>MoeMaKa Thagyan News Variety April 2011

>

 အမေရိကန်ရောက် မြန်မာသင်္ကြန် သတင်းအပိုင်းအစများ
မိုးမခ၊ ဧပြီ ၁၉ ၊ ၂၀၁၁
 
ဝစ္စကွန်ဆင်က မယ်ဝါးကီး နှစ်ဦးဓမ္မသဘင် ဆင်နွှဲ
ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ လွတ်မြောက်ကြစေရန်  ပရိတ်ရွတ်ဖတ်ပွဲနှင့် နှစ်ဦးဓမ္မသဘင် စီရင်ကျင်းပပွဲကို  ဧပြီ ၁၇ ရက် ၂၀၁၁ က  Wisconsin State, မယ်ဝါးကီးမြို့ ပညာရာမကျောင်းတိုက်မှာ ကျင်းပခဲ့ကြပါတယ်။
ကျောင်းထိုင်ဆရာတော်၏ (၅၆) နှစ်မြောက် မွေးနေ့သဘင်ကိုပါ  ဒကာ၊ ဒကာမ အပေါင်းတို့က ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ မြန်မာပြည်တွင်းရှိ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ အမြန်လွတ်မြောက်ကြစေရန် မောရသုတ် ပရိတ်တော်ကို ရွတ်ပွားပေးခဲ့ပါတယ်။ အခမ်းအနားကို မြန်မာ့ရိုးရာ အစားအစာများဖြင့် ဧည့်ခံကျွှေးမွေး    ကြပါတယ်။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ကိုတော့ May 29 2011, Sunday (မေလ ၂၉ ရက် ၂၀၁၁) မှာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
မိုးမခအထောက်တော် (မယ်ဝါးကီး)
ဟဲလို မိုးမခ …
အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့ရှိ မြန်မာကွန်မြူနတီကကြီးမှူးပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၇ ရက်နေ့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ရာသီဥတုမှာအေးချမ်းလျှက်ရှိသောကြောင့် ရေပက်လောင်းခြင်းအစီအစဉ်ကို မပြုလုပ်နိုင်သော်လည်း ၊ အဆို ၊ အက ၊ များ ၊ ဈေးရောင်းပွဲ အစီအစဉ်များဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ (ဓာတ်ပုံများ – ဘတ်ဖဲလိုးသင်္ကြန်မြင်ကွင်း)
(မိုးမခမိတ်ဆွေ (ဘတ်ဖဲလိုး))
မင်္ဂလါပါ မိုးမခ …
ဝက်စ်ဗာဂျီးနီိးယားပြည်နယ်၊ မိုးဖီိးလ်မြို့ရှိ မြန်မာ့နိုင်ငံရေးမိသားစုများက မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား ဧပြီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် မန်းတောင်ရိပ်ခိုသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်၍  အတာသင်္ကြန် အက၊ အလှများ၊ နွေဦိးအိုးဝေ သံချပ်များဖြင့် ဖျော်ဖြေကြပါသည်။ 
မိုးသီးများ မိုးကြိးများ သည်းထန်စွာရွာသည့်ကြားက  ဝက်စ်ဗာဂျီးနိးယားဒေသခံ အမေရိကန်များ၊ မြန်မာမိသာစုများအလုပ်လုပ်ကိုင်သော ကုမ္မဏီက ၀န်ထမ်းများ၊ မေရီလင်း၊  မြောက်ကာရိုလိုင်းနား၊  ဝါရှင်တန်ဒီစီက မြန်မာမိသားစုများမှ  လာရောက်အားပေးကြသည်။
ဧည့်ပရိသတ်အားလုံး စတုဒီသာ အကျွေးအမွေးများ ဖြင့်ဧည့်ခံခဲ့ ကြပါသည်။ ထို့နောက်  မန်းတောင်ရိပ်ခိုသီချင်းဖြင့် အတာသင်္ကြန် အခမ်းအနားအား ရုပ်သိမ်းလိုက်ပါသည်။
(မိုးမခမိတ်ဆွေ (မိုဖီးလ်ဒ်))
 
သင်္ကြန်မိုးမခ …
            ဖို့ဝိန်းမြို့ မြန်မာကွန်မြူနီတီရဲ့ သက်ကြီးပူဇော်ပွဲ မှတ်တမ်း ဓာတ်ပုံများ ပေးပို့လိုက်ပါတယ်။ မြန်မာဂီတပညာရှင် အဆိုတော် ဒေါ်မာမာအေးက အမှတ်တရ စကားပြောကြားခဲ့ပါတယ်။ (ဓာတ်ပုံ – ခင်မောင်လေး)
(မိုးမခမိတ်ဆွေ (ဖို့ဝိန်း))

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts