>Aung Tha Nge’s poem – 21

>

မှန်အကွဲစတွေပဲ နှင်းတွေလို မှုန်လို့နေရော့ …
အောင်သာငယ်
မတ် ၃၁၊ ၂၀၁၁

ဒဏ်ရာတခုလုံးလုံးကြီး တင်ကျန်ခဲ့ပြီဆိုမှတော့
နာကျင်တာတွေက ဘာထူးဆန်းတော့မလဲ …
မောင်ရင်တို့ …
မယ်မင်းကြီးမတို့ …
သင်တို့တတွေကရော …
ဘယ်လိုသဘောတွေနဲ့ ဘာတွေကို ထပ် မျှော်လင့်ထားနေသေးသတုန်း …

အိမ်ဦးခန်းက ဘုရားစင်ရှေ့မှာ …
ကိုယ့်ကိုယ်ကိုယ် သန့်စင်ပါ…
အပါယ်ကို အောင်မြင်ခြင်းကိုယ်စား …
သပြေညောင်ရွက်များ …
ကိုယ့် အနီးအပါးမှာ ရှုပ်ရှက်ခပ်အောင် ထိုးစိုက်လိုက်ပါ …

မနက်ဖန် မနက်ခင်းမှာ …
မင်းမျက်နှာကို ငါတွေ့တဲ့အခါ …
မနေ့က အကုသိုလ်တွေ
မှောင်ခိုဈေးကွက်ထဲကို
မင်းသယ်မလာသေးဘူးဆိုတာ … ငါသိပါတယ် …
နောက်နေ့တွေမှာတော့ မင်း စိတ်ကြိုက် …
သယ်ယူလာလိုက်ပါ့ …

နေ့တာတွေတိုပြီး
ညတာတွေ အိုတဲ့ ကမ္ဘာထဲမှာ
ငါ့ အသိုက်အမြုံလေးကလည်း မုန်တိုင်းထန်တာကို ခံနေရသပေါ့လေ …

မှန်တဲ့သူတွေရဲ့ မှန်တွေကွဲခဲ့တဲ့
မှန်ကွဲ နေ့ညတွေမှာ မှန်အကွဲစတွေပဲ နှင်းတွေလို မှုန်လို့နေရော့ …

မှန်ရင်ကွဲတာပ …
အကွဲခံပြီး မှန်ကြပါစို့လား…

ငါတို့ဟာ …
မှန်ကန်သူတွေပါ …
ဆက်ပြီး မှန်လိုက်ကြပါစို့ …။

သရုပ်ဖော် – အောင်ထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts