>Kama Pale – Father & Daughter Poem

>

ချစ်သမီး … အတွက်
ကမာပုလဲ
ဧပြီ ၁၁၊ ၂၀၁၁
ငှက်ကလေးတွေက
အိပ်တန်း မပြန်တတ်တော့ဘူး။
စိမ်းမြသစ်ရွက်နုကလေးတွေက
ဖူးရမလို ပွင့်ရမလိုနဲ့  …။
လူတွေဖျက်ဆီးလိုက်တဲ့ သဘာဝတရားကြီးက
သူ့ကိုယ်သူ ဘာမှန်းမသိတော့ဘူး။
အချိန်အခါမဟုတ်    မိုးတွေရွာနေတယ် …။
ဖေ့ဖေ့မျက်ဝန်းမှာလည်း မိုးတွေရွာနေတယ်။
ဒီိလောကကြီးကို ရင်ဆိုင်ဖို့
သမီးမှာ သတ္တိပဲလိုတယ် ….။  
မတ်လ၊ ၂၀၁၁

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts