၁၅၀၀ တန် ဖုန်းကဒ် များနဲ့ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများ၏ မသမာမှုများ
ဟသာင်္တမီဒီယာ၊ မေ ၂၃၊ ၂၀၁၃
ဟသာင်္တမီဒီယာ၊ မေ ၂၃၊ ၂၀၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ (ပထမ)အကြိမ် ထုတ်ပေးချိန်တွင် ခရိုင်ရုံးက လှိုင်မျိုးကျော် နှင့်
မြို့နယ်ရုံးက၀န်ထမ်းတစ်ဦး ပေါင်းပြီး ဖုန်းဆင်းကဒ် ၂၀၀ ကို အပြင်သို့ရောင်းချခဲ့သည့်ကိစ္စကို တိုင်းအထွေထွေဦးစီးဌာန ထွေအုပ်မင်းကြီး ဦးအေးကျော်မှ ခေါ်ယူစစ်ဆေးနေသည့်ကြားက စစ်ဆေးခံရသည့်ဝန်ထမ်းသည် ထွေအုပ်ဝန်ထမ်း (၁၅၄) ဦးအတွက် ချပေးသော ဖုန်းကဒ်များယူထားပါသည်။

ယင်း ထွေအုပ်ဝန်ထမ်း (၁၅၄) ဦးမှာ ကျပ် (၂) သိန်းတန် GSM ဖုန်းကဒ်များကို အရစ်ကျ ၀ယ်ယူခွင့်ရကြသူများ ဖြစ်ပါသည်။ယင်းဝန်ထမ်းများသည် ငွေသွင်းမှုကိုပြည့်မှီ အောင်မသွင်းဘဲ ယခု ၁၅၀၀ တန် ဆင်းကဒ်ကို ထပ်မံဝယ်ယူ ကြသူများဖြစ်ကြောင်း ဟင်္သာတ ဆက်သွယ်ရေးရုံးမှတဆင့် သိရှိရပါသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများမှလည်း တစ်ဦးလျင် ၁၅၀၀ တန် ဆင်းကဒ် (၂) ကဒ် နှုန်းကို တိုင်းထွေအုပ် မင်းကြီးက တောင်းခိုင်းသည့်ပုံစံ ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ပေးနေရပါသည်။ သက်ဆိုင်ရာကျေးရွာ၊ ရပ်ကွက်တို့မှ ဖုန်းမယူသူများ၏ မှတ်ပုံတင်၊ မိတ္တူ၊ အိမ်ထောင်စုဇယား မိတ္တူ၊ ဓါတ်ပုံတို့ကို အသုံးပြုပြီး ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက လူကြီးများနှင့် ၀န်ထမ်းများပေါင်းပြီး လုပ်စားနေသည့်အတွက်ကြောင့် နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာ လူကြီးများသိရှိစေရန်နှင့် မသမာမှုတွင် ပါဝင်နေသောဝန်ထမ်းများကို ကြပ်ကြပ်မတ်မတ် အရေးယူဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။