ဆော်ပါ။ အင်န်အယ်ဒီရုံး ရန်ကုန်သို့ ပေးပို့ကြပါ။ အပတ်စဉ် ပေးပို့ပါ။ မိုးမခကို သတင်းပေးပါက ထုတ်ပြန် ကြော်ငြာပေးပါမည်။ moemaka.org@gmail.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts